You are here
Home > Health > .ေဆးလိပ္သမားမ်ားအတြက္ အဆုတ္သန္႔စင္ေဆး

.ေဆးလိပ္သမားမ်ားအတြက္ အဆုတ္သန္႔စင္ေဆး

Zawgyi ျဖင့္ဖတ္၇န္

အဆုတ္သန္႔စင္လိုသူမ်ားအတြက္ အထူးသင့္ေလ်ာ္ေသာ ေတာေလးညႇင္းပါ။မိုးတြင္းအခါ လယ္ကြင္းထဲတြင္ အလြန္ေပါမ်ားစြာ ေပါက္ေသာ အပင္ပါ။
လယ္သမားမ်ား စပါးစိုက္ျခင္းကို ေႏွာက္ယွက္လို႔ စိတ္ညစ္ရေသာအပင္ ျဖစ္သည္။
သို႔ေသာ္ ေဆးဖက္အလြန္ဝင္ေသာ အဆုတ္သန္႔စင္ အားေကာင္းေဆးပါ။

အရိုးစိမ္း ႏွင့္ အရိုးနီ ၂မ်ိဳးရွိၿပီး အရိုးနီကေတာ့ အစြမ္းပိုထက္သည္။

သြင္ျပင္လကၡဏာ

ေတာေလးညႇင္း ကိုရွာေဖြလိုလ်င္အပြင့္အဝါ ေသးေသးေလး ၄ခ်ပ္ရွိေသာ အပင္ကိုရွာပါ။
ပြင့္ခ်ပ္ေလးမ်ား ဖယ္ၾကည့္လိုက္လၽွင္ ေလးညႇင္းပံုစံ အပြင့္ခံရိုးတန္ရွိပါသည္။
အရိုးသည္ လံုးဝိုင္းမႈ႕ မရွိပဲ ေစာင္းမ်ားရွိသည္ကို ေတြ႕ရပါမည္။

ေတြ႕ရွိရာအရပ္

ေျမပြပြ ေရစပ္စပ္ တြင္ အလြန္ျဖစ္ထြန္းပါသည္။

ေရတေပေလာက္ျမဳတ္ေနၿပီး အလြန္ႏံုးမ်ားေသာ အခ်ိဳ ေရေျမာင္းႀကီးမ်ားတြင္ ႏႈတ္စရာမလိုပဲ မလိုက္လ်င္ ပါလာပါသည္။

ေတြ႕ရွိႏိုင္သည့္အခ်ိန္

မိုးရာသီ ျမစ္ဝကၽြန္းေပၚ လယ္ကြက္မ်ားအတြင္း အလြန္ေပါမ်ားစြာေတြ႕ရွိရပါသည္။
ၿမိဳ႕ေပၚတြင္မူ ေရေျမာင္းေဘး အနီးပါတ္ဝန္းက်င္တြင္ေတြ႕ရတတ္ပါသည္။

မိုးတြင္းအခါ အပင္သည္ လူတရပ္ေက်ာ္ရွည္၍ အရြက္သည္ တထြာခန္႔ထိရွိတတ္ပါသည္။
ေႏြရာသီတြင္မူ ေရစပ္စပ္ေနရာမ်ားတြင္ ရွားပါးစြာ ရွာေဖြေတြ႕တတ္ပါသည္။
ေတြ႕ရွိလ်င္လည္း လက္သီးဆုတ္သာသာအပင္ တေပခန္႔အျမင့္ရွိေသာအပင္ အရြက္ ကုတ္ကုတ္ျဖင့္သာေတြ႕ႏိုင္ပါသည္။

ေဆးနည္း
★★★
★★★★★★★
★★★★★★★★★★

အပင္တပင္လံုးကို ေရစင္စြာေဆး၍ ၃ခြက္ တခြက္တင္ႀကိဳေသာက္ပါ။
အဆုတ္ ျပႆ နာ မၾကာခဏရွိသူမ်ားသည္ယခုလို မိုးကုန္ခါနီး အပင္က်မသြားခင္ အေျခာက္လွမ္း၍ သိမ္းထားၿပီး အပင္မ်ား ေႏြအခ်ိန္ မရွိေတာ့လ်င္ ေတာေလးညႇင္းေျခာက္ကို ေရေႏြးၾကမ္းခပ္၍ သံုးေဆာင္ႏိုင္ပါသည္။

