
ခိုင်းနှင်းဝေကတော့ အနပညာလောကရဲ့ အောင်မြင်ခဲ့တဲ့ ကြယ်ပွင့်တစ်ပွင့်ဖြစ်ပြီး အနပညာလောကမှာ နာမည်တစ်လုံးနဲ့ ရပ်တည်နေနိုင်တဲ့ အနပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ အောင်မြင်မှုပေါင်းများစွာကို ရရှိပိုင်ဆိုင်ထားတဲ့ ခိုင်နှင်းဝေကတော့ အနပညာအလုပ်တွေလဲ လုပ်ကိုင်သလို ပရဟိတအလုပ်တွေလဲ လုပ်ကိုင်နေတဲ့ အနပညာရှင်တစ်ယောက်ဆိုလဲမမှားပါဘူး။
ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို ရရှိနေတဲ့ ခိုင်နှင်းဝေကတော့ပရဟိတအလုပ်တွေကိုအားသွန်ခွန်စိုက်ပြုလုပ်နေခဲ့တာပဲဖြစ်ပြီး ဒုက္ခရောက်နေတဲ့ နေရာတွေဆီကိုယ်တိုင်သွားရောက်ကာ အလှူအတန်းတွေ ပြုလုပ်နေခဲ့တာပဲဖြစ်ပါတယ်။ ခိုင်နှင်းဝေကတော့ အကြောင်းအမျိုးမျိုးကြောင့် မွေးဖို့မဖြစ်နိုင်တဲ့ ကလေးငယ်တွေကို မွေးစားထားခဲ့ပါတယ်။
ယနေ့မှာတော့ ခိုင်နှင်းဝေဟာ ၀၀တုတ်တုတ်ပါးဖောင်းဖောင်းလေးနဲ့ ချစ်စရာကောင်းလွန်းတဲ့ ကလေးငယ်လေးကို ထပ်မံမွေးစားလိုက်ပါတယ်။ ခိုင်နှင်းဝေကတော့ ” ချစ်ခြင်းမေတ္တာ … ဆိုတာစာနာမှုက, ပေါက်ပွားလာတာ … လို့ကျမ… ယုံကြည်တယ် ” ဆိုပြီးရေးသားထားပါတယ်။ ချစ်ပရိသတ်တွေအတွက် အဆိုပါပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
SOURCE: ခိုင်နှင်းဝေ,credit – myanmarload
Share From Lucky Myanmar