ပွင့်ပွင့်လင်းလင်း နဲ့ ဒဲ့ပြောတတ်သူတွေက အထီးကျန်နေတတ်တယ်လို့ လေ့လာတွေ့ရှိ





CRD-Aunty May

UNICODE

စကားကို ပွင့်ပွင့်လင်းလင်း နဲ့ဒဲ့ပြောတတ်သူတွေက သူငယ်ချင်းအပေါင်းအသင်းရှားပါတယ်။ ဆိုလိုချင်တာက အဲ့ဒီလိုလူမျိုးက တစ်ခုခုမှားနေတာမျိုးမဟုတ်ပါဘူး ၊ လူတွေထက် ပိုပွင့်လင်းတတ်လို့ဖြစ်ပါတယ်။ သင့်က သင်ကိုယ်သင် ပွင့်ပွင့်လင်းလင်းနဲ့ ဒဲ့ပြောတတ်သူတစ်ယောက်လား ။ ဟုတ်တယ်ဆိုရင်တော့ သင်မှာ သူငယ်ချင်းအပေါင်းအသင်းရှားပါလိမ့်မယ် ။ ဒီလို ပွင့်ပွင့်လင်းလင်း ပြောတတ်တဲ့သူတွေက ဟာသဉာဏ်လည်း မရွှင်ကြပါဘူး။ ဒါကတော့ လူတွေ သူတို့ကို မကြိုက်ကြတဲ့ အကြောင်းဖြစ်ပါတယ်။

လေ့လာသူတွေကတော့ စမ်းသပ်မှု (၄)မျိုးကို ပြုလုပ်ခဲ့ကြပါတယ်။ (၁) နဲ့ (၂) ဆိုပြီး အဆင့်တွေရှိတဲ့အထဲကမှ ပွင့်ပွင့်လင်းလင်းပြောတတ်သူတွေက လူတွေရဲ့ဖြစ်တည်မှုနဲ့ ပတ်သက်ပြီး ဟာသလုပ်တာမျိုးကို လုံးဝမကြိုက်ကြပါဘူး။ မသင့်တော်တဲ့ ဟာသကို လူတွေ ရယ်နေတာက ကျင့်ဝတ်မရှိတာဆိုပြီး တွေးတတ်ကြပါတယ်။

ဒါပေမယ့် ဒီလိုလူမျိုးတွေက ထက်မြတ်ကြတယ် ၊ အံ့သြအောင် လုပ်တတ်ကြတယ် ၊ ခင်မင်တတ်ကြပါတယ်။ သူတို့တွေကတော့ သူတို့နဲ့ ခင်နေတဲ့သူတိုင်းကိုတော့ စိတ်နှစ်ပြီး ခင်တတ်ကြပါတယ်။ Relationship မှာလည်း အောင်မြင်နိုင်ပါတယ်။ မခင်သေးတဲ့သူနဲ့ဆိုရင် မျက်နှာက တည်တည်ကြီးနဲ့ နေတတ်သလို ဟာသမရွှင်တတ်ပါဘူး။

တကယ်လို့ ဒီလိုမျိုးသာ ဆက်ဖြစ်နေမယ်ဆိုရင်တော့ သင့်မှာ သူငယ်ချင်းအပေါင်းအသင်းနည်းသွားနိုင်ပါတယ်။ အကြောင်းကတော့ သင်ပုံစံက ခင်တတ်တဲ့ ပုံစံမျိုးမပေါက်တာကြောင့် သင်ကို ခင်မယ့်သူတွေက အဝေးကို ထွက်သွားနိုင်ပါတယ်။

CRD-Aunty May

Share From Global Myanmar Media