ပိတ်ရက်လေး မှာ မိသားစု စုံစုံလင်လင်နဲ့ရုပ်ရှင်သွားကြည့်ကြတဲ့ ပြေတီဦး တို့ရဲ့ချစ်စရာ Video လေး …..

ချစ်စရာသား၊သမီးလေး နဲ့ ပျော်ရွှင်စရာ မိသားစုကမ္ဘာလေးကိုဖန်တီး တည်ဆောက်ထားသူတွေကတော့ ပြေတီဦး တို့ဇနီးမောင်နှံပဲ ဖြစ်ပါတယ်။ သူတို့နှစ်ဦးလုံးဟာ မြန်မာနိုင်ငံရဲ့ ထိပ်တန်းအနုပညာရှင် သရုပ်ဆောင်များဖြစ်ကြပါတယ်။ ကျရာဇာတ်ရုပ်များမှာ ပီပြင်စွာသရုပ်ဆောင်နိုင်ကြသူများလည်းဖြစ်ကြပြီး အကယ်ဒမီဆုများစွာလည်း ရရှိထားသူပါ။

သူတို့ နှစ်ယောက်လုံး ဟာ တစ်ယောက် နဲ့ တစ်ယောက်နားလည်မှုတွေနဲ့တစ်ယောက်လက်ကိုတစ်ယောက်တွဲကာ လျှောက်လှမ်းလာကြသည်မှာ အိမ်ထောင်သက်တမ်း(၇)နှစ်ကျော်ကို ဖြတ်သန်းလာခဲ့ပြီပဲ ဖြစ်ပါတယ်။ အူဝဲ တို့မိသားစုလေးကတော့အမြဲကိုပျော်ပျော်ရွှင်ရွှင်နဲ့အေးချမ်းနေတာဖြစ်ပါတယ်။ မိသားစုပုံရိပ်လေးတွေvideoလေးတွေ ကိုတင်ပေးလေ့ရှိပြီးပရိသတ်တွေသာမကအနုပညာညီကိုမောင်နှမအချင်းချင်းတောင်အားကျနေရတာဖြစ်ပါတယ်။

အခုတစ်ခေါက် မှာလည်း မိသားစုဝင်များ နဲ့ပျော်ပျော်ပါးပါး ရုပ်ရှင်သွားကြည့်မယ့်Live Video လေးကို ပြေတီဦးရဲ့လူမှုကွန်ယက်စာမျက်နှာမှာ ဝေမျှထားတာပါ။ လတ်တလော ရုပ်ရှင်ရုံကြီး များတွင် ပြေတီဦးပါဝင်သရုပ်ဆောင်ထားတဲ့ “ Lady Boy ” ဆိုတဲ့ဇာတ်ကားကြီးကို မိသားစုဝင်များကသွားရောက်ကြည့်ရှုဝန်းရံကြတာပဲ ဖြစ်ပါတယ်။ ဒီဗီဒီယိုလေးမှာတော့ သားလေးဖိုးဓီ နဲ့သမီးလေးသုသုတို့ဟာလည်း အရမ်းကိုချစ်ဖို့ကောင်းလွန်းနေတာပဲဖြစ်ပြီး ပြေတီဦးကတော့ မိသားစုဝင်များကိုပျော်ပျော်ရွှင်ရွှင်နဲ့စနောက်နေတာပါ။ ပရိသတ်ကြီးအတွက် ဒီဗီဒီယိုလေးကို တင်ဆက်ပေး လိုက်ပါတယ်နော်။

crd : luckymyanmar