Credit

Unicodeဖြင့်ဖတ်ရန်

အဆုတ်သန့်စင်လိုသူများအတွက် အထူးသင့်လျော်သော တောလေးညှင်းပါ။မိုးတွင်းအခါ လယ်ကွင်းထဲတွင် အလွန်ပေါများစွာ ပေါက်သော အပင်ပါ။
လယ်သမားများ စပါးစိုက်ခြင်းကို နှောက်ယှက်လို့ စိတ်ညစ်ရသောအပင် ဖြစ်သည်။
သို့သော် ဆေးဖက်အလွန်ဝင်သော အဆုတ်သန့်စင် အားကောင်းဆေးပါ။

အရိုးစိမ်း နှင့် အရိုးနီ ၂မျိုးရှိပြီး အရိုးနီကတော့ အစွမ်းပိုထက်သည်။

သွင်ပြင်လက္ခဏာ

တောလေးညှင်း ကိုရှာဖွေလိုလျင်အပွင့်အဝါ သေးသေးလေး ၄ချပ်ရှိသော အပင်ကိုရှာပါ။

ပွင့်ချပ်လေးများ ဖယ်ကြည့်လိုက်လျှင် လေးညှင်းပုံစံ အပွင့်ခံရိုးတန်ရှိပါသည်။
အရိုးသည် လုံးဝိုင်းမှု့ မရှိပဲ စောင်းများရှိသည်ကို တွေ့ရပါမည်။
တွေ့ရှိရာအရပ်

မြေပွပွ ရေစပ်စပ် တွင် အလွန်ဖြစ်ထွန်းပါသည်။
ရေတပေလောက်မြုတ်နေပြီး အလွန်နုံးများသော အချို ရေမြောင်းကြီးများတွင် နှုတ်စရာမလိုပဲ မလိုက်လျင် ပါလာပါသည်။

တွေ့ရှိနိုင်သည့်အချိန်

မိုးရာသီ မြစ်ဝကျွန်းပေါ် လယ်ကွက်များအတွင်း အလွန်ပေါများစွာတွေ့ရှိရပါသည်။

မြို့ပေါ်တွင်မူ ရေမြောင်းဘေး အနီးပါတ်ဝန်းကျင်တွင်တွေ့ရတတ်ပါသည်။
မိုးတွင်းအခါ အပင်သည် လူတရပ်ကျော်ရှည်၍ အရွက်သည် တထွာခန့်ထိရှိတတ်ပါသည်။
နွေရာသီတွင်မူ ရေစပ်စပ်နေရာများတွင် ရှားပါးစွာ ရှာဖွေတွေ့တတ်ပါသည်။

တွေ့ရှိလျင်လည်း လက်သီးဆုတ်သာသာအပင် တပေခန့်အမြင့်ရှိသောအပင် အရွက် ကုတ်ကုတ်ဖြင့်သာတွေ့နိုင်ပါသည်။

ဆေးနည်း
★★★
★★★★★★★
★★★★★★★★★★

အပင်တပင်လုံးကို ရေစင်စွာဆေး၍ ၃ခွက် တခွက်တင်ကြိုသောက်ပါ။
အဆုတ် ပြဿ နာ မကြာခဏရှိသူများသည်ယခုလို မိုးကုန်ခါနီး အပင်ကျမသွားခင် အခြောက်လှမ်း၍ သိမ်းထားပြီး အပင်များ နွေအချိန် မရှိတော့လျင် တောလေးညှင်းခြောက်ကို ရေနွေးကြမ်းခပ်၍ သုံးဆောင်နိုင်ပါသည်။

Credit
ျမန္မာေဆးစြမ္းေကာင္းမ်ား

Top
//vaikijie.net/4/3018672