Zawgyi
မီးတန္းဆိုင္ကယ္၊မီးတန္းကားေတြ နဲ႔ လိုက္ပို႔ေပးရသူ အခ်ဳိ႔ စာေမးပြဲေအာင္ေၾကာင္း ၾကားသိရလို႔ ယာဥ္ထိန္းရဲေတြ
၀မ္းသာေနၾကပါတယ္။
စာေမးပြဲကဒ္ေမ့က်န္ခဲ့လို႔၊ စာေမးပြဲအခ်ိန္မွီေအာင္လို႔ စတဲ့ ကိစၥေတြ နဲ႔ ေက်ာင္းသား/သူ ေတြကို
မီးတန္းဆိုင္ကယ္၊မီးတန္းကားေတြ နဲ႔ လိုက္ပို႔ေပးခဲ့ရတာမွာ အဲဒီလိုုလိုုက္ပိုု႔ေပးခဲ့သူေတြထဲကအခ်ိဳ႕ ေက်ာင္းသား/သူေတြ
ယေန႔ စာေမးပြဲေအာင္ေၾကာင္း ၾကားရတဲ့ အတြက္ ၀မ္းသာေနရသလို၊ စာေမးပြဲမေအာင္တဲ့ သူေတြလည္း အားမေလွ်ာ့ဘဲ
ၾကိဳးစားၾကဖို႔ ယာဥ္ထိန္းတပ္ဖြဲ႕ခြဲ (ရန္ကုန္)က တာ၀န္ရွိသူေတြက ဒီေန႔မွာ ေျပာၾကားလိုက္ပါတယ္။
”စာေမးပြဲေအာင္ျမင္တဲ့ ကေလးေတြအတြက္ ထပ္တူ ၀မ္းသာပါတယ္။ ေအာင္ျမင္မႈမရတဲ့ ကေလးေတြလည္း
ဆက္လက္ျပီးၾကိဳးစားၾကပါ”လို႔ အမွတ္၇ ယာဥ္ထိန္းဒုတပ္ဖြဲ႕ခြဲ ရန္ကုန္အေနာက္ မွ ဒုတပ္ဖြဲ႕ခြဲမွဴး ရဲမွဴးမ်ိဳးေအာင္ျမင့္က
ေျပာပါတယ္။
တကၠသိုလ္၀င္ စာေမးပြဲ ကာလတစ္လ ွ်ာက္ ယာဥ္ထိန္းရဲေတြဟာ ရန္ကုန္ နဲ႔ နယ္ေတြမွာ ေက်ာင္းသား၊သူေတြကို
ကူညီေပးမႈေတြ လုပ္ခဲ့တာကို ေတြ႕ခဲ့ရပါတယ္။
ဒီလိုျပဳလုပ္ခဲ့တဲ့ အတြက္ ျပည္သူေတြက ၀မ္းပန္းတစ္သာ ေထာက္ခံၾကိဳဆိုခဲ့ၾကတာကို လည္းေတြ႕ခဲ့ရပါတယ္။
Via: Popular Newe
#Unicode Version
မီးတန်းဆိုင်ကယ်၊မီးတန်းကားတွေ နဲ့ လိုက်ပို့ပေးရသူ အချို့ စာမေးပွဲအောင်ကြောင်း ကြားသိရလို့ ယာဉ်ထိန်းရဲတွေ
ဝမ်းသာနေကြပါတယ်။
စာမေးပွဲကဒ်မေ့ကျန်ခဲ့လို့၊ စာမေးပွဲအချိန်မှီအောင်လို့ စတဲ့ ကိစ္စတွေ နဲ့ ကျောင်းသား/သူ တွေကို
မီးတန်းဆိုင်ကယ်၊မီးတန်းကားတွေ နဲ့ လိုက်ပို့ပေးခဲ့ရတာမှာ အဲဒီလိုလိုက်ပို့ပေးခဲ့သူတွေထဲကအချို့ ကျောင်းသား/သူတွေ
ယနေ့ စာမေးပွဲအောင်ကြောင်း ကြားရတဲ့ အတွက် ဝမ်းသာနေရသလို၊ စာမေးပွဲမအောင်တဲ့ သူတွေလည်း အားမလျှော့ဘဲ
ကြိုးစားကြဖို့ ယာဉ်ထိန်းတပ်ဖွဲ့ခွဲ (ရန်ကုန်)က တာဝန်ရှိသူတွေက ဒီနေ့မှာ ပြောကြားလိုက်ပါတယ်။
”စာမေးပွဲအောင်မြင်တဲ့ ကလေးတွေအတွက် ထပ်တူ ဝမ်းသာပါတယ်။ အောင်မြင်မှုမရတဲ့ ကလေးတွေလည်း
ဆက်လက်ပြီးကြိုးစားကြပါ”လို့ အမှတ်၇ ယာဉ်ထိန်းဒုတပ်ဖွဲ့ခွဲ ရန်ကုန်အနောက် မှ ဒုတပ်ဖွဲ့ခွဲမှူး ရဲမှူးမျိုးအောင်မြင့်က
ပြောပါတယ်။
တက္ကသိုလ်ဝင် စာမေးပွဲ ကာလတစ်လ ျှာက် ယာဉ်ထိန်းရဲတွေဟာ ရန်ကုန် နဲ့ နယ်တွေမှာ ကျောင်းသား၊သူတွေကို
ကူညီပေးမှုတွေ လုပ်ခဲ့တာကို တွေ့ခဲ့ရပါတယ်။
ဒီလိုပြုလုပ်ခဲ့တဲ့ အတွက် ပြည်သူတွေက ဝမ်းပန်းတစ်သာ ထောက်ခံကြိုဆိုခဲ့ကြတာကို လည်းတွေ့ခဲ့ရပါတယ်။
Via: Popular News