ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်ကြတဲ့ နာမည်ကျော် ကိုရီးယားအနုပညာရှင်များ

ကိုရီးယားလူမျိုးတွေ ခရစ်ယာန်ဘာသာနဲ့ မဟာယာန ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်ကြတဲ့သူတွေ ဖြစ်ကြပါတယ်။ ဘာသာမဲ့တွေလည်း ရှိကြသော်ငြားလည်း အများစုကတော့ အဆိုပါ ဘာသာကြီး ၂ ခုကို ကိုးကွယ်ကြတာဖြစ်ပါတယ်။ အနုပညာရှင်တွေထဲမှာလည်း ခရစ်ယာန်ဘာသာနဲ့ မဟာယာန ဗုဒ္ဓဘာသာကိုကိုးကွယ်ကြသူတွေများပြားပြီး ဘာသာမဲ့တွေလည်းရှိကြပါတယ်။ အခုဖော်ပြပေးမှာကတော့ မဟာယာန ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်ကြတဲ့သူတွေဖြစ်ပါတယ်။ မိမိနှစ်သက်သဘာကျတဲ့ အနုပညာရှင်တွေများ ပါဝင်သလားဆိုတာကို တစ်ချက်လောက်ကြည့်ရှူလိုက်ကြပါဦး။

သူတို့တွေကတော့ EXO အဖွဲ့ဝင်ဖြစ်သူ Suho, ဒါရိုက်တာရင်လို့ ပရိသတ်တွေက အသိများကြတဲ့ မင်းသားကြီး Jang Dong Gun, နောက်ထပ် နာမည်ကြီးမင်းသားတစ်လက်ဖြစ်သူ Lee Byung Hyun,

ဆန်းမီလို့ ပရိသတ်တွေက သိကြတဲ့ မင်းသမီး Park Chae Rim, Wonder Girls အဖွဲ့ဝင်ဟောင်း Sohee,

နေမာနဲ့ ဟိုတယ်အတွင်း ဘာတွေဖြစ်ပျက်ခဲ့သလဲဆိုတာ ဘရာဇီးမော်ဒယ် တိတိကျကျ ထုတ်ပြောပြီ

2PM ရဲ့ အဖွဲ့ဝင်တွေဖြစ်ကြတဲ့ Chansung, Wooyoung, Jun K, Nichkhun,

အွန်စောအငယ်လေးလို့ ပရိသတ်တွေက အသိများကြတဲ့ မင်းသမီး Moon Geun Young,

နာမည်ကျော် MC တွေဖြစ်ကြတဲ့ Kang Ho Dong နဲ့ Yoo Jae Suk,

နာမည်ကြီး မင်းသမီးတွေဖြစ်ကြတဲ့ Go Hyun Jung, Jun Ji Hyun, Soo Ae,

အဆိုတော် Sung Si Kyung, MC Jeong Hyeong Don, မင်းသား Kim Min Jong,

T-ara အဖွဲ့ဝင်တွေဖြစ်ကြတဲ့ Ji Yeon နဲ့ Boram တို့ ဖြစ်ကြပါတယ်။

Ref : Wiki CRD-Mia (Momolay)

Leave a Reply

Your email address will not be published.