.သနပ်​ခါး​လေး​တွေ ကိုယ်​စီနဲ့ မြန်​မာနိုင်​ငံသို့ ဘုရားဖူး​ရောက်​​နေတဲ့ ထိုင်းမင်းသမီး​လေးYaýaတို့အဖွဲ့

သနပ်​ခါး​လေး​တွေ ကိုယ်​စီနဲ့ မြန်​မာနိုင်​ငံသို့ ဘုရားဖူး​ရောက်​​နေတဲ့ထိုင်းမင်းသမီး​လေးYaýaတို့အဖွဲ့

ထိုင်းမင်းသမီးချော Urassaya Sperbund ကတော့ ပရိသတ်တွေကြားမှာ Yaya ဆိုပြီး နာမည်ကြီးနေသူပါ။ ထိုင်း အနုပညာလောကရဲ့ ထိပ်တန်းမင်းသမီးတစ်လက်ပါ။ ထိုင်းပရိသတ်တွေတင်မဟုတ်ပဲ အာရှတစ်လွှားမှာ ရှိတဲ့ ပရိသတ် တွေရဲ့ အားပေးမှုကိုပါ အပြည့်အ၀ ရရှိထားသူပါ။ ချစ်စရာ အပြုံးမျက်နှာလေးတွေကို ပိုင်ဆိုင်ထားတဲ့ ထိုင်း- နော်ဝေ ကပြားမလေး Yaya ကတော့ သူမရဲ့ Instagram မှာ ရွှေတိဂုံစေတီတော်ကို ဖူးမြော်ခဲ့တဲ့ ပုံလေးကို ဝေမျှ ထားပါတယ်။

Yaya တစ်ယောက် ရွှေတိဂုံ ရောက်နေတဲ့ ပုံလေးရဲ့ အောက်မှာတော့ ပရိသတ်အချစ်တော် နေခြည်ဦး ကတောင် မှ Comment ၀င်ရေးထားပါတယ်။အံ့သြနေတဲ့ ပုံနဲ့ “Omggggggg……….” ဆိုပြီး Comment ၀င်ရေး ထားတာပါ။Yaya ရဲ့ အကောင့်ကို Tagged လုပ်ထားတဲ့ ပုံတွေထဲမှာလည်း ရွှေတိဂုံ စေတီရောက် Yaya ရဲ့ တခြား ပုံလေးတွေကိုလည်း တွေ့ရပါတယ်။

Yaya ကတော့ ဖိလစ်ပိုင်မှာ Fan Meeting ပွဲတစ်ခု ပြုလုပ်သွားဖို့ရှိပါတယ်။ (၂၀၁၉) ဇွန် လ လယ်ပိုင်း လောက် လုပ် ဖြစ်ဖို့ များပါတယ်။ ဒီပွဲလေးကတော့ သူမရဲ့ ပထမဆုံးသော Fan Meeting ပွဲလေးပါ။ ပွဲ နဲ့ ပတ်သက်ပြီးလည်း Yaya က အင်တာဗျုးတစ်ခုမှာ အခုလို ဖြေခဲ့ပါတယ်။ ဒီအကြောင်းကိုတော့ Thai Update မှာ ဖော်ပြထားတာ ပါ။ “ကျမရဲ့ TV ဒရမ်မာကားတွေကို ကြိုက်တဲ့ ပရိသတ်တွေ ဖိလစ်ပိုင်မှာ အမျာကြီးရှိတယ်။ ကျမကို လည်း အဲ့ဒီက Fan တွေ အများကြီး Follow လုပ်လာတာကိုေ တွ့ရတယ်..Fan Meeting ပွဲ ကျင် ပရိသတ်တွေ နဲ့ အတူ ဂိမ်းတစ်ခု ကစားမယ်။ ပြီးရင် လက်ဆောင် တွေ ပေးမယ်။

ကျမအတွက်တော့ ဒါဟာ နိုင်ငံရပ်ခြားမှာ င်္Fan Meeting ပွဲ လုပ်တာ ဒါပထမဆုံးပါ။ စိတ်တွေ အရမ်းလှုပ်ရှား နေတယ်။တခြားနိုင်ငံတွေမှာရော လုပ်မှာ လား လို့ မေးလာ ရင်တော့ ဒါတော့ ကျမလည်း မသိသေးဘူး။ ဒါပေမယ့် အခွင့်အရေးရခဲ့ရင်တော့ လုပ်ချင်ပါတယ်။ ဖိလစ်ပိုင် Fan Meeting ပွဲ အတွက်တော့ ကျမ ဖိလစ်ပိုင်စကားကို လေ့ကျင့်နေပါတယ်…” လို့ ပြောခဲ့ပါတယ်။

credit – #CELENOW

Share From Lucky Myanmar