Zawgyi
Zawgyi
အသက်တစ်နှစ်ကျော်အရွယ်လေးနဲ့ အင်္ဂလိပ်စာလုံးတွေကို မှန်မှန်ကန်ကန်ရွေးပြသွားတဲ့ မိုးယုစံသားလေးရဲ့ဗီဒီယို
သရုပ်ဆောင် မင်းသမီးချောလေး မိုးယုစံကတော့ အိမ်ထောင်ကျပြီးနောက်ပိုင်းကတည်းက အနုပညာအလုပ်တွေကို
အနည်းငယ်သာ လုပ်ကိုင်တော့တာ ဖြစ်ပါတယ်။ ကိုယ်လုံးကိုယ်ပေါက်လှပပြီး မျက်နှာလေးကလည်း
ချစ်စရာကောင်းတာကြောင့် ချစ်ခင်သူတွေ ဝိုင်းဝိုင်းလည်ခဲ့တဲ့ မိုးယုစံက အခုထိတိုင်အောင် အပျိုလေးတုန်းကအတိုင်း
လှပနေဆဲ ဖြစ်ပါတယ်။ သားလေးတစ်ယောက်ကို ပိုင်ဆိုင်နေရပြီဖြစ်တဲ့ မိုးယုစံရဲ့အိမ်ထောင်သည်ဘဝလေးကတော့
အရမ်းကို ပျော်ရွှင်စရာကောင်းလှပါတယ်။
မိုးယုစံရဲ့သားလေး ကောင်းသိင်္ခမိုးသူကလည်း တစ်နေ့တစ်ခြား ပိုပိုပြီးချစ်ဖို့ကောင်းလာတာကြောင့် ပရိသတ်တွေနဲ့
အနုပညာရှင်တွေက ဝိုင်းချစ်နေရတာဖြစ်ပါတယ်။
အခုလည်း မိုးယုရဲ့သားလေးက အင်္ဂလိပ်စာလုံးတွေကို ပုံလေးတွေမြင်ရုံနဲ့ မှန်မှန်ကန်ကန် ရွေးချယ်ပြသွားတာ
တွေ့ရပါတယ်။ မိုးယုရဲ့သားလေးက ပုံလေးတွေချပေးပြီး အင်္ဂလိပ်မေးလိုက်တာနဲ့ အဖြေမှန်ကို ရွေးချယ်နိုင်တဲ့အထိ
စာလုံးတွေကို မှတ်သားနိုင်နေပြီ ဖြစ်ပါတယ်။
ဒါကြောင့် မိုးယုက ” ၁နှစ်၉လသားလေး သိချက်ကတော့ ပြောတော့မပြောတတ်သေးပေမဲ့ အင်္ဂလိပ်စာလုံးရေ (၁၂၀)
လောက်ကိုသိနေပီ စိတ်ကလည်းသိပ်မရှည်တဲ့ ကလေးလေးမို့ (၈၁) လုံးပဲမေးလို့ရတယ် ချစ်တယ်သားလေးရယ် ” ဆိုပြီး
သားလေးရဲ့ဗီဒီယိုဖိုင်လေးကို တင်ပေးထားတာ ဖြစ်ပါတယ်။
ကဲ ချစ်ပရိသတ်တွေအတွက် ငယ်ငယ်လေးနဲ့ အရမ်းကို စာတော်တဲ့ မိုးယုသားလေးရဲ့ချစ်စရာဗီဒီယိုဖိုင်လေးကို အောက်မှာ
တင်ဆက်ပေးလိုက်ပါတယ်နော်။
Source:Kaung Theinkha Moe Thu; Credit-myanmarlaod