…နေ့စဉ်ပဌာန်း အရှည်ကြီးကို မရွတ်နိုင်တဲ့ မိတ်ဆွေတွေအတွက် ထူးခြားတဲ့ပဌာန်းဆုတောင်း..

နေ့စဉ်ပဌာန်း အရှည်ကြီးကို မရွတ်နိုင်တဲ့ မိတ်ဆွေတွေအတွက် ထူးခြားတဲ့ပဌာန်းဆုတောင်း

ပဌာန်းအကျယ် မရွတ်နိုင်တဲ့ နေ့တွေမှာ..

သရဏဂုံသုံးပါးနှင့် ငါးပါးသီလ စောင့်တည် ပြီး ဒါလေးကို ရွတ်ဆိုနိုင်ပါတယ်။

အရမ်း အချိန်ပေးစရာမလိုဘဲ မြတ်စွာဘုရားရှင် ပဌာန်းဒေသနာတော်အား ဆုတောင်းနည်းပါ ။

ပဌာန်းအကျယ်ရွတ်ဖို့အရမ်း အချိန်မပေးနိုင်တဲ့ နေ့တွေမှာ ဒါလေး နေ့စဉ် ရွတ်ဖြစ်ပါတယ်။

ကြာသွားရင်အလွတ်ရသွားတော့ အမြဲ အာဂုဏ်စောင့်မိတဲ့အတွက် နေ့စဉ် ကိုယ့်အတွက် ကံဆိုးမှုတွေမကျရောက်နိုင်ပါဘူး လက်တွေ့ပါ..။

ကောင်းမှုတွေ​ကြောင့်​​ကောင်းကျိုးမင်္ဂလာတည်​ရှိပါ​စေ ။

၁. ဟေတု ပစ္စယော -အကုသိုလ်ကင်း၍ ကုသိုလ်နှင့် ယှဉ်တွဲရပါစေသား

၂. အာရမ္မဏ ပစ္စယော -မျက်စိနှင့်နားတို့သည် နိဗ္ဗာန်သို့ မျက်မှောက်ပြုရပါစေသား

၃. အဓိပတိ ပစ္စယော -ရုပ် ၊ နာမ် နှစ်ပါးကို စောင့်ရှောက်ထိန်းသိမ်းရပါစေသား

၎. အနန္တရ ပစ္စယော -များလှစွာသော ကုသိုလ်ရေးများကို မျက်မှောက်ပြုရပါစေသား

၅. သမနန္တရ ပစ္စယော -ရုပ်နှင့်နာမ် အတူရှိသောတရားတို့ကို မျက်မှောက်ပြုရပါစေသား

၆. သဟဇာတ ပစ္စယော -ရုပ် – ရုပ်ခြင်း၊ နာမ် – နာမ်ခြင်း ထင်ရှားစွာ သိရပါစေသား

၇. အညမည ပစ္စယော -ရုပ်မှနာမ် ၊ နာမ်မှရုပ်သို့ ပြောင်းလဲ၍ သိရပါစေသား

၈. နိဿယ ပစ္စယော -ရုပ် နာမ် နှစ်ပါးတို့၏ တည်ရာကို သိရပါစေသား

၉. ဥပနိဿယ ပစ္စယော -ရတနာသုံးပါးကို ဦးထိပ်ထားရပါစေသား

၁၀. ပုရေဇာတ ပစ္စယော -ရှေ့ကဖြစ်သော အကုသိုလ်ကို ပယ်၍ ကုသိုလ်ကို မျက်မှောက်ပြုရပါစေသား

၁၁. ပစ္ဆာဇာတ ပစ္စယော -နောက်၌ဖြစ်သော အကုသိုလ်ကို ပယ်၍ ကုသိုလ်ကို မျက်မှောက်ပြုရပါစေသား

၁၂. အာသေဝန ပစ္စယော -လိုရာဆန္ဒမရှိအောင် ပြည့်စုံရပါစေသား

၁၃. ကမ္မ ပစ္စေယော -ကံသုံးပါးကို ထိန်းသိမ်းရပါစေသား

၁၄. ဝိပါက ပစ္စေယော -ဝဋ်ကြွေးသုံးသွယ်ကို ပယ်ဖျက်ရပါစေသား

၁၅. အာဟာရ ပစ္စယော -လိုရာကို ပြည့်စုံစွာ ထောက်ပံ့နိုင်ကြပါစေသား

၁၆. က္ကန္ဒြိယ ပစ္စယော -ရုပ် ၊ နာမ်ကို ထိန်းသိမ်းတတ်သော ပညာနှင့် ပြည့်စုံရပါစေသား

၁၇. ဈာန ပစ္စယော -သူတော်ကောင်းတရား ၇ ပါး ၊ ဥာဏ်စဉ် ၅ ပါး တို့နှင့် ပြည့်စုံရပါစေသား

၁၈. မဂ္ဂ ပစ္စယော -ဘာဝနာတရား ၂ ပါး အပေါင်းကို အာရုံပြု၍ အထွတ်အထိပ် ပညာကို ရပါစေသား

၁၉. သမ္ပယုတ္တ ပစ္စေယော – သူတော်ကောင်းတို့နှင့်ပေါင်း၍ ၇ ဖြာသောတရားနှင့် ယှဉ်တွဲရပါစေသား

၂၀. ဝိပ္ပယုတ္တ ပစ္စယော- သူယုတ်မာနှင့်ဝေး၍ အကုသိုလ်တို့ ကင်းရှင်းရပါစေသား

၂၁. အတ္ထိ ပစ္စယော- သမုတိနယ်၏အသိကို ဟုတ်မှန်စွာ သိရပါစေသား

၂၂. နတ္ထိ ပစ္စယော – ပရမတ္တ မရှိတရား၏အသိကို မျက်မှောက်ပြုရပါစေသား

၂၃. ဝိဂတပစ္စယော – ရှေ့၌ပွင့်ပြီးကုန်သော ဘုရားတို့ကို ရှိခိုးရပါစေသား

၂၄. အဝိဂတ ပစ္စယော – နောင်ပွင့်လတ္တံ့သော ဘုရားတို့ကို ရှိခိုးရပါစေသား

ပဌာန်းအကျယ်အဓိပ္ပါယ်နှင့်နေ့စဉ်ရွတ်နိုင်လျှင် အကောင်းဆုံးပါ..။

ဒီဆုတောင်းက ပဌာန်းစာအုပ်လေးတွေရဲ့နောက်ဆုံးတွင် အမြဲပါတဲ့အတွက်ဆုတောင်းရွတ်ဆိုခြင်းသာဖြစ်ပါတယ်..ကိုယ့်အချိန်မရတဲ့နေ့မှာရွတ်ဖတ်ခြင်းအား မျှဝေပေးခြင်းဖြစ်ပါတယ် ။

မြန်​မာ နိုင်​ငံသူ နိုင်​ငံသားအားလုံး

ကျမ ချစ်​ခင်​ရသူအားလုံး

F/b မှ ကျမ မိတ်​​ဆွေ သူငယ်​ချင်းများအားလုံး….

ကျမ္မာ ​ပျော်​ရွှင်​ ​အေးချမ်းသာယာပါ​စေ​ကြောင်း…

ကျမ ​စောင့်​တည်​​သော သီလ ဘာဝနာဖြင့်​​မေတ္တာ ပို့သပါသည်​ရှင်​. ။

ချစ်​ခင်​ ​လေးစားလျှက်​ ။ ။

Credit-နှလုံးသားမှာဘုရားတည်​ကြမယ်