You are here
Home > CELE > သူမတူတဲ့ အလှတရားတွေကို ပိုင်ဆိုင်ထားပြီး တစ်နေ့တစ်ခြား ပိုပိုလှလာကာ အရမ်းချစ်စရာကောင်းနေတဲ့ ထိပ်ထိပ်လေး

သူမတူတဲ့ အလှတရားတွေကို ပိုင်ဆိုင်ထားပြီး တစ်နေ့တစ်ခြား ပိုပိုလှလာကာ အရမ်းချစ်စရာကောင်းနေတဲ့ ထိပ်ထိပ်လေး

ပရိသတ်ကြီးရေ အကယ်ဒမီ ခိုင်သင်းကြည်ရဲ့သမီးချောလေး စံထိပ်ထားဦးကတော့ မေမေ့လိုပဲ အနုပညာသွေးအပြည့်ပါတဲ့သူတစ်ယောက်ဖြစ်ပါတယ်နော်။ထိပ်ထိပ်လေးလို့ ချစ်စနိုးခေါ်ဝေါ်ကြပြီး ပရိသတ်တွေ ကတော့ ထိပ်ထိပ်လေး ရဲ့အနုပညာလှုပ်ရှားမှုတွေကို တစ်ခဲနက်အားပေးကြပါတယ်နော်။ထိပ်ထိပ်ကတော့ လောလောဆယ်မှာ ကြော်ငြာလေးတွေကိုသာရိုက်ကူးနေပြီး ပွဲအခမ်းအနားတွေကို တက်ရာက်နေပါတယ်။

ခိုင်သင်းကြည်ကလည်း သမီးလေးနဲ့အတူတူ ပွဲအခမ်းအနားတွေ ကို ဆင်တူဝတ်စုံလေးတွေဝတ်ပြီး တက်ရောက်ကြလို့ လူအများက ညီအစ်မတွေလို့တောင်ထင်ရပါတယ်နော်။ထိပ်ထိပ်လေးက ပညာရေးကိုလည်း ကြိုးစားသလို မိဘစကားကိုလည်း မြေဝယ်မကျနားထောင်တဲ့သမီးချောလေးပါနော်။ခိုင်သင်းကြည်တို့ဇနီးမောင်နှံကတော့ သမီးလေးကငယ်သေးတဲ့အတွက်ကြောင့် ဇာတ်ကားတွေကိုတော့ မရိုက်ခိုင်းသေးပါဘူးနော်။

ထိပ်ထိပ်လေးရဲ့အလှက ဘိုဆန်ဆန်နဲ့ ကြည့်လေလှလေ အလှတရားပိုင်ရှင်လေးပါနော်။အခုဆိုရင်ဆံနွယ်လေးကလည်း တော်တော်ရှည်နေပြီဖြစ်လို့ ယဉ်စစနဲ့အရမ်းချစ်စရာကောင်းပါတယ်။အခုဆိုရင်တော့ ထိပ်ထိပ်လေးက Connect University ကနေ American University of Yangon(AUY)နာမည်ပြောင်းပွဲကို ဖဲကြိုးဖြတ်ပေးရန်အတွက်တက်ရောက်ခဲ့ပါတယ်နော်။သူမတူတဲ့အလှတရားတွေကိုပိုင်ဆိုင်ထားပြီး အရမ်းချစ်စရာကောင်းနေတဲ့ထိပ်ထိပ်လေး ရဲ့ချစ်စရာပုံရိပ်လေးတွေကိုမျှဝေပေးလိုက်ပါတယ်နော်။

crd : myanmarload

Top
//whoursie.com/4/3018672