“ခ်စ္ဇနီး ၾကည္လဲ့လဲ့ဦးကို ေမြးေန႔ (Surprise) လုပ္ခဲ့တဲ့ ဇာနည္။”

Zawgyi

ၾကည္လဲ့လဲ့ဦး အတြက္ ခင္ပြန္းျဖစ္သူ ဇာနည္က ေမြးေန႔ Surprise လုပ္ခဲ့တာကို ေတြ႕ရပါတယ္။ သူတို႔ ဇနီးေမာင္ႏွံက အိမ္ေထာင္သက္

၁၅ ႏွစ္ရွိပါၿပီ။ အခုဆိုရင္ ေပ်ာ္႐ႊင္တဲ့ မိသားစုေလးကို ပိုင္ဆိုင္ထားၿပီျဖစ္ပါတယ္။

ဇြန္လ ၁၀ ရက္ေန႔ကေတာ့ သ႐ုပ္ေဆာင္ ၾကည္လဲ့လဲ့ဦးရဲ႕ ေမြးေန႔ျဖစ္ပါတယ္။ သူမရဲ႕ ေမြးေန႔ မတိုင္ခင္မွာလည္း ခင္ပြန္းျဖစ္တဲ့

သ႐ုပ္ေဆာင္ ဇာနည္က အႏုပညာညီအစ္ကိုေတြနဲ႔အတူ ေမြးေန႔ Surprise လုပ္ခဲ့တာကို ေတြ႕ရပါတယ္။

‘’ Happy Birthday မိန္းမေရ။ လိုအင္ဆႏၶေတြအားလုံးျပည့္ဝပါေစ။ မထင္မွတ္ပဲ မေန႔ကေဘာလုံးကြင္းမွာေမြးေန႔အႀကိဳ surprise

လုပ္ေပးတဲ့ ညီေလး Kyaw Naing Oo နဲ႔ ActorStarFc မိသားစုဝင္အားလုံး အမရဲ႕ကိုယ္စားေက်းဇူးပါ’’ ဆိုၿပီးေတာ့ သူ႔ရဲ႕

ေဖ့စ္ဘြတ္စာမ်က္ႏွာမွာ ၁၀ ရက္ေန႔ မနက္ ၇ နာရီေက်ာ္က ဇာနည္ရဲ႕ ေဖ့စ္ဘြတ္မွာ ေရးသားခဲ့တာျဖစ္ပါတယ္။ အမွတ္တရ

ဓာတ္ပုံေတြကိုလည္း တင္ခဲ့တဲ့ အခ်ိန္မွာေတာ့ ၾကည္လဲ့လဲ့ဦးက အရမ္းကို ေပ်ာ္႐ႊင္ေနတာ ေတြ႕ရပါတယ္။

သ႐ုပ္ေဆာင္ ဇာနည္နဲ႔ ၾကည္လဲ့လဲ့ဦးတို႔ဟာ ၂၀၀၄ ခုႏွစ္ ေမလ ၂၂ ရက္ေန႔က ရန္ကုန္ၿမိဳ႕ ဆီဒိုးနားဟိုတယ္မွာ

မဂၤလာပြဲက်င္းပျပဳလုပ္ခဲ့ၾကတာျဖစ္ပါတယ္။ အခုဆိုရင္ေတာ့ အိမ္ေထာင္သက္ ၁၅ ႏွစ္ရွိၿပီျဖစ္ပါတယ္။ ဒီ ၁၅ ႏွစ္အတြင္းမွာလည္း သား ၂

ေယာက္၊ သမီး ၁ ေယာက္ ထြန္းကားခဲ့ပါတယ္။ အခုလက္ရွိမွာေတာ့ သူတို႔ ဇနီးေမာင္ႏွံႏွစ္ေယာက္စလုံးက အႏုပညာအလုပ္ေတြ

သိပ္မလုပ္ျဖစ္ေတာ့ပါဘူး။ ကိုယ္ပိုင္စီးပြားေရးကိုပဲ ဦးေဆာင္ေနၾကသူေတြ ျဖစ္ပါတယ္။

ၾကည္လဲ့လဲ့ဦး နဲ႔ ဇာနည္တို႔ ဇနီးေမာင္ႏွံ ႏွစ္ေယာက္ဟာ တစ္ေခတ္တစ္ခါက ေအာင္ျမင္မႈေတြရရွိခဲ့ၾကတဲ့ သ႐ုပ္ေဆာင္ေတြ ျဖစ္ပါတယ္။

ဇာနည္ ကိုေတာ့ VCD သီခ်င္းေတြမွာ ပါဝင္သ႐ုပ္ေဆာင္ထားတာကေနစၿပီး ပရိသတ္ေတြ သိရွိခဲ့ၾကတာပါ။ အဲဒီေနာက္

႐ုပ္ရွင္ဇာတ္ကား၊ ဗီဒီယို ဇာတ္ကားေတြလည္း ႐ိုက္ကူးထားတာ ေတြ႕ရပါတယ္။

ၾကည္လဲ့လဲ့ဦးကိုေတာ့ အဆိုေတာ္စိုင္းထီးဆိုင္ ရဲ႕ သီခ်င္းအေခြေလးေတြမွာ အမ်ားဆုံး ပါဝင္သ႐ုပ္ေဆာင္လွ်က္ရွိတာကို ပရိသတ္ေတြ

သတိထားမိမွာပါ။ သူမဟာ ဗီဒီယိုဇာတ္ကားေတြ၊ ႐ုပ္ရွင္ဇာတ္ကားေတြ၊ တီဗီေၾကာ္ျငာေတြ အမ်ားႀကီးကိုလည္း ႐ိုက္ကူးခဲ့ဖူးတဲ့ မင္းသမီး

