ထူးချွန်သော်လည်း မတတ်နိုင်ရှာသူလေး

မကွေးတိုင်းဒေသကြီး ၊ပွင့်ဖြူမြို့နယ်၊ကုန်းဇောင်း

Loading…

အ.ထ.က မှ (ဖဋ-၁၅၅)ဂုဏ်ထူးငါးဘာသာ ၊အမှတ်ပေါင်း၅၁၇မှတ်ဖြင့် ထူးချွန်စွာအောင်မြင်ခဲ့တဲ့ သမီးလေးမေသန္တာလွင်ထွန်း သူမဝါသနာက ဆရာဝန်မကြီးတဲ့

မကွေးတိုင်း၊ပွင့်ဖြူမြို့နယ်၊ ဇီးကိုင်းအုပ်စု၊ဝဲဒေါင့်ကျေးရွာက ဦးမြင့်ထွန်း+ဒေါ်နုနုစိန်တို့ရဲ့ သားသမီးသုံးယောက်အနက်အငယ်ဆုံးသမီးလေးး

အဖေက လယ်ယာကျွဲနွားမရှိတဲ့ ကူလီကြုံရာကျဘမ်း၊အမေက ဆယ်တန်းအောင်ပညာတတ် ကောလိပ်တက်ခဲ့ရပေမယ့် ဘဝပေးအရ တူးရွင်းကိုင် မြက်ကောက် နေ့စား

ကူလီပါ။
ဒီမိဘနှစ်ယောက်တစ်နေ့လုပ်အားခ ၃၀၀၀ကျပ်နဲ့ မိသားစု စားဝတ်နေရေးဖြေရှင်းခဲ့ရင်း သမီးလေးထူးချွန်စွာအောင်မြင်ဖို့ သူနှစ်သက်ရာထားပေးတဲ့အာဂအမေ

မိသားစုမပြေလည်၍ဆယ်တန်းဘော်ဒါမတက်ရန်အဖေဖြစ်သူတားခဲ့တဲ့အချိန် အခါခါငိုခဲ့ရတာက ဒေါ်နုနုစိန်နဲ့သမီးလေးးးးဒီလိုနဲ့ ကိုးတန်းအောင် ဆယ်တန်းအတွက်ဘော်ဒါဝင်ခွင့်ဖြေဖို့ ကုန်းဇောင်းသို့ တစ်နာရီလောက်လမ်းလျှောက် သားမိနှစ်ယောက်လက်တွဲ အောင်ပွဲဝင်ဖို့သွားခဲ့သည့်အတိုင်း အောင်မြင်ခဲ့သည့်အချိန်အခက်အခဲကဆီးကြိုနေလေရဲ့

အဲဒါကဘော်ဒါတက်ဖို့အချိန်ကျ လက်ထဲက ခြူးတစ်ပြားမှ ပေးစရာမရှိ။ ကိုးတန်းအောင်အစ်ကိုဖြစ်သူက အပြင်အလုပ်ထွက်လုပ် ကြိုတင်ငွေနှစ်သိန်းထုတ်ပေးခဲ့တော့ဝမ်းသာလို့ငိုခဲ့ရတဲ့ အမေ

နောက်ထပ်ငွေပေးသွင်းရမည့်အချိန် ကလည်ကလည်နဲ့ငွေကြေးကမလွယ်ပြန်တော့ မိမိတို့အိမ်ဝိုင်းကို သုံးသိန်းကျပ်နဲ့ပေါင် လက်မထောင်ပြီးငွေပေးသွင်းခဲ့တဲ့ အာဂအမေ(သူကိုယ်တိုင်ဆယ်တန်းအောင်ကာလိပ်တက်ခဲ့ရသူ)ပညာရေးအလေးထားတဲ့ အာဂအမေ

ကျေးရွာမီးရတာအနှစ်၂၀ကျော်ပေမဲ့ လျှပ်စစ်မီး မရှိလို့ဖယောင်းတိုင်အားကိုးနဲ့ မဆုတ်မနစ်ကြိုးစားခဲ့သူကသမီးငယ်။ တစ်ခါတစ်ရံ အိမ်နီးချင်းရဲ့ လျပ်စစ်မီးအောက်အားပါးတရ သမီးစာကျက်နေတာကြည့်ပြီး အခါခါငိုခဲ့ရတဲ့ အမေ(ဘဝက ခါးပါတယ်ဆရာရယ် တစ်ခါတလေတောင်မျက်နှာသာမပေးခဲ့ဘူးတဲ့)

“ကျမတို့အကြောင်းပြောရရင် မကုန်နိုင်ပါဘူးဆရာရယ်သမီးလေးတွေပညာတတ်ဖို့ ကျမတို့ရွာက ငွေစုငွေချေးအသင်းတွေ မေးကြည့်ပါဆရာ ကျမမယူတဲ့ အဖွဲ့မရှိပါဘူး၎ကျပ်တိုး၊ငါးကျပ်တိုး၊ ၇ကျပ်တိုး ဘယ်လိုတိုးတိုး ကုလားဖန်ထိုး ယူရတာ ပူစရာမျက်နှာကိုမရှိတော့ပါဘူး

ဆရာရယ် အဓိကက သမီးလေးသူတက်ချင်တာ တက်ရပြီး ထူးချွန်ရင်ကျေနပ်ပါတယ်ဆရာရယ်။ ဘယ်လိုဖြစ်ဖြစ် သူလျှောက်ချင်တဲ့လမ်းလျှောက်ရရင်ပြီးတာပါပဲ”ဆိုတဲ့အမေ

အဲဒီလိုအခက်အခဲအကြပ်အတည်းကြားက သမီးလေးငါးဘာသာပါတော့ ဝမ်းသာတာပေါ့ဆရာရယ်။အကြာကြီး မသာလိုက်ရဘူးဆရာ လို့အမေဖြစ်သူကဆက်ပြောပါတယ်။

ဒါ့ကြောင့် သမီးလေးဆေးတက္ကသိုလ်ဆက်တက်ဖို့ အခက်အခဲဖြစ်နေတဲ့အတွက် ဆရာတို့ဗိမာန်ရှင်အသင်းကြီးကိုအကူညီတောင်းရတာပါ။

သမီးလေး ကျောင်းဆက်တက်နိုင်ဖို့ အလှူရှင်များ၊ဖောင်ဒေရှင်းများမှ အကူညီပေးနိုင်ပါရန်လေးစားစွာတင်ပြအပ်ပါသည်။

အထက်ပါအချက်အလက်များ မှ လိမ်လည် တင်ပြထားသည့်အချက်များ၊ ချွတ်ချော်သည့်အချက်များပါရှိခဲ့ရင်ကျနော့်အား တရားဥပဒေအရအရေးယူနိုင်ပါသည်။

ဦးဝင်းမြိုင်သန်းဗိမာန်ရှင် အဝေးရောက်အမှုဆောင်(ပဲခူးမြို့)09798508710၈/ပဖန (နိုင်)၀၇၇၅၄၇ကျောင်းတော်ရာ၊ပွင့်ဖြူမြို့နယ်၊မကွေးတိုင်းဒေသကြီးလေးစားပါတယ်

သမီးအတွက် TTH group ကတစ်လတစ်သိန်းTeresa Ohn မှ တစ်လ ငါးသောင်းကျပ်စုစုပေါင်း တစ်လကို၁၅၀၀၀၀ရရှိပြီဖြစ်ပါပြီသမီးလေးဆေးကျောင်းတက်ဖို့အဆင်ပြေပါပြီခင်ဗျ။

Share From Lovely Myanmar