You are here
Home > Health > .ေလးဖက္နာအတြက္ အစြမ္းထက္ေသာ ေဆးနည္း

.ေလးဖက္နာအတြက္ အစြမ္းထက္ေသာ ေဆးနည္း

Zawgyi ျဖင့္ဖတ္၇န္

ေလးဖက္နာကို ေဆးရံုေဆးခန္းသြားရန္ ေငြေၾကးမတတ္ႏိုင္၍ ျမန္မာေဆးျဖင့္ ကုသရန္ ေဆးနည္းေတာင္းဆိုလာ ေ၀ဒနာရွင္မ်ားအတြက္ တိုင္းရင္းေဆးဆရာၾကီး ဦးၾကည္လြင့္ျမင့္ ေျပာျပခဲ့ေသာေဆးနည္းကို မွ်ေ၀ေပးလိုက္ပါသည္။

ေဆးနည္း (၁)

တရုတ္စကားပြင့္ကို ေနရိပ္တြင္ အေျခာက္လွမ္းထား၍ ေလလံုေအာင္ သိမ္းထားကာ တစ္ခါသုပ္စာကို ျပဳတ္၍ အျခားအသုပ္မ်ားသုပ္သလို မၾကာခဏ သုပ္စားပါ။

ေဆးနည္း (၂)

ျမင္းခြါရြက္ကို ေရစင္ေအာင္ေဆးေၾကာျပီး အရည္ညွစ္ယူကာ ၃ ဇြန္းခန့္ကို ပ်ားရည္တစ္ဇြန္းျဖင့္ ေရာစပ္၍ တစ္ေန့ (၂)ၾကိမ္ ေသာက္ပါ။

ေဆးနည္း (၃)

(၁) ေတာင္မရိုးပင္အေခါက္မွဳ့န္ ၁၀ သား
(၂) ျမင္းခြါ(ႏြယ္)အေျခာက္မွဳန့္ ၁၀ သား
(၃) ပဲနံ့သာေစ့ ၅ က်ပ္သား
(၄) ဆင္တံုးမႏြယ္ ၅ က်ပ္သား

(၅) နံ့သာနီ ၃ က်ပ္သား
(၆) ကရေ၀းရြက္ ၂ က်ပ္သား
(၇) စူဠာနဖာ ၂ က်ပ္သား
(၈) ေဆးပုလဲ ၂ က်ပ္သား

(၉) မုတ္ခါးစစ္စစ္ ၁ က်ပ္သား (ေဆးအားလံုးကို ပရေဆးဆိုင္မ်ားတြင္ ေမး၀ယ္ႏိုင္သည္)

၄င္းေဆးမ်ားကို ေရာၾကိတ္ျပီး ေဆးမွဳန့္ကို ပ်ားရည္ ၂၅ က်ပ္သားျဖင့္ နယ္ထား၍ ေလလံုသည့္ အ၀က်ယ္ပုလင္းတြင္ ထည့္ထားကာ ဟင္းစားဇြန္း ၁ ဇြန္းခန့္ကို မနက္၊ ည တစ္ေန့ (၂) ၾကိမ္၊ တစ္လခြဲ စားပါ။ ဆရာၾကီးကိုယ္တိုင္ လက္ေတြ့ေဖာ္စပ္၍ စားသံုးခဲ့သည့္ေဆးနည္း ျဖစ္သည္။

လြယ္ကူသက္သာျပီး တကယ္ထိေရာက္သည့္ သဘာ၀ေဆးနည္းေလးကို မည္သူမဆို မွ်ေ၀ေပးႏိုင္ၾကပါသည္။

ဦးေစာႏြဲ ့ေနဆိုင္(ပူတာအို)
ကိုးကား – တိုင္းရင္းေဆးဆရာၾကီး ဦးၾကည္လြင္ျမင့္

ေစာႏြဲ ့ေနဆိုင္ – ပူတာအို

Unicodeဖြင့်ဖတ်ရန်

လေးဖက်နာကို ဆေးရုံဆေးခန်းသွားရန် ငွေကြေးမတတ်နိုင်၍ မြန်မာဆေးဖြင့် ကုသရန် ဆေးနည်းတောင်းဆိုလာ ဝေဒနာရှင်များအတွက် တိုင်းရင်းဆေးဆရာကြီး ဦးကြည်လွင့်မြင့် ပြောပြခဲ့သောဆေးနည်းကို မျှဝေပေးလိုက်ပါသည်။

ဆေးနည်း (၁)

တရုတ်စကားပွင့်ကို နေရိပ်တွင် အခြောက်လှမ်းထား၍ လေလုံအောင် သိမ်းထားကာ တစ်ခါသုပ်စာကို ပြုတ်၍ အခြားအသုပ်များသုပ်သလို မကြာခဏ သုပ်စားပါ။

ဆေးနည်း (၂)

မြင်းခွါရွက်ကို ရေစင်အောင်ဆေးကြောပြီး အရည်ညှစ်ယူကာ ၃ ဇွန်းခန့်ကို ပျားရည်တစ်ဇွန်းဖြင့် ရောစပ်၍ တစ်နေ့ (၂)ကြိမ် သောက်ပါ။

ဆေးနည်း (၃)

(၁) တောင်မရိုးပင်အခေါက်မှု့န် ၁၀ သား
(၂) မြင်းခွါ(နွယ်)အခြောက်မှုန့် ၁၀ သား
(၃) ပဲနံ့သာစေ့ ၅ ကျပ်သား
(၄) ဆင်တုံးမနွယ် ၅ ကျပ်သား

(၅) နံ့သာနီ ၃ ကျပ်သား
(၆) ကရဝေးရွက် ၂ ကျပ်သား
(၇) စူဠာနဖာ ၂ ကျပ်သား
(၈) ဆေးပုလဲ ၂ ကျပ်သား

(၉) မုတ်ခါးစစ်စစ် ၁ ကျပ်သား (ဆေးအားလုံးကို ပရဆေးဆိုင်များတွင် မေးဝယ်နိုင်သည်)

၎င်းဆေးများကို ရောကြိတ်ပြီး ဆေးမှုန့်ကို ပျားရည် ၂၅ ကျပ်သားဖြင့် နယ်ထား၍ လေလုံသည့် အဝကျယ်ပုလင်းတွင် ထည့်ထားကာ ဟင်းစားဇွန်း ၁ ဇွန်းခန့်ကို မနက်၊ ည တစ်နေ့ (၂) ကြိမ်၊ တစ်လခွဲ စားပါ။ ဆရာကြီးကိုယ်တိုင် လက်တွေ့ဖော်စပ်၍ စားသုံးခဲ့သည့်ဆေးနည်း ဖြစ်သည်။

လွယ်ကူသက်သာပြီး တကယ်ထိရောက်သည့် သဘာဝဆေးနည်းလေးကို မည်သူမဆို မျှဝေပေးနိုင်ကြပါသည်။

ဦးစောနွဲ့နေဆိုင်(ပူတာအို)
ကိုးကား – တိုင်းရင်းဆေးဆရာကြီး ဦးကြည်လွင်မြင့်

စောနွဲ့နေဆိုင် – ပူတာအို

Top
//intorterraon.com/4/3018672