.“သေဆုံးသွားတဲ့ ဇနီးချောလေး သွားချင်ခဲ့တဲ့ နေရာလေးတွေကို . .သူမရဲ့ဓာတ်ပုံလေးနဲ့အတူ ခရီးသွားလည်ပတ်ခဲ့တဲ့ အမျိုးသား. .။”
Zawgyi
လက်ထပ်ခဲ့ကြပါတယ်။
ရောက်နေပါပြီ။
လည်ပတ်ခဲ့ပါတယ်။
ရိုက်ဖြစ်ခဲ့ပါတယ်။
crd
(Unicodeဖြင့် ဖတ်ရန်)
သေဆုံးသွားတဲ့ ဇနီးသည်ရဲ့ ဆန္ဒအတိုင်း ဇနီးသည်ဓာတ်ပုံနဲ့အတူ ခရီးသွားတဲ့ အမျိုးသား
အသက် ၂၅နှစ်အရွယ် Wang Xiaowen ဆိုတဲ့ အမျိုးသားဟာ သူ့ရဲ့ ဇနီးသည် Shi Baiwei နဲ့ ပြီးခဲ့တဲ့ ၂၀၁၆ခုနှစ်က
လက်ထပ်ခဲ့ကြပါတယ်။
လက်ထပ်ပြီး ၁၀ရက် အကြာမှာပဲ Shi Baiwei တို့ ဇနီးမောင်နှံထံ ကံဆိုးလွန်းတဲ့ သတင်းဆိုးကြီးတစ်ခုက
ဝင်လာခဲ့ပါတယ်။
ဒါကတော့ Wang Xiaowen ရဲ့ ဇနီးဖြစ်သူ Shi Baiwei ဆီမှာ lymphoma လို့ခေါ်တဲ့
ကင်ဆာရောဂါရှိနေတယ်ဆိုတာပါပဲ။
Shi Baiwei နဲ့ Wang Xiaowen တို့ဟာ ပြီးခဲ့တဲ့ ၂၀၁၆ခုနှစ် မေလ ၂၁ရက်နေ့မှာ နှစ်ဦးသဘောတူ ချစ်ကြည်ဖြူကာ
လက်ထပ်ဖြစ်ခဲ့ကြပါတယ်။ လက်ထပ်ပြီး တစ်နှစ်မပြည့်ခင်မှာပဲ သူမရဲ့ ကင်ဆာရောဂါက အဆင့် ၃အခြေအနေကို
ရောက်နေပါပြီ။
ပင်စည်ဆဲလ်တွေကို ၁၁လအကြာ အစားထိုးကုသခဲ့ပေမဲ့ Shi Baiwei ရဲ့ရောဂါအခြေအနေက ထူးခြားမှုမရှိတဲ့အပြင်
ပိုမိုးဆိုးရွားလာခဲ့ပါတယ်။ အဲ့ဒီနောက် Shi Baiwei တစ်ယောက် ၂၀၁၇ခုနှစ် မေလ ၂၃ရက်နေ့မှာပဲ
ကွယ်လွန်သွားခဲ့ပါတယ်။
ဒီထက် ကံဆိုးသွားတာက Shi Baiwei မသေးဆုံးခင်အချိန်မှာ Wang Xiaowen ရဲ့ ရင်သွေးလေး လွယ်ထားရတာ
၅လရှိနေပါပြီ။ Shi Baiwei မသေဆုံးခင်က သူမ နေပြန်ကောင်းလာရင် ခင်ပွန်းသည်နဲ့အတူတူ ထိုင်ဝမ်းမြို့တစ်ဝိုက်
ခရီးသွားကြမယ်လို့ တောင်းဆိုခဲ့ဖူးပါတယ်။
စိတ်မကောင်းစွာပဲ သူမ ဆုံးပါးသွားတဲ့အတွက် သူမရဲ့ ဆန္ဒတွေမပြည့်ဝခဲ့ပါဘူး။ ဒါ့ကြောင့် Wang Xiaowen ဟာ
ဇနီးသည်ဆုံးပြီး ၂နှစ်အကြာမှာ သူမရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။
အဲ့ဒီနောက် သေဆုံးသွားတဲ့ ဇနီးဖြစ်သူ ဓာတ်ပုံကို ဆိုင်ကယ်ပေါ်တင်ပြီး ထိုင်ဝမ်မြို့တစ်ဝိုက်ကို သွားရောက်
လည်ပတ်ခဲ့ပါတယ်။
သူမ မရှိတော့တဲ့အတွက် သူမရဲ့ ဓာတ်ပုံလေးနဲ့အတူ နေရာတော်တော်များများမှာ အမှတ်တရ ဓာတ်ပုံလေးတွေ
ရိုက်ဖြစ်ခဲ့ပါတယ်။
ဇနီးသေဆုံးပြီးမှ ဘာကြောင့် အခုလိုတွေ သူမရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးရလဲ ဆိုတော့ Shi Baiwei တစ်ယောက်
ဒီကမ္ဘာကြီးထဲက ထွက်သွားပေမဲ့ သူမရဲ့စိတ်ဝိညာဉ်နဲ့ ချစ်ခြင်းမေတ္တာတွေက ကျွန်တော်နှလုံးသားထဲမှာ
ဆက်လက်တည်ရှိနေတယ်လို့ဆိုပါတယ်။