စကဒ်တိုလေးနဲ့ မြင်းပေါ်ကို တက်ရခက်လို့ ဒုက္ခရောက်နေတဲ့ နေခြည်ဦးရဲ့ ဗီဒီယို

ပရိသတ်တွေချစ်ကြတဲ့ Blogger မလေး နေခြည်ဦးက သူမရဲ့ ထူးခြားတဲ့ အနုပညာစွမ်းရည်ကြောင့် အချိန်တိုအတွင်းမှာ အောင်မြင်မှုတွေ များစွာ ရရှိပိုင်ဆိုင်နေသူတစ်ဦးဖြစ်ပါတယ်။ နေခြည်ဦးက အခုဆိုရင် ဝါရင့် နာမည်ကြီးသရုပ်ဆောင်တွေနဲ့အတူတူ ရုပ်ရှင်တွေ ရိုက်ကူးနေပြီး အနုပညာလောကမှ နေရာတစ်နေရာ အခိုင်အမာ ရရှိနေပြီပဲ ဖြစ်ပါတယ်။ အခုဆိုရင် သူမရဲ့ ဒုတိယမြောက် ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ “ဧည့်သည်” ရုပ်ရှင်ဇာတ်ကားကြီးကလည်း ရုံတင်ပြသနေပြီဖြစ်ပြီး သူမကို အားပေးတဲ့ ပရိသတ်တွေရဲ့ ဝန်းရံခြင်းကို ခံနေရတာ ဖြစ်ပါတယ်။

နေခြည်ဦးကတော့ လက်ရှိမှာ ဒါရိုက်တာ ပွင့်သိင်္ဂီဇော် ရိုက်ကူးတဲ့ “အခမ်းနားဆုံးမေတ္တာ” ရုပ်ရှင်ဇာတ်ကားကြီးမှာ ထပ်ဆင့်အကယ်ဒမီ နေတိုး၊ သူရိယနဲ့ တိုင်ရွန်တို့နဲ့အတူတူ သရုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ နေခြည်ဦးတစ်ယောက် မြင်းစီးတဲ့ ဇာတ်ဝင်ခန်းကို ရိုက်ကူးရဖို့ရှိပြီး စကဒ်တိုလေးနဲ့မို့ မြင်းပေါ်ကို တက်ရခက်နေတဲ့ သူမရဲ့ဗီဒီယိုလေးကို ပရိသတ်တွေအတွက် မျှဝေပေးထားပါတယ်။

ဇာတ်ဝင်ခန်းနဲ့ လိုက်ဖက်တဲ့ အဝတ်အစားကို ဝတ်ထားပေမယ့် ချီချီတစ်ယောက် တော်တော်တိုင်ပတ်နေတဲ့ပုံပါပဲ။

မြင်းပေါ်ရောက်ဖို့ တော်တော်ခက်ခက်ခဲခဲ တက်ရတယ်နော်။

နေခြည်ဦးကတော့ “အခမ်းနားဆုံးမေတ္တာ” ရုပ်ရှင်ဇာတ်ကားကြီးအတွက် အကောင်းဆုံးကြိုစားနေတာပဲ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကြီး ထွက်ရှိလာရင်လည်း အားပေးကြပါဦးနော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena
Source: beautybynaychi’s ig

Share From Lovely Myanmar