Source : MC
khinCeleGabar
ယူနီကုဒ်ဖြင့်ဖတ်ရန်
“နေတိုးက သူရဲ့ မွတ်နွတ်ကွတ်ကျွတ်ကြီးပါပဲ လို့ ပြောလာတဲ့ ထိပ်ထားသခင် ”
ပြည်သူ့အချစ်တော် ထိပ်ထားသခင် လေးဟာ အသံလေးကအစ အပြုအမူသရုပ်ဆောင်ချက်များဟာ ပရိသတ်ရင် ကို တစ်ခုမဟုတ်တစ်ခုစွဲကျန်အောင် ပြောဆိုတတ်သူလေးပဲဖြစ်ပါတယ်။ ထိပ်ထားလေးဟာ သူရဲ့ပင်ကိုယ်ဗီဇကိုက သရုပ်ဆောင်သာမက သီချင်းဆိုရာမှာလည်း ဝါသနာကြီးသူလေး ဖြစ်ပါတယ်။
မြန်မာတစ်ပြည်လုံးရဲ့သဲသဲလှုပ်ချစ်ရတဲ့ ဖွေးစိန်လေးကကလည်း သူရဲ့စံပြအနုပညာရှင်ပါလို့သိရပါတယ်။ထိပ်ထားလေးဟာလည်း ဖွေးစိန်လေးနဲ့ ခပ်ခပ်ဆင်ဆင်ပါပဲနော် ထိပ်ထားလေးရဲ့စိတ်ဆိုးပီးသူမမေမေကိုပြောတဲ့စကားကအစ ပရိတ်သတ်တွေအတွက် Tik Tok မှာ အရမ်းဟော့ခဲ့ပါသေးတယ်။
ထိပ်ထားလေးက ” သမီးကမင်းသားမရွေးပါဘူး။အဓိကရိုက်ချင်တဲ့မင်းသားကတော့ ဦးနေတိုးပါ။ဦးနေတိုးကအပြင်မှာအရမ်းလည်းချောတယ်လေ။ပြီးတော့ ဦးနေတိုးကသမီးရဲ့ မွတ်နွတ်ကွတ်ကျွတ်လေးလေ။မွတ်နွတ်ကွတ်ကျွတ်ဆိုတာအချစ်တုံးကြီးလေ ” ဆိုပြီးနေတိုးကိုချစ်တဲ့အကြောင်းလေးပြောထားတာပဲ ဖြစ်ပါတယ်။ “ဦးနေတိုးကတကယ်ချောပြီး မမတို့တွေ့ရင် အရမ်းကြိုက်သွားမှာ “ဆိုပြီးနေတိုးအပေါ် သူရဲ့အမြင်လေးကိုပြောပြခဲ့ပါတယ်။
နေတိုးနဲ့ အစားအစာကြော်ငြာရိုက်ချင်တယ်လို့ပြောပြခဲ့ပြီး ရိုက်ချင်တဲ့အကြောင်းကတော့ ထိပ်ထားလေးကသူကအစားပုပ်လို့လို့ပြောပြခဲ့ပါတယ်။အစားအစာတွေထဲမှာ ဗီဇာကိုလည်းအရမ်းကြိုက်တယ်လို့ ပြောပြခဲ့ပါတယ်။မမပွင့်လိုဝဝလေးဖြစ်ချင်ပါတယ်တဲ့နော်။CeleGabar ပရိသတ်ကြီးလည်း ထိပ်ထားလေးကိုအားပေးရင် တစ်ခုခုပြောခဲ့ပါဦးနော်။
Source : MC
khinCeleGabar
Share From CeleGabar