Zawgyi ျဖင့္ဖတ္ရန္
လူႀကီးလူငယ္ေတြၾကားေခတ္စားေနတဲ့ လက္ဖက္ရည္တစ္မ်ိဳးကေတာ့ အထဲမွာ ဂ်ယ္လီလို ေပ်ာ့ေပ်ာ့အိအိ
အသီးေလးေတြပါတဲ့ Bubble tea ျဖစ္ပါတယ္။ ေဈးဝယ္စင္တာေတြရဲ႕ အေအးဆိုင္ေလးေတြမွာ အလြယ္တစ္ကူ
ဝယ္ယူလို႔ရပါတယ္။
Bubble tea ေသာက္ေနက် မိန္းကေလးတစ္ေယာက္ရဲ႕ အစာအိမ္နဲ႔ ကလီစာေတြထဲမွာ Bubble tea ထဲက အသီးေလးေတြ
ပိတ္ေနခဲ့တဲ့ အျဖစ္ပ်က္တစ္ခု ေမလ ၂၈ ရက္ေန႔က ျဖစ္ပြားခဲ့ၿပီး ေဆး႐ုံတင္ခဲ့ရပါတယ္။
တ႐ုတ္ႏိုင္ငံ ဂ်ီးက်န္း စီရင္စုက အသက္ ၁၄ ႏွစ္အ႐ြယ္ မိန္းကေလးဟာ အစားလည္းမစားႏိုင္ ဝမ္းသြားရာမွာလည္း ခက္ခဲၿပီး
ဗိုက္ေအာင့္ေဝဒနာ ခံစားေနရတဲ့အတြက္ ေဆး႐ုံတက္ခဲ့ရပါတယ္။ ဆရာဝန္ေတြက သူ႔ရဲ႕ ဝမ္းဗိုက္ပိုင္းကို
စီတီစကင္႐ိုက္ၾကည့္တဲ့အခါ သူမရဲ႕ အစာအိမ္နဲ႔ ကလီစာေတြထဲမွာ အလုံးေသးေသးေလးေတြ တန္းစီပိတ္ဆို႔ေနတာကို
အံ့အားသင့္စြာနဲ႔ ေတြ႕လိုက္ရပါတယ္။ Bubble tea ထဲက အသီးလုံးေလးေတြ ျဖစ္ပါတယ္။
မိန္းကေလးဟာ Bubble tea ကို လြန္ခဲ့တဲ့ ၅ ရက္ခန႔္က ေနာက္ဆုံးေသာက္ခဲ့တယ္လို႔ ေျဖၾကားခဲ့ပါတယ္။ ဒါေပမယ့္
ဆရာဝန္ျဖစ္သူ ေဒါက္တာက်န္း က အခုလို ပိတ္ဆို႔ေနတဲ့ ပုံစံဟာ တစ္ေန႔တစ္ရက္ထဲ ေသာက္ထားတာေၾကာင့္ေတာ့
မျဖစ္ႏိုင္ဘူးလို႔ ဆိုပါတယ္။ မိန္းကေလးဟာ Bubble tea ေသာက္တဲ့အက်င့္ကို မိဘေတြဆီကေန ရခဲ့တာျဖစ္ၿပီး
ပုံမွန္ေသာက္ျဖစ္ေနခဲ့တယ္လို႔ ဆိုပါတယ္။
သူမကို ဝမ္းခ်ဴေဆးေပးၿပီး အစာအိမ္ထဲကေန အလုံးေလးေတြ ျပန္ထြက္ေအာင္ ကုသေပးခဲ့ပါတယ္။
Bubble tea ထဲမွာပါတဲ့ အသီးစိေလးေတြဟာ ပီေလာပီနံမႈန႔္နဲ႔ ျပဳလုပ္ထားတာေၾကာင့္ ဗိုက္ထဲေရာက္သြားရင္ လြယ္လြယ္နဲ႔
အစာမေၾကႏိုင္ေၾကာင္း ေဒါက္တာဟီယုလင္း က ေျပာၾကားခဲ့ပါတယ္။ အခ်ိဳ႕ဆိုင္ေတြဆိုရင္ ဘာမွန္းမသိတဲ့
ေစးပ်စ္ပ်စ္အရာေတြနဲ႔ သူတို႔ကိုယ္တိုင္ လုပ္တတ္ၾကတယ္၊ ဘာေတြနဲ႔ လုပ္ထားမွန္းမသိေတာ့ အခန႔္မသင့္ရင္
က်န္းမာေရးကိုပါ ထိခိုက္ႏိုင္တယ္လို႔ ျဖည့္စြက္ေျပာခဲ့ပါတယ္။
Bubble tea ထဲက အစိေလးေတြဟာ အစာေခ်စနစ္ကိုလည္း ဒုကၡေပးႏိုင္လို႔ အမ်ားႀကီး မစားသင့္ဘူးလို႔
အႀကံျပဳထားပါတယ္။
Bubble tea ႀကိဳက္သူေတြအေနနဲ႔လည္း သတိထားသင့္ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။
Credit : popolay
Unicode ဖြင့်ဖတ်ရန်
