အရိုးရှင်းဆုံးအလှကသာ အထင်ပေါ်ဆုံးဆိုတာကို သက်သေပြနေတဲ့ ၀တ်မှုံရွှေရည်ရဲ့ ပုံရိပ်များ

နိုင်ငံကျော် သရုပ်ဆောင် မင်းသမီးချောလေး အကယ်ဒမီ ဝတ်မှုံရွှေရည် ဟာဆိုရင် သရုပ်ဆောင်ပိုင်းမှာ ထူးချွန်ရုံသာမကပဲ နေရာဒေသအလိုက် ဖက်ရှင်ကျကျဝတ်စားတတ်တာကြောင့် ပရိသတ်တွေက သဲသဲလှုပ်ချစ်နေကြရတဲ့ နိုင်ငံကျော် ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်ပါတယ်။ သူမ ကချောမောလှပပြီး ချစ်စရာကောင်းတဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထားတာကြောင့် သူမကို ချစ်တဲ့ ပရိသတ်အခိုင်အမာရရှိထားသူလေးပဲ ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်က အဝတ်အစား ဝတ်တဲ့နေရာမှာလည်း စတိုင်လ်ကျပြီး လှပလွန်းတာကြောင့် လူတကာရဲ့ အာရုံစိုက်ခြင်းခံရတဲ့ မင်းသမီးတစ်လက်ပါပဲ။

ဒီတစ်ခေါက်မှာတော့ ဝတ်မှုံရွှေရည်က မေလ(၃၀) ရက်နေ့က ကျင်းပပြုလုပ်တဲ့ “တိမ်တွေပေါ်ကပန်း”ဇာတ်ကားကန်တော့ပွဲကို တက်ရောက်ခဲ့ပါတယ်။ မိုမိုလေးပရိသတ်တွေအတွက် “တိမ်တွေပေါ်ကပန်း”ဇာတ်ကားကန်တော့ပွဲမှ ဝတ်မှုံရွှေရည်ရဲ့ ပုံရိပ်လေးကို မျှဝေလိုက်ပါတယ်နော်။

နည်းနည်းလေးတောင် ဝလာသလိုပဲနော် ကစ်ကစ်ရေ

“တိမ်တွေပေါ်ကပန်း” ရုပ်ရှင်ဇာတ်ကားကြီးကို Big 5 Production နှင့် JBJ Entertainment တို့ ပူးပေါင်းရိုက်ကူးမှာဖြစ်ပြီး ဒါရိုက်တာအဖြစ် အကယ်ဒမီ ဇင်ယော်မောင်မောင်က ရိုက်ကူးမှာပဲ ဖြစ်ပါတယ်။

ဝတ်မှုံရွှေရည်က “တိမ်တွေပေါ်ကပန်း” ရုပ်ရှင်ဇာတ်ကားကြီးမှာ ကိုရီးယားမင်းသား Ryu Sang Wook နဲ့အတူတူ တွဲဖက်ပြီး သရုပ်ဆောင်မှာပဲ ဖြစ်လို့ ပရိသတ်တွေက စိတ်ဝင်စားနေကြတာပဲ ဖြစ်ပါတယ်။

တစိမ့်စိမ့်ကြည့်ရအောင် လှလိုက်တာ ကစ်ကစ်ရယ်

ကိုယ်ကြွေတာ ဒီအပြုံး

ဝတ်မှုံရွှေရည်ကတော့ ဘယ်အချိန်ကြည့်ကြည့် လှနေတာပဲနော်။ ကိုရီးယားမင်းသားနဲ့အတူတူ ရိုက်ကူးမယ့် တိမ်တွေပေါ်ကပန်း” ရုပ်ရှင်ဇာတ်ကားကြီး ထွက်ရှိလာရင်လည်း အားပေးကြဖို့ မမေ့ပါနဲ့နော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena
Source: Wutt Hmone Shwe Yi’s fb

ဝတ်မှုံရွှေရည်ကတော့ ဘယ်အချိန်ကြည့်ကြည့် လှနေတာပဲနော်။ ကိုရီးယားမင်းသားနဲ့အတူတူ ရိုက်ကူးမယ့် တိမ်တွေပေါ်ကပန်း” ရုပ်ရှင်ဇာတ်ကားကြီး ထွက်ရှိလာရင်လည်း အားပေးကြဖို့ မမေ့ပါနဲ့နော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena
Source: Wutt Hmone Shwe Yi’s fb

Share From Lovely Myanmar