You are here
Home > CELE > မြန်မာနိုင်ငံ ရဲ့ နာမည်ကြီး ဆယ်လီ လူပျို သိုးကြီး(၆) ယောက် ….

မြန်မာနိုင်ငံ ရဲ့ နာမည်ကြီး ဆယ်လီ လူပျို သိုးကြီး(၆) ယောက် ….

မြန်မာနိုင်ငံမှာ ရှိတဲ့ အမျိုးသားဆယ်လီတွေ ထဲကမှ အခုထိ အစွံ့မထုတ် ရသေးတဲ့ အမျိုးသားဆယ်လီ လူပျိုကြီးတွေ အများကြီးကျန်နေပါသေးတယ်။အဲ့ဒီအထဲကမှ အမျိုးသမီးထုကြားမှာ နာမည်ကြီးတဲ့ Single သက်တမ်း ကြာ မြင့် နေပြီ ဖြစ်တဲ့ ဆယ်လီ လူပျိုသိုးကြီးတွေကို ဖော်ပြပေးချင်ပါတယ်။သူတို့ တွေကတော့….

(၁)ရန်အောင်

နံပါတ်တစ်နေရာမှာ ရွေးပေးချင် တဲ့ ဆယ်လီ လူပျိုကြီးကတော့ ကိုရန်လေး လို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ မင်းသား ရန် အောင်ပါ။အကယ်ဒီမီဆုတွေ အများကြီးရထားသူမို့ အကယ်ဒမီများ ရှင် ကိုရန်လေး ဆိုပြီး တော့လည်း ပရိသတ် တွေ က ခေါ်ကြပါတယ်။ကိုရန်လေးကတော့ သူ့ခေတ်သူ့အခါတုန်းက မိန်းကလေး ပရိသတ်တွေရဲ့ သဲသဲ လှုပ် ၀န်းရံ အားပေးမှုကို ရခဲ့သူပါ။

မယ်သီတာလို မိန်းကလေး၊ပုဂံမှာသာတဲ့လ၊အလင်းဖျော့ကောင်းကင်၊ကြာတော့ သည်လည်း မောင့်စကား…ကိုရန်လေးရဲ့ ဇာတ်ကားကောင်းတွေက တော့ အများကြီးပါ။အခုထိလည်း ပရိသတ်ရဲ့ ချစ်ခင်အားပေး မှုကို ရထားတဲ့ လူပျိုကြီးပါ။ငယ်ငယ်က လည်း ငယ် ဂုဏ် လေးနဲ့ ချောတဲ့ ကိုရန်လေးက အခုအချိန်မှာလည်း တည်ငြိ မ်တဲ့ Gentleman တစ်ယောက် အဖြစ် နဲ့ မိန်း ကလေး ပရိသတ်ရဲ့ ချစ်ခင်အားပေးမှုကို ရ နေတုန်းပါ။(၁၉၆၆)ခုနှစ် ဒီဇင်ဘာ (၁၄)မှာ မွေးတဲ့ အသက် (၅၂)နှ စ်ရှိနေပြီဖြစ်တဲ့ ဆယ်လီ လူပျိုကြီးပါ။

(၂)ခန့်စည်သူ

နောက်ထပ်ရွေးပေး ချင်တဲ့ အနုပညာရှင် ဆယ်လီ လူပျိုကြီးကတော့ ကိုခန့်စည်သူပါ။အားလုံးက ကိုခန့်ဆိုပြီး ချစ်စနိုး နဲ့ ခေါ်ကြတဲ့ ဆယ်လီလူပျိုကြီးပါ။အနုပညာလောကမှာ အချစ်ရေးအရှုပ် အရှင်းကိစ္စမရှိသလောက် နည်းတဲ့လူပျိုကြီးပါ။ကု သိုလ် ရေးတွေ လုပ်ရင်းနဲ့ Single ဘ၀မှာ ပျော်မွေ့နေတဲ့ လူပျိုကြီးပါ။ကုသိုလ် ရေးတွေ လုပ် ရင်းနဲ့ ပဲ လူ ပျိုကြီး ဘ၀နဲ့ အရိုးထုတ်သွားမလားဆိုတာကို အားလုံးက သိချင်နေကြပါတယ်။

(၃)ဝေဠုကျော်

နောက်ထပ် အနုပညာရှင် လူပျိုကြီးကတော့ ပရဟိတ မင်းသားဆိုပြီး အားလုံးက ခေါ်ကြတဲ့ ကိုဝေဠုကျော် ပါ။ ကား ရိုက် တွေ နဲ့ အနုပညာအလုပ်ထက် ပရဟိတ အလုပ်တွေကို ပိုပြီး ဦးစား ပေး ဆောင် ရွက် နေတာ ကို တွေ့ ရပါ တယ်။Wai Lu Kyaw Foundation ကိုလည်း ထူထောင်ထားပြီး နိုင်ငံတစ်ဝန်းမှာရှိတဲ့ အကူအညီ လို အပ် နေသူ တွေကို ဘယ်လောက်ပဲ ဝေးလံ ခေါင်ဖျားနေပါစေ သွားရောက် ကူညီပေး နေတာကို တွေ့ရပါတယ်။ပရဟိတ အလုပ် တွေ လုပ် ရင်းနဲ့ ပဲ လူ ပျိုကြီး ဘ၀နဲ့ အရိုးထုတ်သွားမလားဆိုတာကို အားလုံးက သိချင်နေကြပါတယ်။

