
Zawgyi
အေၾကြးျပန္ရစရာေတြရွိေနေပမယ့္ ျပန္ေတာင္းရမွာ အားနာသူေတြအတြက္
ပိုက္ဆံတစ္ခုတည္းနဲ႕ စားဝတ္ေနေရးအရာအားလံုး ရပ္တည္ေနရခ်ိန္မွာ ကုိယ့္ပိုက္ဆံေတြသူမ်ားဆီမွာ
အလဟသတ္ေပးထားရတာမ်ိဳး သင္အျဖစ္ခံေတာ့မလို႕လား။ သင့္ဆိုင္မွာအျမဲလာဝယ္ေနက် ေဖာက္သည္က
အေၾကြးမေပးတာပဲျဖစ္ျဖစ္၊ ခင္လို႕မင္လို႕ ပိုက္ဆံေခ်းထားတာပဲျဖစ္ျဖစ္၊ ကိုယ္အလုပ္လုပ္ေပးထားတဲ့ ပိုက္ဆံေတြကို
အလုပ္ရွင္ဖက္ကမေပးေသးဘဲ ၾကန္႕ၾကာေနတာမ်ိဳးေတြကို သင္ေတာင္းရမွာ အားနာစိတ္ျဖစ္တတ္တယ္မဟုတ္လား။
ရည္ရွည္ဆက္ဆံရမယ့္လူေတြျဖစ္တာေၾကာင့္ ပိုက္ဆံေလးတစ္ခုတည္းနဲ႕ မ်က္ႏွာပ်က္စရာေတြ၊ စိတ္ခုစာေတြျဖစ္သြားမွာ
စိုးရိမ္တတ္ၾကတာသဘာဝပါပဲ။ ဒါေပမဲ့လည္း ကိုယ့္ဖက္ကိုယ္ျပန္စဥ္းစားၾကည့္လိုက္တဲ့အခါ ကိုယ့္ပိုင္ဆိုင္မႈေတြ၊
ရွာေဖြထားတဲ့ပိုက္ဆံေတြနဲ႕ လုပ္အားခေတြမလို႕ သင့္ဆီမွာ ေတာင္းပိုင္ခြင့္ အျပည့္အဝရွိေနတယ္ဆိုတာ ေမ့မပစ္ပါနဲ႕ဦး။
ဒီအတြက္ အၾကံျပဳခ်င္တဲ့အခ်က္ေလး ၄ ခ်က္ရွိတာေၾကာင့္ ဆက္လက္ဖတ္ရႈေပးၾကပါဦးေနာ္။
(၁) ေတာင္းၾကည့္ပါ။
ပိုက္ဆံေပးစရာရွိတဲ့လူေတြက အားမနာဘဲ ပိုက္ဆံရစရာရွိလို႕ ေတာင္းရတဲ့လူေတြကပဲ အားနာၾကရတာ ယေန႕ေခတ္ရဲ႕
သဘာဝတရားႀကီးလို ျဖစ္ေနပါၿပီ။ တခ်ိဳ႕က်ေတာ့ ကိုယ့္ကိုေပးစရာရွိတာကို အလုုပ္ေတြမ်ားေနလို႕
ေမ့ေလ်ာ့ေနတာမ်ိဳးေတြရွိတတ္ပါတယ္။ ဒီလိုအေျခအေနအမ်ိဳးေတြမွာ ကိုယ္က ကၽြန္ေတာ္/ကၽြန္မကို
ပိုက္ဆံေလးေပးဖို႕က်န္ေသးပါတယ္ေနာ္ ဆိုၿပီး သတိသြားေပးသင့္ပါတယ္။ တခ်ိဳ႕က်ျပန္ေတာ့လည္း
ကိုယ္မေတာင္းမခ်င္းမေပးဘဲ အေမ့ခံၾကသူေတြလည္း ရွိေနေသးေတာ့ ဘယ္လိုအေျခအေနမ်ိဳးမွာပဲျဖစ္ျဖစ္
ကိုယ္ရစရာရွိတဲ့ပိုက္ဆံကို မရမခ်င္းမၾကာခဏသြားသြားေတာင္းေနပါလို႕ အၾကံေပးခ်င္ပါတယ္။
(၂) ေလွ်ာ႕သင့္ေလွ်ာ႕၊ တုိးသင့္တိုးပါ။