အစာအိမ်နဲ့ အူလမ်းကြောင်းမှာ Bubble tea အသီးလေးများ ဆို့ပြီး ဆေးရုံရောက်
လူကြီးလူငယ်တွေကြားခေတ်စားနေတဲ့ လက်ဖက်ရည်တစ်မျိုးကတော့ အထဲမှာ ဂျယ်လီလို ပျော့ပျော့အိအိ
အသီးလေးတွေပါတဲ့ Bubble tea ဖြစ်ပါတယ်။ ဈေးဝယ်စင်တာတွေရဲ့ အအေးဆိုင်လေးတွေမှာ အလွယ်တစ်ကူ
ဝယ်ယူလို့ရပါတယ်။
Bubble tea သောက်နေကျ မိန်းကလေးတစ်ယောက်ရဲ့ အစာအိမ်နဲ့ ကလီစာတွေထဲမှာ Bubble tea ထဲက
အသီးလေးတွေ ပိတ်နေခဲ့တဲ့ အဖြစ်ပျက်တစ်ခု မေလ ၂၈ ရက်နေ့က ဖြစ်ပွားခဲ့ပြီး ဆေးရုံတင်ခဲ့ရပါတယ်။
တရုတ်နိုင်ငံ ဂျီးကျန်း စီရင်စုက အသက် ၁၄ နှစ်အရွယ် မိန်းကလေးဟာ အစားလည်းမစားနိုင် ဝမ်းသွားရာမှာလည်း
ခက်ခဲပြီး ဗိုက်အောင့်ဝေဒနာ ခံစားနေရတဲ့အတွက် ဆေးရုံတက်ခဲ့ရပါတယ်။ ဆရာဝန်တွေက သူ့ရဲ့ ဝမ်းဗိုက်ပိုင်းကို
စီတီစကင်ရိုက်ကြည့်တဲ့အခါ သူမရဲ့ အစာအိမ်နဲ့ ကလီစာတွေထဲမှာ အလုံးသေးသေးလေးတွေ တန်းစီပိတ်ဆို့နေတာကို
အံ့အားသင့်စွာနဲ့ တွေ့လိုက်ရပါတယ်။ Bubble tea ထဲက အသီးလုံးလေးတွေ ဖြစ်ပါတယ်။
မိန်းကလေးဟာ Bubble tea ကို လွန်ခဲ့တဲ့ ၅ ရက်ခန့်က နောက်ဆုံးသောက်ခဲ့တယ်လို့ ဖြေကြားခဲ့ပါတယ်။ ဒါပေမယ့်
ဆရာဝန်ဖြစ်သူ ဒေါက်တာကျန်း က အခုလို ပိတ်ဆို့နေတဲ့ ပုံစံဟာ တစ်နေ့တစ်ရက်ထဲ သောက်ထားတာကြောင့်တော့
မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။ မိန်းကလေးဟာ Bubble tea သောက်တဲ့အကျင့်ကို မိဘတွေဆီကနေ ရခဲ့တာဖြစ်ပြီး
ပုံမှန်သောက်ဖြစ်နေခဲ့တယ်လို့ ဆိုပါတယ်။
သူမကို ဝမ်းချူဆေးပေးပြီး အစာအိမ်ထဲကနေ အလုံးလေးတွေ ပြန်ထွက်အောင် ကုသပေးခဲ့ပါတယ်။
Bubble tea ထဲမှာပါတဲ့ အသီးစိလေးတွေဟာ ပီလောပီနံမှုန့်နဲ့ ပြုလုပ်ထားတာကြောင့် ဗိုက်ထဲရောက်သွားရင်
လွယ်လွယ်နဲ့ အစာမကြေနိုင်ကြောင်း ဒေါက်တာဟီယုလင်း က ပြောကြားခဲ့ပါတယ်။ အချို့ဆိုင်တွေဆိုရင် ဘာမှန်းမသိတဲ့
စေးပျစ်ပျစ်အရာတွေနဲ့ သူတို့ကိုယ်တိုင် လုပ်တတ်ကြတယ်၊ ဘာတွေနဲ့ လုပ်ထားမှန်းမသိတော့ အခန့်မသင့်ရင်
ကျန်းမာရေးကိုပါ ထိခိုက်နိုင်တယ်လို့ ဖြည့်စွက်ပြောခဲ့ပါတယ်။
Bubble tea ထဲက အစိလေးတွေဟာ အစာချေစနစ်ကိုလည်း ဒုက္ခပေးနိုင်လို့ အများကြီး မစားသင့်ဘူးလို့
အကြံပြုထားပါတယ်။
Bubble tea ကြိုက်သူတွေအနေနဲ့လည်း သတိထားသင့်ပါကြောင်း ဖော်ပြလိုက်ရပါတယ်။
Credit : popolay