ကင္ဆာေရာဂါေဆးသြင္းေနရတဲ့ မိခင္ႀကီးကို ေျခဆုပ္လက္နယ္ျပဳၿပီး ကိုယ္တိုင္ျပဳစုေနတဲ့ စည္သူေမာင္

႐ုပ္ရွင္သ႐ုပ္ေဆာင္ စည္သူေမာင္ကေတာ့ ဗီဒီယိုနဲ႔ ႐ုပ္ရွင္ဇာတ္ကားႀကီးေတြမ်ားစြာ ႐ိုက္ကူးခဲ့တဲ့ အႏုပညာရွင္တစ္ဦး ျဖစ္ပါတယ္။ လက္ရွိမွာလည္း အႏုပညာလႈပ္ရွားမႈေတြကို ဆက္လက္လုပ္ကိုင္ေနဆဲျဖစ္တဲ့ စည္သူေမာင္က ပြဲအခမ္းအနားေတြလည္း တက္ေရာက္ေနတာ ျဖစ္ပါတယ္။ အလုပ္ကို ႀကိဳးစားပမ္းစားလုပ္ကိုင္ေနတဲ့ စည္သူေမာင္က ေဆးသြင္းေနရတဲ့ မိခင္ႀကီးအတြက္ သူကိုယ္တိုင္ကိုယ္က် ျပဳစုေပးေနတာလည္း ျဖစ္ပါတယ္။

စည္သူေမာင္ရဲ႕မိခင္ႀကီးကေတာ့ ကင္ဆာေရာဂါ ေဆးသြင္းၿပီး ကုသမႈခံယူေနတာ ဒီေန႔ဆိုရင္ (၉) ႀကိမ္ေျမာက္ေဆးသြင္းေနတာပဲ ျဖစ္ပါတယ္။ သားလိမၼာေလး စည္သူေမာင္နဲ႔ခင္ပြန္းသည္တို႔ရဲ႕ ျပဳစုၾကင္နာမႈေၾကာင့္ မိခင္ႀကီးက က်န္းက်န္းမာမာနဲ႔ သာမန္လူတစ္ဦးလို ေနထိုင္ႏိုင္တာလည္း ေတြ႕ရပါတယ္။ အခုလည္း စည္သူေမာင္ လူစုံတက္စုံနဲ႔ ၾကည္ႏူးစရာေကာင္းတဲ့ သူတို႔မိသားစုေလးရဲ႕ပုံရိပ္ေလးေတြကို ပရိသတ္ေတြအတြက္ မွ်ေဝထားပါတယ္။

စည္သူေမာင္က ” ဒီေန႔ အေမ ၉ ႀကိမ္ေျမာက္ ေဆးသြင္း..အေဖက ေခ်ာကလက္ေကြၽး အုန္းရည္တိုက္ အုန္းသီးေကြၽး က်ေနာ္က ေျခဆုပ္လက္နယ္ျပဳ… ၉ ႀကိမ္ျပည့္ရင္ တႀကိမ္လက္ေဆာင္ေပးတဲ့ ေဆးကုမဏၰီကိုလည္း ေက်းဇူးတင္ပါတယ္ ႏို႔မို႔ဆို ေဆးဖိုးႀကီးပဲ တစ္ခါသြင္းရင္ ၈ သိန္းေက်ာ္” ဆိုၿပီးလည္း ေျပာျပထားပါတယ္။ ဒါေၾကာင့္ စည္သူေမာင္ရဲ႕ေမေမလည္း အျမန္ဆုံးသက္သာေနေကာင္းပါေစလို႔ ပရိသတ္ေတြကိုယ္စား ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Source:Si Thu Maung;CRD-Myanmarload

 

UNICODE

ရုပ်ရှင်သရုပ်ဆောင် စည်သူမောင်ကတော့ ဗီဒီယိုနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေများစွာ ရိုက်ကူးခဲ့တဲ့ အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။ လက်ရှိမှာလည်း အနုပညာလှုပ်ရှားမှုတွေကို ဆက်လက်လုပ်ကိုင်နေဆဲဖြစ်တဲ့ စည်သူမောင်က ပွဲအခမ်းအနားတွေလည်း တက်ရောက်နေတာ ဖြစ်ပါတယ်။ အလုပ်ကို ကြိုးစားပမ်းစားလုပ်ကိုင်နေတဲ့ စည်သူမောင်က ဆေးသွင်းနေရတဲ့ မိခင်ကြီးအတွက် သူကိုယ်တိုင်ကိုယ်ကျ ပြုစုပေးနေတာလည်း ဖြစ်ပါတယ်။

စည်သူမောင်ရဲ့မိခင်ကြီးကတော့ ကင်ဆာရောဂါ ဆေးသွင်းပြီး ကုသမှုခံယူနေတာ ဒီနေ့ဆိုရင် (၉) ကြိမ်မြောက်ဆေးသွင်းနေတာပဲ ဖြစ်ပါတယ်။ သားလိမ္မာလေး စည်သူမောင်နဲ့ခင်ပွန်းသည်တို့ရဲ့ ပြုစုကြင်နာမှုကြောင့် မိခင်ကြီးက ကျန်းကျန်းမာမာနဲ့ သာမန်လူတစ်ဦးလို နေထိုင်နိုင်တာလည်း တွေ့ရပါတယ်။ အခုလည်း စည်သူမောင် လူစုံတက်စုံနဲ့ ကြည်နူးစရာကောင်းတဲ့ သူတို့မိသားစုလေးရဲ့ပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် မျှဝေထားပါတယ်။

စည်သူမောင်က ” ဒီနေ့ အမေ ၉ ကြိမ်မြောက် ဆေးသွင်း..အဖေက ချောကလက်ကျွေး အုန်းရည်တိုက် အုန်းသီးကျွေး ကျနော်က ခြေဆုပ်လက်နယ်ပြု… ၉ ကြိမ်ပြည့်ရင် တကြိမ်လက်ဆောင်ပေးတဲ့ ဆေးကုမဏ္ဏီကိုလည်း ကျေးဇူးတင်ပါတယ် နို့မို့ဆို ဆေးဖိုးကြီးပဲ တစ်ခါသွင်းရင် ၈ သိန်းကျော်” ဆိုပြီးလည်း ပြောပြထားပါတယ်။ ဒါကြောင့် စည်သူမောင်ရဲ့မေမေလည်း အမြန်ဆုံးသက်သာနေကောင်းပါစေလို့ ပရိသတ်တွေကိုယ်စား ဆုတောင်းပေးလိုက်ပါတယ်နော်။

Share From Global Myanmar Media