
Zawgyi
၂၀၁၉ ခုႏွစ္ တကၠသိုလ္ဝင္စာေမးပြဲကို ေျဖဆိုသည့္ အသက္ ၇၃ ႏွစ္အရြယ္ ဦးစိုင္းေအာင္ၫြန္႔သည္ စာေမးပြဲ ေအာင္စာရင္းကို
အင္တာနက္ကေနသာၾကည့္ ႐ႈ့မည္ျဖစ္ေၾကာင္း သိရသည္။
“ေက်ာင္းကိုသြား မၾကည့္ေတာ့ဘူး၊ အင္တာနက္ကေနၾကည့္လို႔ရတယ္ဆိုေတာ့ အိမ္မွာပဲ ၾကည့္ေတာ့မယ္”ဟု
ဦးစိုင္းေအာင္ၫႊန္႔ က ေျပာသည္။
အသက္ ၇၃ ႏွစ္အရြယ္ အဘိုး ဦးစိုင္းေအာင္ၫႊန္႔သည္ တကၠသိုလ္ဝင္စာေမးပြဲ ျမန္မာဘာသာရပ္ကို ခ်မ္းေအးသာစံၿမိဳ႕နယ္
အမွတ္ ၅ အေျခခံပညာ အထက္တန္းေက်ာင္းတြင္ ေျဖဆိုခ့ဲသည္။
အမွတ္ ၅ အေျခခံပညာ အထက္တန္းေက်ာင္းတြင္ စာေျဖခန္း ၂၇ ခန္း ေက်ာင္းသား ၈၀၀ လာေရာက္ေျဖဆိုရာတြင္
ဦးစိုင္းေအာင္ၫႊန္႔ ပါဝင္ခဲ့သည္။
၂၀၁၉ – ခုႏွစ္ ၊ မတ္လအတြင္းက က်င္းပစစ္ေဆးခဲ့ေသာ တကၠသိုလ္ဝင္ စာေမးပြဲေအာင္စာရင္းမ်ားကို ဇြန္ ၈ ရက္ စေနေန႔
နံနက္ ၆ နာရီတြင္ ထုတ္ျပန္ေၾကညာမည္ ျဖစ္သည္။
အဆိုပါ ေအာင္စာရင္းမ်ားကို သက္ဆိုင္ရာ ၿမိဳ့နယ္အသီးသီးရွိ သက္ဆိုင္ရာ စာစစ္ဌာနေက်ာင္းမ်ားတြင္ တစ္ခ်ိန္တည္း
ကပ္ထားမည္ျဖစ္သည္။ ထို့အျပင္ အင္းစိန္ၿမိဳ့နယ္ အမွတ္(၁) အေျခခံပညာ အထက္တန္းေက်ာင္း၊ ရန္ကင္းၿမိဳ့နယ္
အမွတ္(၁)အေျခခံ ပညာအထက္တန္းေက်ာင္း၊ စမ္းေခ်ာင္းၿမိဳ့နယ္ အမွတ္(၂)အေျခခံပညာ အထက္တန္းေက်ာင္း၊
လမ္းမေတာ္ၿမိဳ့နယ္ အမွတ္(၁) အေျခခံပညာ အထက္တန္းေက်ာင္း၊ ဒဂုံၿမိဳ့နယ္ အမွတ္(၂) အေျခခံပညာ
အထက္တန္းေက်ာင္းႏွင့္ သကၤန္းကၽြန္းၿမိဳ့နယ္ အမွတ္(၁) အေျခခံပညာ အထက္တန္းေက်ာင္းတို့တြင္လည္း တိုင္းေဒသႀကီး/
ျပည္နယ္မ်ား၏ ေအာင္စာရင္းမ်ားကို ကပ္ထားေပးမည္ ျဖစ္သည္။
တိုင္းေဒသႀကီး/ျပည္နယ္အလိုက္ ေအာင္စာရင္းမ်ားအား သက္ဆိုင္ရာ တိုင္းေဒသႀကီး/ ျပည္နယ္ ပညာေရးမွူး႐ုံးမ်ားတြင္
လည္းေကာင္း၊ ခရိုင္အလိုက္ သိရွိလိုပါက သက္ဆိုင္ရာ ခရိုင္ပညာေရးမွူး႐ုံး မ်ားတြင္ လည္းေကာင္း ၊ ၿမိဳ့နယ္အလိုက္
သိရွိလိုပါက သက္ဆိုင္ရာ ၿမိဳ့နယ္ပညာေရးမွူး႐ုံးမ်ားတြင္ လည္းေကာင္း ဇြန္ ၈ ရက္ နံနက္ ၆ နာရီေနာက္ပိုင္းတြင္
စုံစမ္းေမးျမန္းနိုင္ ေၾကာင္း ပညာေရးဝန္ႀကီးဌာနမွ ထုတ္ျပန္ထားသည္။
ေအာင္စာရင္းထုတ္ျပန္မည့္ ဇြန္ ၈ ရက္ နံနက္ ၆ နာရီတြင္ ပညာေရးဝန္ႀကီးဌာန Website ျဖစ္ေသာ www.moe.gov.mm
ႏွင့္ ျမန္မာနိုင္ငံ စာစစ္ဦးစီးဌာန Website ျဖစ္ေသာ www.myanmarexam.org တြင္ ဝင္ေရာက္ၾကည့္ရွုနိုင္ရန္
စီစဥ္ထားမည္ျဖစ္ေၾကာင္း သိရသည္။
Photo- Myanmar Digital News
Myanmar Digital News ေလးစားစြာ Credit. ေပးပါသည္။
Unicode
၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ဖြေဆိုသည့် အသက် ၇၃ နှစ်အရွယ် ဦးစိုင်းအောင်ညွန့်သည် စာမေးပွဲ
