Unicode
ဒေါ်အောင်ဆန်းစုကြည် တည်ထားကိုးကွယ်ခဲ့တဲ့ စေတီမှာ အကယ်ဒမီ ရွှေစင်ရုပ်တုကို လှူဒါန်းခဲ့တဲ့ ကျော်ကျော်ဗိုလ်
ပြည်သူချစ် အနုပညာရှင် တယောက်ဖြစ်တဲ့ ကျော်ကျော်ဗိုလ် ကတော့ ယခုနောက်ပိုင်းမှာ အကောင်းဆုံး
ရုပ်ရှင်တွေကို ချပြနေပြီး ပရိသတ်တွေလက်ခံအားပေးတဲ့ အဆင့်ထိကို ရောက်လာခဲ့ပါတယ်။
ပြီးခဲ့တဲ့ နှစ်တုန်းကလည်း မုန်းစွဲဆိုတဲ့ ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး အကောင်းဆုံး ဇာတ်ပို့
အကယ်ဒမီဆုကြီးကို ရရှိခဲ့တာ ဖြစ်ပါတယ်။ ကျော်ကျော်ဗိုလ်ရရှိတဲ့ အကယ်ဒမီကတော့ ပြည်သူတွေအားလုံးနဲ့
တထပ်ထဲကျတာကြောင့် သူ့အနေနဲ့လည်း အတိုင်းမသိ ဝမ်းသာ ခဲ့တာလည်း ဖြစ်ပါတယ်။
ကျော်ကျော်ဗိုလ် ကတော့ သူရရှိခဲ့တဲ့ အကယ်ဒမီကြယ်ပွင့်ကိုတော့ မွန်မြတ်လွန်းတဲ့ နေရာမှာ အလှူအတန်း
ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။ ကျော်ကျော်ဗိုလ်ကတော့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်
တည်ထားကိုးကွယ်တဲ့ ထာဝရငြိမ်းချမ်းရေး စေတီတော်မှာ သူရရှိတဲ့ အကယ်ဒမီရွှေစင်ဆုနဲ့ ရရှိထားတဲ့
ရွှေတစ်ကျပ်သား ရွှေဒင်္ဂါးပြားကို လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။
ဒီလိုမျိုး ကိုယ်ရရှိထားတဲ့ ဘဝမှတ်တိုင်တခုကို မွန်မြတ်တဲ့နေရာမှာ အလှူအတန်းပြုလုပ်ခဲ့တာကြောင့်
ပရိသတ်တော်တော်များများကလည်း ချီးကျူးထားကြပါတယ်။ ကျော်ကျော်ဗိုလ်ကတော့ သရုပ်ဆောင် အပြင်
လူရွှင်တောင်၊ ဇာတ်မင်းသားနဲ့ သီချင်းဆိုတဲ့နေရာတွေမှာလည်း ပါရမီပါပြီး တော်တဲ့သူ ဖြစ်ပါတယ်။
ဒါ ကြောင့် အ နု ပ ညာ ကို ရူး သွပ် သူ တ ဦး အ နေ နဲ့ ပ ရိ သတ် တွေ အား ပေး ကြ တဲ့ ကျော် ကျော် ဗိုလ် က တော့ သူ့ ရဲ့
ကြိုး စား မှု တွေ ကြောင့် လည်း အ ကယ် ဒ မီ ကျော် ကျော် ဗိုလ် ဆို တာ ဖြစ် လာ ခဲ့ တာ ဖြစ် ပါ တယ်။ ဒါ ပြင့် ကျော်
ကျော် ဗိုလ် က တော့ ရုံ ကြီး ဇာတ် ကား တွေ မှာ လည်း ခပ် စိပ် စိပ် တွေ့ နေ ရ တဲ့ မင်း သား တ ယောက် လည်း ဖြစ် ပါ
တယ်။
Leave a Reply
Your email address will not be published.