
အနုပညာလောကမှာ နှစ်ပေါင်းအတော်ကြာ အောင်မြင်စွာနဲ့ ရပ်တည်နေနိုင်တဲ့ မင်းသမီးချောလေး သင်ဇာဝင့်ကျော်က တစ်နေ့တစ်ခြား အောင်မြင်မှုတွေ များစွာ ရရှိပိုင်ဆိုင်ထားသူလေး တစ်ဦးပါ။ သင်ဇာဝင့်ကျော်ရဲ့ အလန်းစားဖက်ရှင်တွေကလည်း ပရိသတ်တွေ စိတ်ဝင်တစားစောင့်ကြည့်ကြတဲ့ အရာတစ်ခုဖြစ်ပြီး အားပေးမှုကို ရရှိထားတာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း သင်ဇာဝင့်ကျော်က အားပေးသူ ပရိသတ်အများအပြားနဲ့ အနုပညာလောကမှာ ထိပ်ဆုံးက ရပ်တည်နေတာ ဖြစ်ပါတယ်။
သင်ဇာဝင့်ကျော်က လက်ရှိမှာတော့ သူမရဲ့ချစ်သူနဲ့အတူတူ ထိုင်းနိုင်ငံက ဖူးခက်ကမ်းခြေကို အပန်းဖြေဖို့ ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။ ချစ်သူနဲ့အတူတူ အနားယူရင်း ရေကူးနေတဲ့ ဗီဒီယိုလေးကို မျှဝေပေးထားပါတယ်။ ပရိသတ်တွေအတွက် သင်ဇာဝင့်ကျော်ရဲ့ ဗီဒီယိုလေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။
ရေကူးကန်ထဲမှာ ပီဇာစားဖို့ပြင်ဆင်နေတဲ့ သင်ဇာဝင့်ကျော်
လှလိုက်တာ သင်ဇာရယ်
သင်ဇာကတော့ အလုပ်တွေ အားလုံးမေ့ပြီး ချစ်သူနဲ့အတူတူ ပျော်နေပုံပါပဲ
သင်ဇာဝင့်ကျော်ကတော့ တော်တော်လေး ပျော်နေတဲ့ပုံပါပဲနော်။ သင်ဇာဝင့်ကျော်တို့ ချစ်သူနှစ်ဦး သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ ခရီးစဉ်လေးဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။
Source : momolay