မြန်မာနိုင်ငံမှာ နေထူးနိုင်တွေ အများကြီးလိုအပ်နေတယ်လို့ သတင်းစာထဲမှာ ဖော်ပြခံရ

အက်ရှင်ဇာတ်ကားများစွာကို သရုပ်ဆောင်ရိုက်ကူး ထားတဲ့ သရုပ်ဆောင် နေထူးနိုင်ဟာဆိုရင် နယ်ပရိသတ်တွေ တစ်ခဲနက်အားပေးခြင်းကို ခံထားရတဲ့ အနုပညာရှင်တစ်ဦးပါ။ နေထူးနိုင်က ချစ်ရတဲ့ မိသားစုလေး နဲ့အတူ အနုပညာကို ကြိုးစားလုပ်ကိုင်းရင်း ပျော်ရွှင်စွာဖြတ်သန်းနေထိုင်နေသူတစ်ဦးပဲ ဖြစ်ပါတယ်။ဒီတစ်ခါမှာတော့ မိုမိုလေး ရဲ့ ချစ်ပရိသတ်တွေအတွက် မြန်မာနိုင်ငံမှာ နေထူးနိုင်တွေ အများကြီးလိုအပ်နေတယ်လို့ သတင်းစာထဲမှာ ဖော်ပြခံရတဲ့ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

နေထူးနိုင်က လက်ရှိမှာ ချောက်မြို့နယ်ဘက်မှာ အပူဒဏ်ကင်းဝေးစေရန်အတွက် ဒေသံခံများနဲ့ အတူ သူကိုယ်တိုင် ဦးဆောင်ပြီး သစ်ပင်စိုက်ပြီး ပတ်ဝန်းကျင်စိမ်းလန်းစိုပြေဖို့အတွက် စည်းစည်းလုံးလုံး လုပ်ကိုင်နေတာတွေ့ရပါတယ်။

ဒီတစ်ခါမှာတော့ အပူရှိန်ကင်းဝေးဖို့ သစ်ပင်စိုက်တဲ့ ပရဟိတ တွေ လုပ်ကိုင်နေတဲ့ နေထူးနိုင်က ” နေထူးနိုင်တွေအများကြီး လိုအပ်တဲ့ တိုင်းပြည်” ဆိုတဲ့ ခေါင်းစဉ်နဲ့ သတင်းစာမှာ ဖော်ပြခြင်းခံလိုက်ရတာပဲ ဖြစ်ပါတယ်။

သတင်းစာထဲမှာလည်း နေထူးနိုင်ပြောထားတဲ့ ” သစ်ပင်စိုက်ခြင်းသည် မည်သည့်ပါတီ မည်သည့်အဖွဲ့အစည်းအတွက်မှ မဟုတ်ပဲ အားလုံး အပူဒဏ် ကိုကာကွယ်ဖို့ကြိုးစားခြင်းဖြစ်ပါသည်” ဆိုတဲ့စကားကိုလည်း ထည့်ရေးထားတာပဲ ဖြစ်ပါတယ်။

နေထူးနိုင်က သူ့ကို ဖော်ပြခြင်းခံရတဲ့ သတင်းစာကို Share ပြီး ခုလိုပြောထားပါတယ်။ ” အစွဲမရှိကူညီပါဝင်မည့်သူတွေလဲအများကြီးလိုပါတယ်”

credit – momolay

Share From Lucky Myanmar