ပရိသတ်တွေ တစ်ခါမှ မမြင်ဘူးသေးတဲ့ အိချောပိုရဲ့ ရေကူးဝတ်စုံနဲ့ ရေစိမ်အလှပုံရိပ်များ

မြန်မာနိုင်ငံက ထိပ်တန်းမင်းသမီးချောလေး အိချောပိုက ဗီဒီယိုဇာတ်ကားတွေ ရိုက်ကူးရင်း တဖြည်းဖြည်း အောင်မြင်မှု ရရှိလာတာ ဖြစ်ပါတယ်။ ရှင်းလင်းပြေပြစ်တဲ့ သူမရဲ့ မျက်နှာလေးနဲ့ စွဲမက်ဖွယ်ကောင်းတဲ့ ကောက်ကြောင်းအလှကတော့ ပုရိသတွေရင်ခုန်စရာဖြစ်ပြီး မိန်းကလေးပရိသတ်တွေရဲ့ အားကျခြင်းခံရတာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်လဲ အိချောပိုက တစ်နိုင်ငံလုံးက ပရိသတ်တွေရဲ့ အားပေးခြင်း ခံနေရတဲ့ ရွှေမင်းသမီးလေး ဖြစ်ပါတယ်။

ဒီတစ်ခေါက်မှာတော့ မိုမိုလေးပရိသတ်တွေအတွက် အိချောပိုရဲ့ Two-Piece ဝတ်စုံနဲ့ အလှပုံရိပ်တွေကို မျှဝေပေးလိုက်ပါတယ်နော်။ ထိုပုံရိပ်တွေက “Lady Boy “ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်တဲ့ ဇာတ်ဝင်ခန်းမှ ပုံရိပ်တွေပဲ ဖြစ်ပါတယ်။

အိချောပိုက နဂိုကတည်းက ခန္ဒာကိုယ်ကောက်ကြောင်း လှပြီးသားသူမို့ အခုလို Two-Pieceနဲ့ကျတော့လည်း ပြောရက်စရာမရှိလောက်အောင် ရင်သပ်ရှုမောဖွယ် လှပနေတာကို တွေ့ရပါတယ်။

“Lady Boy” ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာ ကိုပေါက်က ရိုက်ကူးပုံဖော်ထားတာဖြစ်ပြီး အကယ်ဒမီ ပြေတီဦး၊ အကယ်ဒမီ ကျော်ကျော်ဗို၊ ထူးအောင်၊ ခင်လှိုင်၊ အိချောပို၊ Kaew Korravee၊ P Nok၊ K ညီ၊ ဂျိုကာနဲ့ အခြားသော သရုပ်ဆောင်ပေါင်းများစွာ ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။

ခန္ဒာကိုယ်ကောက်ကြောင်းအလှကို ထင်းထင်းကြီးပေါ်လွင်စေတဲ့ ဝတ်စုံလေးနဲ့ ပွဲတက်လာတဲ့ နန်းမွေစံ
အိချောပိုက “Lady Boy” ရုပ်ရှင်ဇာတ်ကားကြီးမှာ စင်သီယာဆိုတဲ့ မိန်းကလေးအဖြစ် ပါဝင်သရုပ်ဆောင်ထားတာပဲ ဖြစ်ပါတယ်။

ပရိသတ်ကြီးလည်း အိချောပိုရဲ့ အလှတွေကို ကြည့်ပြီး တင်္ဒဂတော့ ရင်သပ်ရှုမော ဖြစ်သွားမယ်ဆိုတာ သေချာပါတယ်။ “Lady Boy” ရုပ်ရှင်ဇာတ်ကားကြီးကို လာမယ့် ဇွန်လ(၆)ရက်နေ့မှာ ရုံတင်ပြသမှာမို့ အားပေးကြဖို့ မမေ့ပါနဲ့နော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပ်ါတယ်။

Rowena
Source: LadyBoy ရုပ်ရှင်ဇာတ်ကားကြီး

Share From Lovely Myanmar