ပိုက္ဆံေခ်းတာတို႕၊ ပစၥည္းအေရာင္းအဝယ္လုပ္တာတို႕မ်ိဳးမွာဆို ပိုက္ဆံအေၾကျပန္ေပးရမယ့္ အခ်ိန္ကာလတစ္ခုကို
သတ္မွတ္လိုက္ၿပီး အတိုးယူပါ။ ေပးစရာရွိတဲ့လူေတြကေတာင္ အားမနာႏုိင္ဘဲ အခ်ိန္ဆြဲေသးတာပဲ ကုိယ့္ဘက္ကလည္း
ကတိမတည္တဲ့သူတို႕အေပၚ အတိုးယူဖို႕ ဝန္မေလးပါနဲ႕။
(၃) ႀကိဳတင္ျပင္ဆင္ထားပါ။
အခုေခတ္မွာက ဘဏ္ေပါင္းစံုက ATM ကတ္ေတြ၊ ပိုက္ဆံလႊဲတဲ့ျပင္ပဝန္ေဆာင္မႈေတြနဲ႕ ဖုန္းထဲကေနေတာင္
ပိုက္ဆံလွမ္းလႊဲႏုိင္တဲ့အထိ လြယ္ကူသက္သာအခ်ိန္ကုန္သက္သာေစမယ့္ နည္းလမ္းေတြအမ်ားႀကီးရွိလို႕ေနပါတယ္။
လူခ်င္းမေတြ႕ျဖစ္လို႕ ပိုက္ဆံမေပးရဘူးမျဖစ္ရေလေအာင္ ကိုယ့္ဖက္ကေန ႀကိဳတင္ျပင္ဆင္ထားဖို႕ လိုအပ္ပါတယ္။ ဥပမာ
တစ္ဖက္လူက ဘဏ္တစ္ခုက mobile banking နဲ႕ လႊဲမယ္ဆိုပါစို႕။ ကိုယ့္ဆီမွာ အဲဒီဘဏ္နဲ႕ပတ္သက္ၿပီး စာအုပ္ေရာ၊ ATM
ေရာ ဘာဆိုဘာမွမရွိဘူးဆိုရင္ေတာင္ တျခားကိုယ့္အသိထဲကလူတစ္ေယာက္ေယာက္ကုိ အကူအညီေတာင္းၿပီး
ပိုက္ဆံမရရေအာင္လႊဲခိုင္းလိုက္ပါ။ အေရးႀကီးတာ ကိုယ့္ကိုယ္ပိုင္ account ထဲ ေငြဝင္ဖို႕မဟုတ္ဘဲ ကုိယ့္လက္ထဲ
ေငြေရာက္လာဖို႕ပဲမဟုတ္လား။
(၄) အေၾကြးေတြကို မေလွ်ာ္ေပးပါနဲ႕။
သံသယာအေၾကြးပဲ ဆပ္ၾကေတာ့ဆိုၿပီး အေၾကြးေတြကို ေလွ်ာ္ေပးလိုက္တာဟာ သိပ္ကိုမွားယြင္းတဲ့အလုပ္ပါေနာ္။
ဖုန္းဆက္ၿပီးလည္း ေတာင္းလို႕မရဘူး၊ စာပို႕ရင္လည္း ျပန္မပို႕ဘူးဆိုရင္ေတာ့ အေကာင္းဆံုးအၾကံေပးခ်င္တာက
သူ႕ရဲ႕အလုပ္ပဲျဖစ္ျဖစ္၊ အိမ္ကိုပဲျဖစ္ျဖစ္လိုက္သြားၿပီး လူခ်င္းမ်က္ႏွာခ်င္းဆိုင္ေတြ႕၊ လူေတြေရွ႕မွာပဲ
ခပ္ျပတ္ျပတ္ေတာင္းလိုက္ပါေတာ့။ ပိုက္ဆံေတြျပန္မရဘူးဆိုရင္ေတာင္ အနည္းဆံုးေတာ့ သင့္ကိုရွိန္သြားပါလိမ့္မယ္။
အကယ္၍ ကိုယ္ကစာခ်ဳပ္စာတမ္းနဲ႕ ေခ်းထားတယ္ဆိုရင္ေတာ့ လူခ်င္းေတြ႕ေတာင္းတာ မရခဲ့သည္ရွိေသာ္