အောင်စာရင်းကို အင်တာနက်ကနေသာကြည့် ရှု့မည်ဖြစ်ကြောင်း သိရသည်။
“ကျောင်းကိုသွား မကြည့်တော့ဘူး၊ အင်တာနက်ကနေကြည့်လို့ရတယ်ဆိုတော့ အိမ်မှာပဲ ကြည့်တော့မယ်”ဟု
ဦးစိုင်းအောင်ညွှန့် က ပြောသည်။
အသက် ၇၃ နှစ်အရွယ် အဘိုး ဦးစိုင်းအောင်ညွှန့်သည် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာဘာသာရပ်ကို
ချမ်းအေးသာစံမြို့နယ် အမှတ် ၅ အခြေခံပညာ အထက်တန်းကျောင်းတွင် ဖြေဆိုခဲ့သည်။
အမှတ် ၅ အခြေခံပညာ အထက်တန်းကျောင်းတွင် စာဖြေခန်း ၂၇ ခန်း ကျောင်းသား ၈၀၀ လာရောက်ဖြေဆိုရာတွင်
ဦးစိုင်းအောင်ညွှန့် ပါဝင်ခဲ့သည်။
၂၀၁၉ – ခုနှစ် ၊ မတ်လအတွင်းက ကျင်းပစစ်ဆေးခဲ့သော တက္ကသိုလ်ဝင် စာမေးပွဲအောင်စာရင်းများကို ဇွန် ၈ ရက်
စနေနေ့ နံနက် ၆ နာရီတွင် ထုတ်ပြန်ကြေညာမည် ဖြစ်သည်။
အဆိုပါ အောင်စာရင်းများကို သက်ဆိုင်ရာ မြို့နယ်အသီးသီးရှိ သက်ဆိုင်ရာ စာစစ်ဌာနကျောင်းများတွင် တစ်ချိန်တည်း
ကပ်ထားမည်ဖြစ်သည်။ ထို့အပြင် အင်းစိန်မြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ ရန်ကင်းမြို့နယ်
အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်း၊ စမ်းချောင်းမြို့နယ် အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၊
လမ်းမတော်မြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ ဒဂုံမြို့နယ် အမှတ်(၂) အခြေခံပညာ
အထက်တန်းကျောင်းနှင့် သင်္ကန်းကျွန်းမြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတို့တွင်လည်း
တိုင်းဒေသကြီး/ ပြည်နယ်များ၏ အောင်စာရင်းများကို ကပ်ထားပေးမည် ဖြစ်သည်။
တိုင်းဒေသကြီး/ပြည်နယ်အလိုက် အောင်စာရင်းများအား သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် ပညာရေးမှူးရုံးများတွင်
လည်းကောင်း၊ ခရိုင်အလိုက် သိရှိလိုပါက သက်ဆိုင်ရာ ခရိုင်ပညာရေးမှူးရုံး များတွင် လည်းကောင်း ၊ မြို့နယ်အလိုက်
သိရှိလိုပါက သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးရုံးများတွင် လည်းကောင်း ဇွန် ၈ ရက် နံနက် ၆ နာရီနောက်ပိုင်းတွင်
စုံစမ်းမေးမြန်းနိုင် ကြောင်း ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
အောင်စာရင်းထုတ်ပြန်မည့် ဇွန် ၈ ရက် နံနက် ၆ နာရီတွင် ပညာရေးဝန်ကြီးဌာန Website ဖြစ်သော www.moe.gov.mm
နှင့် မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန Website ဖြစ်သော www.myanmarexam.org တွင် ဝင်ရောက်ကြည့်ရှုနိုင်ရန်
စီစဉ်ထားမည်ဖြစ်ကြောင်း သိရသည်။
Photo- Myanmar Digital News
Myanmar Digital News လေးစားစွာ Credit. ပေးပါသည်။