You are here
Home > CELE > ဇာတ်ကားရိုက် ဖို့အတွက် ကိုရီးယား ကို ရောက်ရှိနေပြီဖြစ်တဲ့ ပြည်သူ့ အသည်းကျော်လေး ရွှေကစ်

ဇာတ်ကားရိုက် ဖို့အတွက် ကိုရီးယား ကို ရောက်ရှိနေပြီဖြစ်တဲ့ ပြည်သူ့ အသည်းကျော်လေး ရွှေကစ်

ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားတဲ့ ပြည်သူ့အချစ်တော် သရုပ်ဆောင် မင်းသမီးချောလေး ဝတ်မှုံရွှေရည်ကတော့ အနုပညာလောကမှာ ထိပ်တန်းကနေ ရပ်တည်နေပြီး ချစ်စဖွယ် ပုံရိပ်လေးတွေနဲ့ အမြဲဖမ်း စားထားသူလေးပါ..။

အောင်မြင်ကျော်ကြားတဲ့ ပြည်သူ့အသည်းကျော်လေးတွေ ရွှေကစ်ကတော့ နှစ်နိုင်ငံပူးပေါင်း ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးနေပြီး အခုတစ်ခါမှာလည်း မြန်မာ-ကိုရီးယား နှစ်နိုင်ငံပူပေါင်း ဇာတ်ကားဖြစ်တဲ့ “တိမ်တွေပေါ်က ပန်း” ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ပါဝင်သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်..။

ပြည်သူ့အသည်းကျော်လေး ရွှေကစ်ကတော့ လတ်တလောမှာ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ကို ရောက်ရှိနေပြီ ဖြစ်ပါတယ်နော်..။

မကြာမှီရိုက်ကူးတော့မယ့် “တိမ်တွေပေါ်က ပန်း” ရုပ်ရှပ်ရှင် ဇာတ်ကားကြီးအတွက် ရွှေကစ်လေးအပြင် ဒါရိုက်တာဇင်ရော်မောင်မောင်နဲ့ သားဖြစ်သူ လင်းသန့်မောင်မောင် တို့ကလည်း လတ်တလောမှာ ကိုရီးယားနိုင်ငံကို ဇာတ်ကားရိုက်ကူးရေးအတွက် ရောက်ရှိနေကြတာပါ..။

သူမရဲ့လှုပ်ရှားမှုလေးတွေကို အမြဲမျှဝေလေ့ရှိသလို ကိုရီးယားကို ရောက်ရှိနေပြီဖြစ် တဲ့ အကြောင်းလေး နဲ့ ကိုရီးယားမှာ နှစ်ပတ်ကြာ နေမှာဖြစ်တဲ့ အကြောင်းလေးကိုလည်း ရွှေကစ်လေးက ချစ်ပရိသတ်တွေကိုလည်း အသိပေးပြောပြ ထားပါသေးတယ်..။

ချစ်စရာကောင်းလွန်းတဲ့ ရွှေကစ်လေးရဲ့ ပုံရိပ်လေးတွေနဲ့ ကိုရီးယား အနုပညာုရှင်တွေနဲ့ အတူ ဓာတ်ဖမ်းထားတဲ့ ပုံရိပ်လေးတွေကိုလည်း ချစ်ပရိသတ်တွေအတွက် အလွမ်းပြေလေး ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

CRD-Myanmarload

Share From letpan

Top
//potsaglu.net/4/3018672