ေရွ႕ေနကတစ္ဆင့္ စာပို္႕ခိုင္းလို႕ရပါတယ္။ ေငြျပန္ရဖို႕ လံုးဝလမ္းမျမင္ေတာ့သည့္တိုင္ေအာင္ အဲဒီလူကို
သင္အားတဲ့အခ်ိန္တုိင္း အခ်ိန္ေပးၿပီး လူကိုယ္တုိင္သြားေတာင္းတာေတြ၊ ဖုန္းခဏခဏဆက္တာမ်ိဳးေတြ၊ ၾကံဳရင္ၾကံဳသလို
လူၾကံဳပါးတာမ်ိးေတြ လုပ္ကိုလုပ္ေပးပါ။ တတ္္ႏိုင္သမွ် နည္းလမ္းေပါင္းစံုနဲ႔ နားပူနားဆာကိုက္ဖို႔ အစြမ္းကုန္
ႀကိဳးစားသင့္ပါတယ္။
သင္ကသာေစသနာရွိလို႕ သူမ်ားအခက္ေတြ႕ေနတုန္း ကူညီလိုက္ေပမယ့္ သင္မရွိေတာ့တဲ့အခါ ကူညီေပးမယ့္လူက
လက္ငါးေခ်ာင္းေတာင္ ျပည့္မွာမဟုတ္ပါဘူး။ ဒီအျပင္ ရစရာရွိတဲ့ပိုက္ဆံေတြဟာလည္း ကိုယ့္အပိုင္ျဖစ္တာေၾကာင့္
ကိုယ့္မွာျပန္ေတာင္းပိုင္ခြင့္ အျပည့္အဝရွိတယ္ဆိုတာ ျမဲျမဲမွတ္ထားေပးၾကပါ။ အေၾကြးျပန္ရစရာရွိသူမ်ား
အျမန္ဆံုးျပန္ရပါေစလို႕ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။
Unicode
အကြွေးပြန်ရစရာတွေရှိနေပေမယ့် ပြန်တောင်းရမှာ အားနာသူတွေအတွက်
ပိုက်ဆံတစ်ခုတည်းနဲ့ စားဝတ်နေရေးအရာအားလုံး ရပ်တည်နေရချိန်မှာ ကိုယ့်ပိုက်ဆံတွေသူများဆီမှာ
အလဟသတ်ပေးထားရတာမျိုး သင်အဖြစ်ခံတော့မလို့လား။ သင့်ဆိုင်မှာအမြဲလာဝယ်နေကျ ဖောက်သည်က
အကြွေးမပေးတာပဲဖြစ်ဖြစ်၊ ခင်လို့မင်လို့ ပိုက်ဆံချေးထားတာပဲဖြစ်ဖြစ်၊ ကိုယ်အလုပ်လုပ်ပေးထားတဲ့ ပိုက်ဆံတွေကို
အလုပ်ရှင်ဖက်ကမပေးသေးဘဲ ကြန့်ကြာနေတာမျိုးတွေကို သင်တောင်းရမှာ အားနာစိတ်ဖြစ်တတ်တယ်မဟုတ်လား။
ရည်ရှည်ဆက်ဆံရမယ့်လူတွေဖြစ်တာကြောင့် ပိုက်ဆံလေးတစ်ခုတည်းနဲ့ မျက်နှာပျက်စရာတွေ၊
စိတ်ခုစာတွေဖြစ်သွားမှာ စိုးရိမ်တတ်ကြတာသဘာဝပါပဲ။ ဒါပေမဲ့လည်း ကိုယ့်ဖက်ကိုယ်ပြန်စဉ်းစားကြည့်လိုက်တဲ့အခါ
ကိုယ့်ပိုင်ဆိုင်မှုတွေ၊ ရှာဖွေထားတဲ့ပိုက်ဆံတွေနဲ့ လုပ်အားခတွေမလို့ သင့်ဆီမှာ တောင်းပိုင်ခွင့်
