“ေဒြး လို မင္းသား အခုထိ မေပၚေသးဘူး ဆိုတဲ႔ ခ်ိဳျပံဳး …..

ေဒြးဆိုတာကေတာ့ ျမန္မာရုပ္ရွင္ေလာကမွာ သူ႔ေခတ္တေခတ္ေလာက္ကို ျဖစ္ခဲ့တဲ့ သဘာဝမင္းသားတေယာက္ ဆိုတာကိုေတာ့ အားလံုးလည္း သိထားၾကပါတယ္။ ဒါေပမယ့္လည္း ကံမေကာင္းစြာနဲ႔ ေဒြးကေတာ့ အခ်ိန္မလြန္ခင္ ကြယ္လြန္သြားခဲ့တာ ျဖစ္ျပီး

သူလို႔မ်ိဳး မင္းသား သူ႔လိုမ်ိဳး အိုက္တင္ကိုေတာ့ ေတာ္ရံုလိုက္မမွီၾကပါဘူး။ ေဒြးကို ႏွေျမာတဲ့ အႏုပညာရွင္ေတြကေတာ့ အမ်ားျပားရွိျပီး အဲ့ထဲမွာေတာ့ ခ်ိဳျပံဳးလည္းပါပါတယ္။ ခ်ိဳျပံဳးကေတာ့ ေဒြးလို မင္းသားမ်ိဳး အႏုပညာေလာကမွာ ေပၚေတာ့မွာ မဟုတ္ဘူးလို႔ ေျပာၾကားသြားခဲ့ျပီး

ေဒြး ကြယ္လြန္ျခင္း ၁၁ ႏွစ္ျပည့္အမွတ္တရ စကားေျပာၾကားသြား ခဲ့ပါတယ္။ခ်ိဳျပံဳးကေတာ့ mc နဲ႔အင္တာဗ်ဴးတြင္ “ေဒြးက မ်က္လံုးနဲ႔ စကားေျပာတတ္တဲ့ မင္းသားေလ။ သူဆံုးသြားတယ္ဆိုတာကို ယံုေတာင္ မယံုႏိုင္ပါဘူး။

အလုပ္လုပ္တာလည္း စည္းကမ္းရွိပါတယ္။ ကိုသားၾကီးလို မင္းသားကလည္း မေပၚဘူးဆိုတာထက္ လက္ရွိခ်ိန္ထိေတာ့ မေပၚေသးပါဘူး။ တခ်ိန္ခ်ိန္ေတာ့ ေပၚလာမွာပါ။ သူကမ်က္လံုးေလးနဲ႔ပဲ စကားေျပာတယ္။ သူဆံုးသြားတုန္းကမွ ၄၂ ႏွစ္ပဲ ရွိတယ္။

သူ႔သူ အျပင္မွာ ဘယ္လိုပဲ ေပ်ာ္ေအာင္ေနေန အလုပ္မွာေတာ့ စည္းကမ္းရွိပါတယ္။ ကိုေက်ာ္ဟိန္းရဲ့ တူဆိုေတာ့ ကိုေက်ာ္ဟိန္းကလည္း စည္းကမ္းရွိတယ္ေလ။ ကိုသားၾကီးကို လြမ္းဆြတ္တဲ့အထဲမွာ အလုပ္ကို တန္ဖိုးထားျပီး လုပ္တတ္တာေလးေတြကို လြမ္းတယ္။

မွတ္မွတ္ရရ အေမ့ေျခရာ ရိုက္တယ္။ ကားရိုက္ျပီးတာနဲ႔ ေနာက္တကားရိုက္တယ္။ အဲ့ႏွစ္ကားစလံုးကလည္း ရံုကို ေရွ႔ဆင့္ေနာက္ဆင့္တင္တယ္။ အဲ့ဒါကေတာ့ သူနဲ႔ မွတ္မွတ္ရရပါပဲ။ ကိုယ္နဲ႔ခင္တဲ့သူေတြ သာမန္ခင္တဲ့သူေတြ ဆံုးတယ္ဆိုရင္ေတာင္မွ ၃ ရက္ ၄ ရက္ေလာက္ ေၾကကြဲလို႔ မဆံုးပါဘူး။

အခုက်ေတာ့ ကိုယ္အင္မတန္လည္း ခ်စ္ျပီး လက္တြဲလာတဲ့ သားအရင္းလိုမ်ိဳးေနခဲ့တာဆိုေတာ့ ကိုသားၾကီးကုိ ေသတယ္ဆိုတာ တခါတေလမွာ ယံုေတာင္မယံုခ်င္ပါဘူး။အရမ္းကို လြမ္းပါတယ္။ ကိုယ္လည္း ဒီလိုပဲသြားရမွာပဲေလဆိုျပီးေတာ့ ေတြးတယ္။ဒါေပမယ့္လည္း အခ်ိန္မတိုင္ခင္ ေၾကြလြင့္သြားတာကေတာ့ ပုိျပီးခံစားရပါတယ္။

