ကလေး တစ်ယောက်လို အရမ်း ချစ်စရာကောင်းတဲ့ပုံစံလေး နဲ့ တစ်နေ့တစ်ခြားပိုပို လှလာတဲ့ သံသာမိုးသိမ့်

ပရိသတ်ကြီးရေ Mrtv4 ဇာတ်လမ်း တွဲတွေမှာ ပါဝင်သရုပ်ဆောင်ပြီး ပရိသတ်တွေရဲ့ရင်ထဲမှာ နေရာယူလာခဲ့တဲ့ မင်းသမီးချောလေး သံသာမိုးသိမ့်ဟာဆိုရင် အနုပညာလောကမှာ အောင်မြင်မှုတွေကို အထိုက် အလျောက်ရရှိနေပြီဖြစ်ပါတယ်။သံသာမိုးသိမ့်က တက်သစ်စအနုပညာရှင်ဆိုပေမယ့် ကျရာဇာတ်ရုပ်တိုင်းကို ပီပြင်ပိုင်နိုင်အောင် သရုပ်ဆောင်နိုင် တာကြောင့် ပရိသတ်တွေ အကြိုက်နဲ့ ထပ်တူညီတဲ့ အနုပညာရှင်တစ်ယောက်ပါ။

သံသာမိုးသိမ့်ကို ပရိသတ်တွေက “ကျွန်မကမဟေသီ”ဇာတ်လမ်း တွဲမှ မိန်းမချောဇာတ်ကောင်ကို ပီပြင်လို့ ချီးကျူးနေကြတာဖြစ်ပါတယ်။သံသာမိုးသိမ့်က နောက်ထပ်လည်း ဇာတ်ကားတွေအများကြီး ရိုက်ကူးသွားပြီး ပရိသတ်ကြီး အတွက် အစွမ်းကုန်ကြိုးစားသွားမယ့်သူတစ်ယောက်ပါနော်။သံသာမိုးသိမ့်က လူငယ်တစ်ယောက်ဖြစ်တာကြောင့် အမြဲတမ်းပျော်ပျော်ရွှင်ရွှင်နေတတ်ပြီး သွက်လက်ပွင့်လင်းတဲ့သူ တစ်ယောက်ဖြစ်ပါတယ်။

သံသာမိုးသိမ့်က အားလပ်ရက်တွေမှာ ဆိုရင် ခရီးထွက်တတ်ပြီး အချိန်တွေကိုအကျိုးရှိစွာအသုံးချနေတာဖြစ်ပါတယ်။အခုဆိုရင်လည်း သံသာမိုးသိမ့်က ဘန်ကောက်ကို ရောက်ရှိနေပြီး ဘန်ကောက်မြို့အနှံကို ပျော်ရွှင်စွာလည်ပတ်နေတာဖြစ်ပါတယ်။ ကလေးတစ်ယောက်လို အရမ်းချစ်စရာကောင်းတဲ့ ပုံစံလေးနဲ့ တစ်နေ့တစ်ခြား ပိုပိုပြီး လှလာတဲ့ ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါရစေနော်။

crd : myanmarload