လူတစ်ယောက်လုံး ဘေးကိုလွင့်သွားရလောက်အောင် ကားတိုက်ခံလိုက်ရတဲ့ မင်းသမီးချောလေး နေခြည်ရွှန်းလဲ့

ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားကြတဲ့ ပြည်သူ့အချစ်တော် အနုပညာရှင်တွေထဲမှာ MRTV-4 ဇာတ်ကားတွေနဲ့ ပရိသတ်တွေရင်ထဲရောက်လာတဲ့ သရုပ်ဆောင်မင်းသမီးချောလေး နေခြည်ရွှန်းလဲ့ကလည်း အပါအဝင်ပါပဲ..။

မင်းသမီးချောလေး နေခြည်ရွှန်းလဲ့ကတော့ “ပုဂံမြို့သူ” ဇာတ်ကားမှာ ဂွမ်းနုလေးအဖြစ်ပါဝင်သရုပ်ဆောင်ထားသလို “မျက်လုံးမာအလွမ်း နှုတ်ခမ်းမှာမာန” ဇာတ်ကားထဲမှာလည်း နှင်းနွေးအဖြစ် ပရိသတ်တွေရဲ့ အသည်ေးတွကို ခြွေယူထားသူလေးပဲ ဖြစ်ပါတယ်..။

ပရိသတ်တွေရဲ့ အချစ်တော်နှင်းနွေလေးတစ်ယောက် လူတစ်ယောက်လုံး ဘေးကိုလွှင့်သွားရလောက်အောင် ယာဉ်တိုက်မှုတစ်ခုဖြစ်ပွားခဲ့ပြီး ကြောက်လွန်းလို့ စကားတောင် မပြောနိုင်ရှာပါဘူးလို့ ဆိုပါတယ်..။

သူမထိုင်နေတဲ့ဘက် အခြမ်းကနေ ကန့်လန့်ကြီး အတိုက်ခံလိုက်ရတာဖြစ်ပြီး လူတစ်ယောက်လုံးဘေးကိုတောင် လွှင့်သွားရတဲ့အထိဖြစ်သွားရတာမို့ ကြောက်လွန်းလို့ စကားတောင် မပြောနိုင်ဖြစ်ခဲ့ရတာ ဖြစ်ပါတယ်..။

ယာဉ်မတော်တဆဖြစ်ခဲ့ရတဲ့ အကြောင်းကိုတော့ မင်းသမီးချောလေး နေခြည်ရွှန်းလဲ့က ပရိသတ်တွေကို အသိပေးပြောပြထားပြီး ပရိသတ်တွေကလည်း နှင်းနွေလေးအတွက် စိုးရိမ်နေကြပါတယ်နော်..။

ပရိသတ်တွေရဲ့ အချစ်တော်လေး နေခြည်ရွှန်းလဲ့တစ်ယောက် ယာဉ်မတော်တဆမှုမှာ အရမ်းကိုကြောက်နေခဲ့တာမို့ သူမအတွက် အားပေးစကားလေးတွေလည်း ပြောပေးသွားကြပါဦးနော်..။

Photo – နေခြည်ရွှန်းလဲ့
Share From swelsonenews