.တက္ကသိုလ်ဝင်စာမေးပွဲ မအောင်မြင်ခဲ့တဲ့ အသက် (၇၃) နှစ်ရှိပြီဖြစ်တဲ့ ဦးစိုင်းအောင်ညွန့်

တက္ကသိုလ်ဝင်စာမေးပွဲကို အသက်​(၇၃)နှစ်​အရွယ်​ရှိပြီဖြစ်သော ဦးစိုင်း​အောင်​ညွန့်​သည် ချမ်း​အေးသာစြံမို့နယ် ၊ လမ်း ၆၀ ၂၉လမ်း နှင့် လမ်း၃၀ ကြားရှိ အမှတ်​(၅)​ အထက စာစစ်​ဌာနမှာ ဖြေဆိုခဲ့တာပဲဖြစ်ပါတယ်။

ဦးစိုင်းအောင်ညွန့်ကတော့ အရွယ်နဲ့မလိုက်အောင်ကြိုးစားခဲ့ပေမယ့် ဆယ်တန်းစာမေးပွဲမှာတော့ မအောင်မြင်ခဲ့ပါဘူး။ လတ်တလောမှာတော့ ဦးစိုင်းအောင်ညွန့်ဟာ သုံးဘာသာ ဂုဏ်ထူးနဲ့အောင်တယ်ဆိုတဲ့ သတင်းတွေ တင်ထားကြပေမယ့် အောင်စာရင်းထဲမှာတော့ မပါရှိခဲ့ပါဘူး။

ဒီအသက်အရွယ်ထိ ကြိုစားတဲ့ ဇွဲလုံ့လကိုတော့ လေးစားပါတယ်

Share From swelsonenews