.မင်းသားချောလေးနှစ်ယောက်ကြားမှာ ရှက်ပြုံးလေးပြုံးပြီး ဘယ်သူနဲ့လိုက်ဖက်လဲလို့မေးလိုက်တဲ့ ပိုးကြာဖြူခင်

သရုပ်ဆောင် မင်းသမီးချောလေး ပိုးကြာဖြူခင်ကတော့ ပရိသတ်တွေကြားမှာ ဆိုင်းမိုင်ဆိုတဲ့ နာမည်လေးနဲ့ ရေပန်းစားကျော်ကြားနေတာ ဖြစ်ပါတယ်။ ဆံနွယ်အရှည်နဲ့ မြန်မာဆန်ဆန်လေး လှနေတဲ့ ပိုးကြာဖြူခင်က ပရိသတ်တွေရဲ့ရင်ကို အေးချမ်းမှုတွေပေးစွမ်းနိုင်သူလေးလည်း ဖြစ်ပါတယ်။ “မိုးကောင်းကင် အိပ်မက် ၊ ဝင်္ကပါစံအိမ်” စတဲ့ ဇာတ်လမ်းတွဲလေးတွေနဲ့ အောင်မြင်လာတဲ့ ပိုးကြာဖြူခင်က နောက်ထပ်ဇာတ်လမ်းတွဲအသစ်တွေလည်း ရိုက်ကူးနေတာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ ပိုးကြာဖြူခင်က မင်းသားချော ကျော်ထက်ဇော်နဲ့အတူ “ကြယ်ကလေးရဲ့ကောင်းကင်” ဇာတ်လမ်းတွဲလေးကို ရိုက်ကူးပြီးစီးခဲ့ပြီ ဖြစ်ပါတယ်။ မနေ့ကလည်း ပိုးကြာဖြူခင်နဲ့အတူ မင်းသားချော အောင်ရေချမ်း၊ မင်းသားချော ကောင်းမြတ်စံတို့က ပြက္ခဒိန်ကြော်ငြာလေးတစ်ခုကို ရိုက်ကူးခဲ့ကြပါတယ်။ ပိုးက မင်းသားချောလေးနှစ်ယောက်ကြားမှာ ချစ်စရာအပြုံးလေးတွေနဲ့ အရမ်းကို လှနေတာပဲ ဖြစ်ပါတယ်။

ပိုးကြာဖြူခင်က ” ပြက္ခဒိန် အတွဲပုံလေးတွေ ရိုက်နေပါတယ်ဗျို့ ဘယ်သူနဲ့ အလိုက်ဖက်ဆုံးလို့ထင်လဲ ” ဆိုပြီး ရိုက်ကွင်းပုံလေးတွေကို တင်ထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကတော့ ချစ်စရာကောင်းတဲ့ ပိုးကြာဖြူခင်ရဲ့ပုံလေးတွေကိုကြည့်ပြီး အချစ်တွေပိုနေကြတာလည်း တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသားချောလေး နှစ်ယောက်နဲ့အတူ ရိုက်ကူးရေးပြုလုပ်နေတဲ့ ပိုးကြာဖြူခင်ရဲ့ပုံလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Poe Kyar Phyu Khin;credit – myanmarlaod
Share From Lucky Myanmar