တစ္ေယာက္ျဖစ္ပါတယ္။ ႏႈတ္ခမ္းဖူးဖူးေလးနဲ႔ ခ်စ္စရာေကာင္းတဲ့ ခႏၶာကိုယ္၊ ဆံပင္တိုတိုေလးေတြ အၿမဲထားတတ္သူလည္းျဖစ္ပါတယ္။

credit – celeyatkwat

Unicode

ကြည်လဲ့လဲ့ဦး အတွက် ခင်ပွန်းဖြစ်သူ ဇာနည်က မွေးနေ့ Surprise လုပ်ခဲ့တာကို တွေ့ရပါတယ်။ သူတို့ ဇနီးမောင်နှံက

အိမ်ထောင်သက် ၁၅ နှစ်ရှိပါပြီ။ အခုဆိုရင် ပျော်ရွှင်တဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားပြီဖြစ်ပါတယ်။

ဇွန်လ ၁၀ ရက်နေ့ကတော့ သရုပ်ဆောင် ကြည်လဲ့လဲ့ဦးရဲ့ မွေးနေ့ဖြစ်ပါတယ်။ သူမရဲ့ မွေးနေ့ မတိုင်ခင်မှာလည်း ခင်ပွန်းဖြစ်တဲ့

သရုပ်ဆောင် ဇာနည်က အနုပညာညီအစ်ကိုတွေနဲ့အတူ မွေးနေ့ Surprise လုပ်ခဲ့တာကို တွေ့ရပါတယ်။

‘’ Happy Birthday မိန်းမရေ။ လိုအင်ဆန္ဓတွေအားလုံးပြည့်ဝပါစေ။ မထင်မှတ်ပဲ မနေ့ကဘောလုံးကွင်းမှာမွေးနေ့အကြို surprise

လုပ်ပေးတဲ့ ညီလေး Kyaw Naing Oo နဲ့ ActorStarFc မိသားစုဝင်အားလုံး အမရဲ့ကိုယ်စားကျေးဇူးပါ’’ ဆိုပြီးတော့ သူ့ရဲ့

ဖေ့စ်ဘွတ်စာမျက်နှာမှာ ၁၀ ရက်နေ့ မနက် ၇ နာရီကျော်က ဇာနည်ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။ အမှတ်တရ

ဓာတ်ပုံတွေကိုလည်း တင်ခဲ့တဲ့ အချိန်မှာတော့ ကြည်လဲ့လဲ့ဦးက အရမ်းကို ပျော်ရွှင်နေတာ တွေ့ရပါတယ်။

သရုပ်ဆောင် ဇာနည်နဲ့ ကြည်လဲ့လဲ့ဦးတို့ဟာ ၂၀၀၄ ခုနှစ် မေလ ၂၂ ရက်နေ့က ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်မှာ

မင်္ဂလာပွဲကျင်းပပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ အခုဆိုရင်တော့ အိမ်ထောင်သက် ၁၅ နှစ်ရှိပြီဖြစ်ပါတယ်။ ဒီ ၁၅

နှစ်အတွင်းမှာလည်း သား ၂ ယောက်၊ သမီး ၁ ယောက် ထွန်းကားခဲ့ပါတယ်။ အခုလက်ရှိမှာတော့ သူတို့

ဇနီးမောင်နှံနှစ်ယောက်စလုံးက အနုပညာအလုပ်တွေ သိပ်မလုပ်ဖြစ်တော့ပါဘူး။ ကိုယ်ပိုင်စီးပွားရေးကိုပဲ ဦးဆောင်နေကြသူတွေ

ဖြစ်ပါတယ်။

ကြည်လဲ့လဲ့ဦး နဲ့ ဇာနည်တို့ ဇနီးမောင်နှံ နှစ်ယောက်ဟာ တစ်ခေတ်တစ်ခါက အောင်မြင်မှုတွေရရှိခဲ့ကြတဲ့ သရုပ်ဆောင်တွေ

ဖြစ်ပါတယ်။ ဇာနည် ကိုတော့ VCD သီချင်းတွေမှာ ပါဝင်သရုပ်ဆောင်ထားတာကနေစပြီး ပရိသတ်တွေ သိရှိခဲ့ကြတာပါ။

အဲဒီနောက် ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယို ဇာတ်ကားတွေလည်း ရိုက်ကူးထားတာ တွေ့ရပါတယ်။

ကြည်လဲ့လဲ့ဦးကိုတော့ အဆိုတော်စိုင်းထီးဆိုင် ရဲ့ သီချင်းအခွေလေးတွေမှာ အများဆုံး ပါဝင်သရုပ်ဆောင်လျှက်ရှိတာကို

ပရိသတ်တွေ သတိထားမိမှာပါ။ သူမဟာ ဗီဒီယိုဇာတ်ကားတွေ၊ ရုပ်ရှင်ဇာတ်ကားတွေ၊ တီဗီကြော်ငြာတွေ အများကြီးကိုလည်း

ရိုက်ကူးခဲ့ဖူးတဲ့ မင်းသမီး တစ်ယောက်ဖြစ်ပါတယ်။ နှုတ်ခမ်းဖူးဖူးလေးနဲ့ ချစ်စရာကောင်းတဲ့ ခန္ဓာကိုယ်၊ ဆံပင်တိုတိုလေးတွေ

အမြဲထားတတ်သူလည်းဖြစ်ပါတယ်။

credit – celeyatkwat

Leave a Reply

Your email address will not be published.