မြင်နေကျပုံစံများ နဲ့မတူ တစ်မူထူးခြားတဲ့ အတွဲလေးအဖြစ်တွေ့ရှိရမယ့် နေတိုးနဲ့ မေမြင့်မိုရ်

ပရိတ်သတ်တွေ ရဲ့အချစ်ကိုသိမ်းပိုက်ထားတဲ့ အနုပညာရှင်များထဲတွင် ထိပ်တန်း ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီနေတိုးတစ်ယောက်လည်းအပါအဝင် ဖြစ်ပါတယ်။ နေတိုးဟာ ကျရာဇာတ်ရုပ် ကို ကျွမ်းကျင် ပီပြင်စွာသရုပ်ဆောင်နိုင်သည့်အပြင် ထူးခြားကောင်းမွန်တဲ့အသံပါရမီနဲ့လည်း ပြည့်စုံတဲ့ ပြည်သူချစ်အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ လတ်တလောမှာ လည်း နေခြည်ဦးနဲ့အတူ “ အခမ်းနားဆုံး မေတ္တာ” ဆိုတဲ့ရုပ်ရှင်ကားကြီးရိုက်ကူးနေတာပါ။

ရုပ်သံဇာတ်လမ်းတွဲများကနေ တစ်ဆင့် ပရိသတ်တွေရဲ့ရင်ထဲထိဝင်ရောက်နေရာယူထားသူလေးကတော့ မင်းသမီးချောလေး မေမြင့်မိုရ်ပဲ ဖြစ်ပါတယ်။ သူမရဲ့ချစ်စဖွယ်အမူအရာလေးတွေက လည်း ပရိသတ်တွေကို အချစ်ပိုစေတဲ့အဓိကအချက်ပဲ ဖြစ်ပါတယ်။ ကြော်ငြာလေးတွေအများဆုံးရိုက်ကူးနေရတာပဲ ဖြစ်ပြီးရုပ်ရှင်ဇာတ်ကားများနဲ့ရုပ်သံဇာတ်လမ်းတွဲများလည်း ရိုက်ကူးနေတာပဲ ဖြစ်ပါတယ်။

သူတို့နှစ်ဦးဟာ အခုမှာတော့ Sunday Tea Mix And coffee mix ကြော်ငြာလေးရိုက်ကူးနေကြတာပဲ ဖြစ်ပါတယ်။ကြော်ငြာရိုက်ကွင်းပုံရိပ်လေးတွေကိုတော့ မေမြင့်မိုရ်ရဲ့လူမှုကွန်ယက်စာမျက်နှာမှာဝေမျှထားတာပါ။ အတွဲ ညီညီလိုက်ဖက်စွာ ကြော်ငြာရိုက်ကူးနေတဲ့ သူတို့နှစ်ယောက်ရဲ့ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

crd : myanmarload
Share From letpan