

(၁) မေမြင့်မိုရ်


(၂)မေမီကိုကို


(၃) နန်းစန္ဒာလှထွန်း


 

khin Cele Gabar
ယူနီကုဒ်ဖြင့်ဖတ်ရန်


“ ရုပ်သံဇာတ်လမ်းတွဲမှ အောင်မြင်ကျော်ကြားလာပြီး လူကြိုက်များနေသော မော်ဒယ်လ်မင်းသမီးချောလေး ၃ယောက် “

ရုပ်သံဇာတ်လမ်းတွဲတွေခေတ်စားလာတာနဲ့ အမျှ မြန်မာဇာတ်လမ်းတွဲတွေကိုပရိသတ်တွေ အားပေး ကြည့်ရှုလာတာပဲ ဖြစ်ပါတယ်။ရုပ်သံဇာတ်လမ်းတွဲ မင်းသား၊ မင်းသမီး တွေကို ဇာတ်လမ်းထဲကဇာတ်ကောင်နာမည်နဲ့ တွဲပြီး အားပေးလာကြတာပဲ ဖြစ်ပြီး ပရိသတ်အချစ်တော် မင်းသမီး၃ယောက်နဲ့ မိတ်ဆက်ပေးချင်ပါတယ်နော်။သူတို့၃ယောက်ကတော့ မေမြင့်မိုရ် ၊ မေမီကိုကို ၊ ဝင့်ယမှုံနိုင် တို့ပဲ ဖြစ်ပါတယ်။

(၁) မေမြင့်မိုရ်

မေမြင့်မိုရ်ဟာဆိုရင်ဖြင့် ဇာတ်လမ်းတွဲတွေ စတင်ခေတ်စားလာတည်းက ပန်းနုသွေး အနေနဲ့ ပရိသတ်တွေစတင်အားပေးခံခဲ့ရသူလေးပဲဖြစ်ပါတယ်။ပရိသတ်တွေတခဲနက်အားပေးခဲ့ကြတဲ့အရိပ်ဇာတ်လမ်းတွဲမှာလည်း စုစုလှိုင်အဖြစ် ပါဝင်သရုပ်ဆောင်ထားပြီး ပုဂံမြို့သူဇာတ်ကား မှာလည်း အစော ဆိုတဲ့ ဇာတ်ကောင်နဲ့ ပရိသတ်အားပေးမှု အပြည့်အဝရရှိထားသူလေးဆိုလည်း မမှားပါဘူးနော်။ လတ်တလောမှာလည်း Star Awards 2018 Rising Star ဆုကို ပူပူနွေးနွေး ရရှိထားသူတစ်ယောက်ပါနော်။ယောကျာ်းလေးပရိသတ်တွေ သည်းသည်းလှုပ်အားပေးခံရတဲ့ မော်ဒယ်လ် မင်းသမီးချောလေးပဲ ဖြစ်ပါတယ်။

(၂)မေမီကိုကို

မေမီကိုကိုဟာဆိုရင် လူကြီးလူငယ်မရွေး အားပေးခံရတဲ့ သူပဲ ဖြစ်ပါတယ်။ ဘာလို့လဲဆိုရင် သူမပါဝင်သရုပ်ဆောင်ထားတဲ့ ပျားရည်အိုင်ဇာတ်လမ်းတွဲဟာ လူငယ်တွေသာမက လူကြီးတွေပါ အားပေးနှစ်ခြိုက်တဲ့ ဇာတ်လမ်းတွဲပဲဖြစ်ပါတယ်။ မြိုင်ဆိုတဲ့ ဇာတ်ကောင်ဟာ သူမအတွက် ပရိသတ်သိလာစေတယ်ဆိုရင်လည်း မမှားပါဘူးနော်။ Star Awards 2018 မှာ သူမဟာ Best TV Series Actress Award ဆုကိုရရှိထားတဲ့သူလေးဖြစ်တဲ့အပြင် ပရိသတ်တွေအပေါ် အရမ်းအလေးထားတဲ့သူ ဆိုပြီး ပရိသတ်အချစ်အပြည့်အဝရထားသူလေးပဲ ဖြစ်ပါတယ်။

(၃) နန်းစန္ဒာလှထွန်း

နန်းစန္ဒာလှထွန်းကတော့ ပရိသတ်တွေက သဘာဝမင်းသမီးအဖြစ်သတ်မှတ်ထားတဲ့ ရှမ်းတိုင်းရင်းသူလေးဖြစ်ပြီး ယောကျာ်းလေးပရိသတ်တွေ အသည်းစွဲ အားပေးကြတဲ့အပြင် မိန်းခလေးပရိသတ်တွေကပါ သူ့ရဲ့ အပြုအမူအပြောလေးတွေကို နှစ်သက်သဘောကျခံရတဲ့ ဇာတ်လမ်းတွဲမင်းသမီးလေးပဲ ဖြစ်ပါတယ်။

ပထမဆုံးသူမရိုက်ကူးခဲ့တဲ့ဇာတ်လမ်းတွဲဖြစ်တဲ့ ပဉ္စလက်ရွာ ဇာတ်လမ်းတွဲ မှ ရေဝတီ ဆိုတဲ့ ဇာတ်ကောင်နာမည်နဲ့ ပရိသတ်တွေတစ်ခဲနက် အားပေးမှုကိုရရှိခဲ့သူလေးပဲ ဖြစ်ပါတယ်။ ထပ်မံ ပြီး ”အရိပ်” ဇာတ်လမ်းတွဲမှာလည်း နာ့စ်ဆရာမလေး သက်သက် ဇာတ်ကောင်နာမည်နဲ့ ပရိသတ်အသည်းကို ထပ်မံခြွေခဲ့သူလေးဖြစ်ပါတယ်။ ဘယ်ဇာတ်ရုပ်မဆို သဘာဝကျကျ ပီပြင်အောင် စိတ်နှစ်ရိုက်ကူးတတ်တာဟာ သူမရဲ့ပုံစံပါပဲနော်။ပရိသတ်တွေရဲ့သည်းသည်းလှုပ် ချစ်ခံရတဲ့သူလေးဆိုလည်းမမှားပါဘူးနော်။

khin Cele Gabar

Share From CeleGabar