
အနုပညာကို ဝါသနာ ပါလို့ ဝေဖန်မှုတွေကို ကျော်လွှားပြီး အကောင်းဆုံး ကြိုးစားနေတဲ့ ကျော်ကျော်နန္ဒ ကတော့ စိတ်ထားကောင်းသူ တစ်ဦးမို့ ခင်မင်သူတွေ ပေါများတဲ့ အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။
လတ်တလော မှာတော့ ကျော်ကျော်နန္ဒက ခြောက်ခြားထိန့်လန့် ဖွယ်ညများ ဇာတ်လမ်းတွဲကို အနုပညာ ညီအကိုတွေဖြစ်ကြတဲ့ ညီဘွားညီ၊ ဒေးဗစ်ကျော်တို့နဲ့အတူ ချောင်းသာ ကမ်းခြေမှာ အမိုက်စားရိုက်ကူးနေပြီပဲ ဖြစ်ပါတယ်။ ချောင်းသာကမ်းခြေမှာ ဇာတ်လမ်းတွဲရိုက်ကူးရန် ရောက်ရှိနေ ခဲ့တဲ့ ကျော်ကျော်နန္ဒကတော့ အမိုက်စား MTV တစ်ပုဒ် ထွက်ရှိနိုင်ရန်အတွက်ပါ အကောင်းဆုံးကြိုးစားနေတာပဲ ဖြစ်ပါတယ်။
သီချင်းသစ်ထွက် ရှိရန် ရိုက်ကူး ပုံဖော်ပေးနေပြီဖြစ်တဲ့ ကျော်ကျော်နန္ဒရဲ့ အလန်းစားပုံရိပ်လေးတွေနဲ့ ဗီဒီယိုဖိုင်လေးကို မိုမိုလေး ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေ ဖော်ပြပေးလိုက် ပါတယ်နော်။
ကျော်ကျော်နန္ဒ ကတော့ “နှင်းဆီခြွေတဲ့နွေ mtv အမိုက်စားလာမယ်နော်” ဆိုပြီး သူ့ရဲ့ ဖေ့ဘုတ်စာမျက်နှာပေါ်ကနေ ရေးသားဖော်ပြပေးထားခဲ့တာပဲ ဖြစ်ပါတယ်။ ကျော်ကျော်နန္ဒရဲ့ အမိုက်စားပုံရိပ်လေးတွေနဲ့ ဗီဒီယိုဖိုင်လေး ကို ဆက်လက်ပြီး ကြည့်ရှု အားပေးသွားကြပါဦးနော်။
ဝေဖန်ရှုံ့ချသူတွေ ကို မေ့ထားပြီး မလျှော့တဲ့လုံ့လနဲ့ ကြိုးစားနေတဲ့ ကျော်ကျော်နန္ဒကတော့ အခုဆိုရင် အနုပညာသက်တမ်း ၁၀နှစ်ကျော်သွားပြီပဲ ဖြစ်ပါတယ်။ သူကတော့ လတ်တလောမှာ အနုပညာမောင်နှမတွေ နဲ့ အနုပညာအလုပ်တွေ ဆက်တိုက်ပြုလုပ်ဖြစ်နေတာ တွေ့ရပါတယ်။ မိုမိုလေး ချစ်ပရိသတ်တွေလည်း ညီဘွားညီနဲ့ ဒေးဗစ်ကျော်တို့နဲ့အတူ ထိတ်လန့်ခြောက်ခြားသောညများ ဇာတ်လမ်းတွဲကို အမိုက်စား ဒီဇိုင်းသစ်တွေနဲ့ အကောင်းဆုံးသရုပ်ဆောင် ရိုက်ကူးနေပြီဖြစ်တဲ့ ကျော်ကျော်နန္ဒအတွက် ကျေနပ်မိမယ်လို့ ထင်ပါတယ်။ နောက်ထွက်မယ့် “နှင်းဆီခြွေတဲ့နွေ” mtv အတွက် အမိုက်စားရိုက်ကူးထားတဲ့ ပုံရိပ်လေးတွေကို သဘောကျတယ်ဆိုရင် မျှဝေပေးသွားကြဖို့ မမေ့ပါနဲ့နော်။
crd : momolay