အပြည့်အဝရှိနေတယ်ဆိုတာ မေ့မပစ်ပါနဲ့ဦး။ ဒီအတွက် အကြံပြုချင်တဲ့အချက်လေး ၄ ချက်ရှိတာကြောင့်
ဆက်လက်ဖတ်ရှုပေးကြပါဦးနော်။
(၁) တောင်းကြည့်ပါ။
ပိုက်ဆံပေးစရာရှိတဲ့လူတွေက အားမနာဘဲ ပိုက်ဆံရစရာရှိလို့ တောင်းရတဲ့လူတွေကပဲ အားနာကြရတာ ယနေ့ခေတ်ရဲ့
သဘာဝတရားကြီးလို ဖြစ်နေပါပြီ။ တချို့ကျတော့ ကိုယ့်ကိုပေးစရာရှိတာကို အလုပ်တွေများနေလို့
မေ့လျော့နေတာမျိုးတွေရှိတတ်ပါတယ်။ ဒီလိုအခြေအနေအမျိုးတွေမှာ ကိုယ်က ကျွန်တော်/ကျွန်မကို
ပိုက်ဆံလေးပေးဖို့ကျန်သေးပါတယ်နော် ဆိုပြီး သတိသွားပေးသင့်ပါတယ်။ တချို့ကျပြန်တော့လည်း
ကိုယ်မတောင်းမချင်းမပေးဘဲ အမေ့ခံကြသူတွေလည်း ရှိနေသေးတော့ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ်
ကိုယ်ရစရာရှိတဲ့ပိုက်ဆံကို မရမချင်းမကြာခဏသွားသွားတောင်းနေပါလို့ အကြံပေးချင်ပါတယ်။
(၂) လျှော့သင့်လျှော့၊ တိုးသင့်တိုးပါ။
ပိုက်ဆံချေးတာတို့၊ ပစ္စည်းအရောင်းအဝယ်လုပ်တာတို့မျိုးမှာဆို ပိုက်ဆံအကြေပြန်ပေးရမယ့် အချိန်ကာလတစ်ခုကို
သတ်မှတ်လိုက်ပြီး အတိုးယူပါ။ ပေးစရာရှိတဲ့လူတွေကတောင် အားမနာနိုင်ဘဲ အချိန်ဆွဲသေးတာပဲ ကိုယ့်ဘက်ကလည်း
ကတိမတည်တဲ့သူတို့အပေါ် အတိုးယူဖို့ ဝန်မလေးပါနဲ့။
(၃) ကြိုတင်ပြင်ဆင်ထားပါ။
အခုခေတ်မှာက ဘဏ်ပေါင်းစုံက ATM ကတ်တွေ၊ ပိုက်ဆံလွှဲတဲ့ပြင်ပဝန်ဆောင်မှုတွေနဲ့ ဖုန်းထဲကနေတောင်
ပိုက်ဆံလှမ်းလွှဲနိုင်တဲ့အထိ လွယ်ကူသက်သာအချိန်ကုန်သက်သာစေမယ့် နည်းလမ်းတွေအများကြီးရှိလို့နေပါတယ်။
လူချင်းမတွေ့ဖြစ်လို့ ပိုက်ဆံမပေးရဘူးမဖြစ်ရလေအောင် ကိုယ့်ဖက်ကနေ ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။ ဥပမာ
တစ်ဖက်လူက ဘဏ်တစ်ခုက mobile banking နဲ့ လွှဲမယ်ဆိုပါစို့။ ကိုယ့်ဆီမှာ အဲဒီဘဏ်နဲ့ပတ်သက်ပြီး စာအုပ်ရော၊
