




Source : Min Yar Zar
khinCeleGabar
ယူနီကုဒ်ဖြင့်ဖတ်ရန်

“ရာသီအပြောင်းလဲမှာအဖြစ်များပြီး သွေးလွန်တုတ်ကွေးနဲ့ဆင်တဲ့ ရောဂါကြောင့် နေမကောင်းဖြစ်နေတဲ့ မင်းရာဇာ သမီးလေး ”

အနုပညာလောကမှာတော့ အက်ရှင်မင်းသားသရုပ်ဆောင် အဖြစ် အောင်မြင်စွာရပ်တည်နေတဲ့ မင်းရာဇာကတော့ ယောကျာ်းပီပီသသ ဆွဲဆောင်မှုရှိတဲ့ သူတစ်ယောက်ဖြစ်ပြီး ခန္ဓာကိုယ်တောင့်ဖြောင့်တာကြောင့် Line Walker 2 ထဲမှပါဝင်ခွင့်ရရှိခဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။နယ်ဘက်က ပရိသတ်တွေအခိုင်အမာရရှိထားသူတစ်ဦးဖြစ်ပြီး အက်ရှင်မင်းသားတစ်ဦးအနေနဲ့ ပရိသတ်တွေက အသိအမှတ်ပြုခံထားရသူလည်းဖြစ်ပါတယ်။

သူရဲ့ ဇာတ်ကားတွေကို နယ်ပရိသတ်တွေက အားပေးကြည့်ရှုကြတာပဲ ဖြစ်ပါတယ်။ မင်းရာဇာကတော့ အလှူအတန်းတွေနဲ့ ပရဟိတလုပ်ငန်းတွေမှာလည်း ပါဝင်ဆောင်ရွက်တတ်သူတစ်ဦးဆိုလည်းမမှားပါဘူးနော်။ သူ့ရဲ့အနုပညာလှုပ်ရှားမှုနဲ့ နေ့စဉ်လှုပ်ရှားမှုများကို သူရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဝေမျှလေ့ရှိပါတယ်။

ယောကျာ်းပီပီသသ ဆွဲဆောင်မှုရှိတဲ့ အက်ရှင်မင်းသား မင်းရာဇာကတော့ အနုပညာလောကမှာတင်မကဘဲ အိမ်ထောင်ရေးမှာလည်းသာယာစိုပြေတဲ့ အိမ်ထောင်ရေးကိုရရှိပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ချောမောလှပတဲ့ဇနီးလေးကိုပိုင်ဆိုင်ထားပြီးချစ်စရာကောင်းတဲ့ သားနဲ့သမီးကိုပိုင်ဆိုင်ထားတာလည်းဖြစ်ပါတယ်။ လတ်တလောမှာတော့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ဓာတ် ပုံအချို့သူ့ရဲ့သမီးလေး နေမကောင်းဖြစ်နေတဲ့အတွက် ပရိသတ်တွေရဲ့ကလေးတွေကိုပါ ဂရုစိုက်ကြဖို့ အကြောင်းကိုဖော်ပြခဲ့တာပဲ ဖြစ်ပါတယ်။ ”

သမီးလေးမြန်မြန်နေကောင်းပါစေ။ ခလေးတွေကိုဂရုစိုက်ကြပါ ရာသီအပြောင်းလဲမှာအဖြစ်များတာတဲ့ မသိရင်သွေးလွန်တုတ်ကွေးနဲ့ဆင်တယ် ဖြစ်ရင်ဆေးရုံကိုသာအမြန်သွားပါ” ဆိုပြီး သတိပေးတိုက်တွန်းစကားလေးနဲ့ ဆေးရုံက သမီးလေးရဲ့သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ် ဝေမျှခဲ့တာပဲ ဖြစ်ပါတယ်။ CeleGabar ပရိသတ်ကြီးရော ချစ်စရာကောင်းလှတဲ့ မင်းရာဇာရဲ့သမီးလေး အမြန်ဆုံးနေပြန်ကောင်းဖို့ ဆုတောင်းပေးခဲ့ပါဦးနော်။

Source : Min Yar Zar
khinCeleGabar