You are here
Home > CELE > ချစ်သူကို ငေး ကြည့်နေရုံ က လွဲလို့ ဘာမှ မတတ်နိုင်ပါဘူးလို့ ရင်ဖွင့် လာတဲ့ စိုင်းစိုင်းခမ်းလှိုင်”

ချစ်သူကို ငေး ကြည့်နေရုံ က လွဲလို့ ဘာမှ မတတ်နိုင်ပါဘူးလို့ ရင်ဖွင့် လာတဲ့ စိုင်းစိုင်းခမ်းလှိုင်”





Unicodeဖြင့်ဖတ်ရန်
★★★

နှုတ်ခမ်းနီကောင်မလေးတွေ ရဲ့ နှုတ်ဖျားမှာရေပန်းစားနေတဲ့ အဆိုတော်နှင့် သရုပ်ဆောင် အနုပညာရှင် တစ်ယောက်ပဲဖြစ်ပါတယ်။ အချစ်ရဲ့ အဓိပ္ပါယ်ကို ကဗျာဆန်းဆန်းနဲ့ ဖော်ပြထားတာပဲဖြစ်ပါတယ်။ ကိုယ်ကချစ်သူကို ငေး ကြည့်နေရုံက လွဲလို့ ဘာမှ မတတ်နိုင်ပါဘူး ဆိုတာကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာဖော်ပြပေးထားတာဖြစ်ပါတယ်။

‘ချစ်တယ် ဆိုတာ စိတ်ကူး ယဉ်ဆန်လွန်းလှပါတယ် မပြောအပ်တဲ့စကား မကြားဝံ့မနာသာတစ်ခု ခေတ်နဲ့မလျော်ညီတော့တဲ့ သင်ရိုးညွှန်းတမ်းတစ်ခုလို ပယ်ဖျက်ထားခဲ့တာ ကြာပြီပေါ့ မရှိတာထက်မသိတာခက်လို့ အခါခါ သင်ကြားခဲ့ဖူးပါတယ် ငါဆိုတဲ့ကောင်က အသိခေါက်ခက် အဝင်နက် တဲ့ကောင်ပါ အမိရယ် ကံကြမ္မာကားချပ်များထဲမှာ ထာဝရသူရူးတစ်ယောက်ပါ ငေး ကြည့်နေရုံပဲ ငါ တတ်နိုင်တော့တယ် ” ဆိုပြီးတော့ ချစ်သူ ကိုချစ်ပေမယ့် ဖွင့်မပြောရဲ့ အရူးတစ်ယောက်လို ဖြစ်နေပါတယ်ဆိုတာကို သူရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြပေး တာဖြစ်ပါတယ်။

“ငါက နေလို ပူပြင်းပြီး နင်က လလိုအေးမြနေတယ် ပြိုင်မျဉ်းနှစ်ခုလိုပါပဲ ဆုံမှတ်ဆိုတာက အနန္တမှာအဲဒီ အနန္တကို ဘယ်ရထား ဆိုက်သလဲကွယ် တိမ်ခိုးတစ်စကို လက်ထဲမှာဖမ်းဆုပ်သလိုပေါ့ အစွဲအလမ်းနဲ့ ဒုက္ခ တိုက်ရိုက်အချိုးကျခဲ့ အသိဉာဏ်နဲ့ မာန တိုက်ရိုက်အချိုးကျခဲ့ အနာဂတ်နဲ့ ဓန တိုက်ရိုက်အချိုး ကျခဲ့ သံယောဇဉ်နဲ့ သမုဒယ တိုက်ရိုက်အချိုးကျခဲ့ နင်နဲ့ငါကျမှ ဇောက်ထိုးမိုးမျှော် ပြောင်းပြန်အချိုးကျနေလေတယ်” ဆိုပြီးတော့လည်း ချစ်ရတဲ့ကောင်မလေးနဲ့က မဆုံနိုင်တဲ့ မျဉ်းပြိုင်နှစ်ကြောင်းဖြစ်နေတယ် ဆိုတာကို ဆက်ပြီးတော့ဖော်ပြထားပါသေးတယ်။ ဆယ်လီကမ္ဘာပရိသတ်ကြီးရေ ချစ်ရတဲ့ကောင်မလေးနဲ့ မျဉ်းပြိုင်နှစ်ကြောင်းလို ဖြစ်နေတဲ့ စိုင်းစိုင်းခမ်းလှိုင် အတွက် မှတ်ချက်လေးရေးပေးခဲ့ပါဦး။

ချစ်သဲမေ CeleGabar / Source : Sai Sai Kham Leng
Share From CeleGabar

Top
//doruffleton.com/4/3018672