ATM ရော ဘာဆိုဘာမှမရှိဘူးဆိုရင်တောင် တခြားကိုယ့်အသိထဲကလူတစ်ယောက်ယောက်ကို အကူအညီတောင်းပြီး
ပိုက်ဆံမရရအောင်လွှဲခိုင်းလိုက်ပါ။ အရေးကြီးတာ ကိုယ့်ကိုယ်ပိုင် account ထဲ ငွေဝင်ဖို့မဟုတ်ဘဲ ကိုယ့်လက်ထဲ
ငွေရောက်လာဖို့ပဲမဟုတ်လား။
(၄) အကြွေးတွေကို မလျှော်ပေးပါနဲ့။
သံသယာအကြွေးပဲ ဆပ်ကြတော့ဆိုပြီး အကြွေးတွေကို လျှော်ပေးလိုက်တာဟာ သိပ်ကိုမှားယွင်းတဲ့အလုပ်ပါနော်။
ဖုန်းဆက်ပြီးလည်း တောင်းလို့မရဘူး၊ စာပို့ရင်လည်း ပြန်မပို့ဘူးဆိုရင်တော့ အကောင်းဆုံးအကြံပေးချင်တာက
သူ့ရဲ့အလုပ်ပဲဖြစ်ဖြစ်၊ အိမ်ကိုပဲဖြစ်ဖြစ်လိုက်သွားပြီး လူချင်းမျက်နှာချင်းဆိုင်တွေ့၊ လူတွေရှေ့မှာပဲ
ခပ်ပြတ်ပြတ်တောင်းလိုက်ပါတော့။ ပိုက်ဆံတွေပြန်မရဘူးဆိုရင်တောင် အနည်းဆုံးတော့ သင့်ကိုရှိန်သွားပါလိမ့်မယ်။
အကယ်၍ ကိုယ်ကစာချုပ်စာတမ်းနဲ့ ချေးထားတယ်ဆိုရင်တော့ လူချင်းတွေ့တောင်းတာ မရခဲ့သည်ရှိသော်
ရှေ့နေကတစ်ဆင့် စာပို့်ခိုင်းလို့ရပါတယ်။ ငွေပြန်ရဖို့ လုံးဝလမ်းမမြင်တော့သည့်တိုင်အောင် အဲဒီလူကို
သင်အားတဲ့အချိန်တိုင်း အချိန်ပေးပြီး လူကိုယ်တိုင်သွားတောင်းတာတွေ၊ ဖုန်းခဏခဏဆက်တာမျိုးတွေ၊ ကြုံရင်ကြုံသလို
လူကြုံပါးတာမျိးတွေ လုပ်ကိုလုပ်ပေးပါ။ တတ်နိုင်သမျှ နည်းလမ်းပေါင်းစုံနဲ့ နားပူနားဆာကိုက်ဖို့ အစွမ်းကုန်
ကြိုးစားသင့်ပါတယ်။
သင်ကသာစေသနာရှိလို့ သူများအခက်တွေ့နေတုန်း ကူညီလိုက်ပေမယ့် သင်မရှိတော့တဲ့အခါ ကူညီပေးမယ့်လူက
လက်ငါးချောင်းတောင် ပြည့်မှာမဟုတ်ပါဘူး။ ဒီအပြင် ရစရာရှိတဲ့ပိုက်ဆံတွေဟာလည်း ကိုယ့်အပိုင်ဖြစ်တာကြောင့်
ကိုယ့်မှာပြန်တောင်းပိုင်ခွင့် အပြည့်အဝရှိတယ်ဆိုတာ မြဲမြဲမှတ်ထားပေးကြပါ။ အကြွေးပြန်ရစရာရှိသူများ
အမြန်ဆုံးပြန်ရပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။