၄၂ ႏွစ္ဆိုတာ ငယ္ပါေသးတယ္။ သူ႔ဘဝမွာတခုခုျဖစ္ဖို႔ အခ်ိန္ဆိုတာ က်န္ပါေသးတယ္။ အဲ့ဒါေတြကိုသူဘာမွ မလုပ္သြားရေသးဘူး။ အဲ့ဒါေတြကို ေၾကကြဲတာပါ။ သူဘာမွမလုပ္သြားခဲ့ရပါဘူး” ဟု ေျပာၾကားသြား ခဲ့ပါတယ္။

credit- pyawchinlonlo

ယူနီကုဒ္ျဖင့္ ဖတ္ရန္

ဒွေးဆိုတာကတော့ မြန်မာရုပ်ရှင်လောကမှာ သူ့ခေတ်တခေတ်လောက်ကို ဖြစ်ခဲ့တဲ့ သဘာဝမင်းသားတယောက် ဆိုတာကိုတော့ အားလုံးလည်း သိထားကြပါတယ်။ ဒါပေမယ့်လည်း ကံမကောင်းစွာနဲ့ ဒွေးကတော့ အချိန်မလွန်ခင် ကွယ်လွန်သွားခဲ့တာ ဖြစ်ပြီး

သူလို့မျိုး မင်းသား သူ့လိုမျိုး အိုက်တင်ကိုတော့ တော်ရုံလိုက်မမှီကြပါဘူး။ ဒွေးကို နှမြောတဲ့ အနုပညာရှင်တွေကတော့ အများပြားရှိပြီး အဲ့ထဲမှာတော့ ချိုပြုံးလည်းပါပါတယ်။ ချိုပြုံးကတော့ ဒွေးလို မင်းသားမျိုး အနုပညာလောကမှာ ပေါ်တော့မှာ မဟုတ်ဘူးလို့ ပြောကြားသွားခဲ့ပြီး

ဒွေး ကွယ်လွန်ခြင်း ၁၁ နှစ်ပြည့်အမှတ်တရ စကားပြောကြားသွား ခဲ့ပါတယ်။ချိုပြုံးကတော့ mc နဲ့အင်တာဗျူးတွင် “ဒွေးက မျက်လုံးနဲ့ စကားပြောတတ်တဲ့ မင်းသားလေ။ သူဆုံးသွားတယ်ဆိုတာကို ယုံတောင် မယုံနိုင်ပါဘူး။

အလုပ်လုပ်တာလည်း စည်းကမ်းရှိပါတယ်။ ကိုသားကြီးလို မင်းသားကလည်း မပေါ်ဘူးဆိုတာထက် လက်ရှိချိန်ထိတော့ မပေါ်သေးပါဘူး။ တချိန်ချိန်တော့ ပေါ်လာမှာပါ။ သူကမျက်လုံးလေးနဲ့ပဲ စကားပြောတယ်။ သူဆုံးသွားတုန်းကမှ ၄၂ နှစ်ပဲ ရှိတယ်။

သူ့သူ အပြင်မှာ ဘယ်လိုပဲ ပျော်အောင်နေနေ အလုပ်မှာတော့ စည်းကမ်းရှိပါတယ်။ ကိုကျော်ဟိန်းရဲ့ တူဆိုတော့ ကိုကျော်ဟိန်းကလည်း စည်းကမ်းရှိတယ်လေ။ ကိုသားကြီးကို လွမ်းဆွတ်တဲ့အထဲမှာ အလုပ်ကို တန်ဖိုးထားပြီး လုပ်တတ်တာလေးတွေကို လွမ်းတယ်။

မှတ်မှတ်ရရ အမေ့ခြေရာ ရိုက်တယ်။ ကားရိုက်ပြီးတာနဲ့ နောက်တကားရိုက်တယ်။ အဲ့နှစ်ကားစလုံးကလည်း ရုံကို ရှေ့ဆင့်နောက်ဆင့်တင်တယ်။ အဲ့ဒါကတော့ သူနဲ့ မှတ်မှတ်ရရပါပဲ။ ကိုယ်နဲ့ခင်တဲ့သူတွေ သာမန်ခင်တဲ့သူတွေ ဆုံးတယ်ဆိုရင်တောင်မှ ၃ ရက် ၄ ရက်လောက် ကြေကွဲလို့ မဆုံးပါဘူး။

အခုကျတော့ ကိုယ်အင်မတန်လည်း ချစ်ပြီး လက်တွဲလာတဲ့ သားအရင်းလိုမျိုးနေခဲ့တာဆိုတော့ ကိုသားကြီးကို သေတယ်ဆိုတာ တခါတလေမှာ ယုံတောင်မယုံချင်ပါဘူး။အရမ်းကို လွမ်းပါတယ်။ ကိုယ်လည်း ဒီလိုပဲသွားရမှာပဲလေဆိုပြီးတော့ တွေးတယ်။ဒါပေမယ့်လည်း အချိန်မတိုင်ခင် ကြွေလွင့်သွားတာကတော့ ပိုပြီးခံစားရပါတယ်။

၄၂ နှစ်ဆိုတာ ငယ်ပါသေးတယ်။ သူ့ဘဝမှာတခုခုဖြစ်ဖို့ အချိန်ဆိုတာ ကျန်ပါသေးတယ်။ အဲ့ဒါတွေကိုသူဘာမှ မလုပ်သွားရသေးဘူး။ အဲ့ဒါတွေကို ကြေကွဲတာပါ။ သူဘာမှမလုပ်သွားခဲ့ရပါဘူး” ဟု ပြောကြားသွား ခဲ့ပါတယ်။

credit- pyawchinlonlo