ဇာတ်​ကားရိုက်ပါးလာလို့ ရပ်ကွက်ထဲမှာ မုန့်ဟင်းခါးရောင်းပြီး မိသားစုဝမ်း​ရေး​ဖြေရှင်း​နေရတဲ့ ​ရဲ​လေးမ (ရုပ်/သံ)

ရဲလေးမက တော့ မြန်မာပရိသတ်တွေ အရမ်းရင်းနှီးနေတဲ့ ဟာသ သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ပြင် ကိုယ်တိုင်ကလည်း မိန်းမလျာ ကာရိုက်တာတွေကို ရိုက်ကူးလာရတာများလာချိန်မှာ မိန်းမလျာတစ်ယောက် အဖြစ် နေထိုင်ရတာ နှစ်သက်သူတစ်ယောက် အဖြစ် ၀န်ခံထားသူဖြစ်ပါတယ်။ LGBT တစ်ယောက်အဖြစ် လက်ခံနေထိုင်သူ ရဲလေးမ ဟာ အသက်(၇၀) နှစ် အရွယ် အဖေနဲ့ တူလေး တူမလေးတွေအပါအ၀င် မိစားဝု၀င်များတဲ့ အိမ်ထောင်စုလေးကို ဦးဆောင်ကာ လုပ်ကိုင်ကျွေးမွေးနေသူ အိမ်ထောင်ဦးစီးတစ်ယောက်ဖြစ်ပါတယ်။

ဗီဒီယို ခေတ်ပျက်ပြီးနောက် ရုပ်ရှင်ကားရိုက်တွေကိုသာ အားကိုးနေရသော်လည်း အရင်ကထက် ကားရိုက်နည်းလာတော့ မိသားစုဝင်ငွေနဲ့ စားဝတ်နေရေးကို ပိုမိုထိခိုက်လာလို့ သူနေထိုင်တဲ့ ရပ်ကွက်လေးမှာ မုန့်ဟင်းခါး ဈေးသည်တစ်ယောက် အဖြစ် ဈေးရောင်းဖြစ်နေတာဖြစ်ပါတယ်။ ရဲလေးမ ကိုယ်တိုင် ချက်ပြုတ်ပြီး တကယ့်ကို နွေးထွေးပြီးရိုင်းပင်ကူညီတဲ့ မိသားစုဝင်တွေနဲ့ ပင်ပန်းရကျိုးသလို

” သူဌေးတော့ ဖြစ်မလာဘူး ၊ မိသားစုနပ်မှန်အောင်စားရတယ်။ အကြွေးမရှိဘူး။ အဲ့တော့ ကျေနပ်ပါတယ်။ အကိုက မိသားစုကို ဦးဆောင်နေရတာမို့ အနည်းတာ့ စိတ်ညစ်ရတာပေါ့။
အကိုရဲ့ အကိုက လေဖြတ်နေတယ်။ အဖေက အသက်(၇၀) ကျော်ပြီ။ ကျန်တဲ့ တူ၊ တူမလေးတွေက အရမ်းငယ်သေးတယ်။သူတို့ရှေ့မှာ အကိုက စိတ်ဓာတ်ကျနေလို့ မရဘူး။ အကိုဈေးလေးထွက်ရောင်းတယ်။ ကိုယ်က ရှေ့က မလုပ်ပြရင် ကလေးတွေက နောက်ကလိုက်မှာမဟုတ်ဘူး။ ဈေးထရောင်းတာ ပင်ပန်းတယ်။ ပင်ပန်းလည်း မပင်ပန်းသလိုပဲ။ အိမ်မှာ ကိုယ်က အခရာ၊ ကိုယ့်ကို ကြည့်ပြီး အဖေ စိတ်ဆင်းရဲမှာ မလိုချင်ဘူး။ အကိုဈေးသွားရောင်းရင် သူတို့လေးတွေ နောက်ကလိုက်တယ်။ အဲ့ဒါကို အကိုချစ်တယ်။ ကားရိုက်မရှိလည်း မရှိသလိုပဲ နေတယ်။ ဒီနေ့ မရှိလည်းနောက်ေန့ ရှိမှာပဲ။ မုန့်ဟင်းခါးကတော့ နေ့လည် (၂) နာရီရောင်းရင် ညနေ(၄) နာရီဆိုကုန်ပြီ၊ တနေ့ကို (၅) ၊ (၆) ပိဿာ လောက်တော့ကုန်တယ် ” လို့ ရဲလေးမက သူ့ရဲ့ မိသားစုအကြောင်းနဲ့ ဘ၀ လေးကို ပြောပြလာခဲ့တာဖြစ်ပြီး ဒီလို လေးစားစရာကောင်းတဲ့ မိဘလုပ်ကျွေးသူ ရဲလေးမကို ဒီထက် ပိုချစ်ပေးကြပါဦးနော်.. ပရိသတ်ကြီးရေ….

Video ကြည့်ရန်

source: MC

Share From swelsonenews