Zawgyi
မိန်းမ – ‘ပြောင်ကြီး’ တဲ့
Rowena
Source: Shwe Htoo’s fb
Unicode
ပရိသတ်တွေ ချစ်ကြတဲ့ ရွှေနှစ်ရွှေကတော့ အနုပညာလုပ်ငန်းတွေ လုပ်ကိုငိရင်း သာယာပျော်ရွှင်တဲ့
အိမ်ထောင်သည်ဘဝလေးကို တည်ဆောက်ထားကြတာ ဖြစ်ပါတယ်။ ရွှေထူးနဲ့ ရွှေမှုံရတီက အနုပညာလောကမှာ
အောင်မြင်မှုများစွာ ရရှိနေတဲ့ စုံတွဲလေးဖြစ်ပြီး ပရိသတ်တွေရဲ့ အချစ်တွေကို ပိုင်ဆိုင်ထားကြသူများ ဖြစ်ပါတယ်။
သူတို့နှစ်ယောက်ကလည်း ပရိသတ်တွေအတွက် အနုပညာလုပ်ငန်းတွေကို ပိုမိုလုပ်ကိုင်လျက်ရှိပါတယ်။
တစ်ယောက်နဲ့တစ်ယောက် နားလည်မှုတွေအပြည့်နဲ့ တည်ဆောက်ထားတဲ့ ရွှေထူးနဲ့ ရွှေမှုံရတီက အမြဲတမ်း
စစနောက်နောက်နဲ့ နေတတ်ကြသူတွေမို့ ပရိသတ်တွေက အချစ်ပိုနေရတာ ဖြစ်ပါတယ်။
ရွှေထူးတစ်ယောက် ပုံတင်ချင်လို့ မိန်ူမဆီကနေ Caption တောင်းမိရာမှ ရယ်စရာကောင်းတဲ့ နာမည်ပြောင်
အသစ်တစ်ခု ထပ်တိုးပြီး ရလာခဲ့ပါတယ်။
ရွှေထူးက “ကျွန်တော် – မိန်းမရေ ဒီပုံတင်မလို့ Caption လေးစဉ်းစားပေးပာဦး …
မိန်းမ – ‘ပြောင်ကြီး’ တဲ့
” ဆိုပြီး သူ့ရဲ့ အဖြစ်ကို ပရိသတ်တွေဆီ ဝေမျှထားပါတယ်။
ရွှေထူးနဲ့ ရွှေမှုံရတီကတော့ တစ်ယောက်နဲ့တစ်ယောက် ကြင်နာမှုအပြည့်နဲ့ နှစ်ကိုယ်တည်းဘဝကို
ဖြတ်သန်းနေကြသူများဖြစ်ပါတယ်။ ပရိသတ်ကြီးလဲ ရွှေနှစ်ရွှေကို အားကျနေပြီ ထင်ပါတယ်နော်။ အချိန်ပေးပြီး
ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။
Rowena
Source: Shwe Htoo’s fb