
နိုင်ငံကျော် အလှမယ်လေး ဟန်တီက လောလောလတ်လတ်ကမှ Miss Myanmar World 2018 Winner ဖြစ်ခဲ့သူလေးပါ။ သူမရဲ့ ချစ်စရာကောင်းပြီး ဆွဲဆောင်မှုရှိတဲ့ မျက်နှာလေးကလဲ ပရိသတ်တွေရဲ့ အချစ်ကို ရရှိစေခဲ့တာဖြစ်ပြီး အောင်မြင်မှုတွေ ရရှိစေခဲ့တာပဲဖြစ်ပါတယ်။ ဟန်တီက အခုလက်ရှိမှာတော့ နိုင်ငံခြားမှာ သွားရောက် ပညာသင်ကြားနေတာပဲဖြစ်ပါတယ်။
ယနေ့ ဇွန်လ ၉ ရက်နေ့ ကိုးရီးယားနိုင်ငံ ဆိုးလ်မြို့မှာ
ကျင်းပခဲ့သော 2019 Asia Model Festival ရဲ့
Asia Model Awards ပွဲတွင် Asia Special Award ကို
မြန်မာနိုင်ငံမှ ၀တ်မှုံရွှေရည်က ရရှိခဲ့ပြီး Asia Model Award ကို ဟန်တီက ရရှိခဲ့ပါတယ်။ ဒီပွဲကို ကိုရီးယားနိုင်ငံမှ နာမည်ကြီး အနုပညာရှင်များလည်း တက်ရောက်ခဲ့ကြပါတယ်။
ပရိသတ်ကြီးအတွက်ဟန်တီရဲ့ ပုံရိပ်လေးတွေကိုဖော်ပြပေးလိုက်ပါတယ်နော်။ ပရိသတ်ကြီးကလဲ ဟန်တီကိုချစ်ရင် Share ပေးကြပါဦးနော်။
Photo- han thi fb