(၄)အကြည်တော်

မြန်မာနိုင်ငံမှာရှိတဲ့ FA အမျိုးသားထုရဲ့ ဂိုဏ်းချုပ်ကြီး ဆိုပြီး နာမည်ကြီးနေတဲ့ စာရေး ဆရာ အကြည်တော်ပါ။ဆရာ့ ရဲ့ အချစ်နဲ့ မိန်းကလေးတွေကို ခပ်ထေ့ထေ့ ဟာသ မြောက်အောင် သရော်ထားတဲ့ စာတွေက အရမ်း ကို နာမည်ကြီး ပါတ ယ်။FA တို့ရဲ့ ဂိုဏ်းချုပ်ကြီးမို့ ဆရာ့ရဲ့ နောက်လိုက် နောက်ပါ FA တွေ ကတော့ ဆရာအကြည်တော် တစ်ေ ယာက် အိမ်ထောင်ကျသွားမှာကို စိုးရိမ်ပူပန်နေကြပါတယ်။ဟာသတွေနဲ့ စာပေတွေ ကြားမှာပဲ ပျော်မွေ့ရင်း တစ်သက် လုံး လူပျိုကြီးဘ၀နဲ့ အရိုးထုတ် ၊မထုတ်ကတော့……………စောင့်ကြည့်ရမှာပါ။

(၅)နေတိုး

အမျိုးသမီး ထုကြားမှာ နာမည်ကြီးနေတဲ့ ဆယ်လီ လူပျိုကြီး နောက်တစ်ယောက်ကတော့ ရုပ်ရှင် သရုပ်ဆောင် အက ယ်ဒမီ ကိုနေတိုးပါ။(၁၉၈၁)ခုနှစ် စက်တင်ဘာ (၉)ရက်နေ့မှာ မွေးဖွားပြီး အသက်ကတော့ (၃၇)နှစ်ပါ။

ရည်ရွယ်ထား သူ ရှိနေပါပြီလို့ အရင်တုန်းက အင်တာဗျူးတွေမှာ ဖြေခဲ့ဖူးပါတယ်။တည်ငြိမ်၊ချောမောပြီး ယောက်ကျားပီသတဲ့ စိတ် ဓါတ် ကြောင့် အမျိုးသမီးထုကြားမှာ အရမ်းကို ရေပန်းစားပါတယ်။အနုပညာလောကမှာလည်း အချစ်ရေး အရှုပ်အရှင်း ကိစ္စတွေ မရှိတဲ့ မင်းသားပါ။မိန်းကလေးတွေ လက်ထပ်ချင်တဲ့ Type မျိုး ဖြစ်တဲ့ လူပျိုကြီး နေတိုးကို ပိုင်ဆိုင် ခွင့် ရမယ့် အမျိုးသမီးက ဘယ်သူဖြစ်လာမလဲ ဆိုတာကို ပရိသတ်တွေ က စိတ်ဝင်တစားစောင့်ကြည့်နေကြပါတယ်။

(၆)စိုင်းစိုင်း

စိုင်းစိုင်းကတော့ ချစ်တဲ့ သူတွေ ၀ိုင်းဝိုင်း လည် နေသူပါ။ စိုင်းစိုင်းကနေ ဦးစိုင်းဖြစ်တဲ့ အထိ ပျိုပျို အိုအို အမျိုး သမီးေ တွရဲ့ အချစ်တွေ အများကြီးကို ရထားသူပါ။အချစ်တွေ များပြီးအခု ထိ လက်ဆုပ်လက်ကိုင် သေချာ ပြစရာမရှိတဲ့ ဆယ်လီ လူပျိုကြီး လို့ ပြောလို့ ရပါတယ်။(၁၉၇၉)ခုနှစ် ဧပြီ (၁၀)ရက်မှာ မွေးတာမို့ အသက် (၄၀) ရှိနေပါပြီ။ စိုင်းစို င်းရဲ့ ပရိသတ်တွေကလည်း သူတို့ကသာ အိမ်ထောင်ပြုချင်ပြုမယ် စိုင်းစိုင်း ကိုတော့ တစ်သက်လုံး လူပျိုကြီးဘ၀နဲ့ပဲ အရိုးထုတ်စေချင်တဲ့ သူတွေက များနေပါတယ်။စိုင်းစိုင်းတစ်ယောက် အချစ်တွေ များလွန်းလို့ပဲ ရွေးရခက်နေတာလား (ဒါမှမဟုတ်) ရွေးလွန်း လို့ မရတာလား …

ဆိုတာကို အားလုံးက သိချင်နေပါတယ်။ဥစ္စာပေါ၊ရုပ်ချော၊ သေ ဘာမနောကောင်းတဲ့ စိုင်းစိုင်းကိုရော ဘယ်လို ကံထူးရှင်လေးက ပိုင်ဆိုင်ခွင့်ရသွားမလဲ … ဆိုတာကတော့ စောင့် ကြည့် ရအုံးမှာပါ။

CRD-AUNTYMAY
Share From letpan

Top
//waufooke.com/4/3018672