ပရိသတ်တွေကြားမှာ စိတ်ဝင်စားမှုမြင့်တက်နေတဲ့ နေတိုးနဲ့ အိန္ဒြာကျော်ဇင်တို့ရဲ့ရိုက်ကွင်းပုံရိပ်တစ်ချို့

အနုပညာလောကမှာ ထူးချွန်ထက်မြက်တဲ့ သရုပ်ဆောင်စွမ်းရည်တွေကို ပိုင်ဆိုင်ထားတဲ့ မင်းသားချော နေတိုးနဲ့ မင်းသမီးချော အိန္ဒြာကျော်ဇင်တို့ကတော့ အောင်မြင်မှုကိုယ်စီ ရရှိထားတဲ့ အနုပညာရှင်နှစ်ဦးပဲ ဖြစ်ပါတယ်။ ထပ်ဆင့်အကယ်ဒမီဆုပိုင်ရှင်တွေဖြစ်ကြတဲ့ သူတို့နှစ်ယောက်က ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ အတွဲညီညီနဲ့ ပါဝင်သရုပ်ဆောင်ခဲ့ကြတာလည်း ဖြစ်ပါတယ်။ မကြာခင်မှာလည်း ပရိသတ်တွေက နေတိုးနဲ့အူဝဲတို့ရဲ့ ရုပ်ရှင်ဇာတ်ကားအသစ်တွေကို ကြည့်ရှုခံစားရတော့မှာ ဖြစ်ပါတယ်။

အခုလတ်တလောမှာလည်း နေတိုး၊ အိန္ဒြာကျော်ဇင်နဲ့ မေတိုးခိုင်တို့ပါဝင်သရုပ်ဆောင်ထားတဲ့ “ရူးအောင်ချစ်မယ့်သူ” ရုပ်ရှင်ဇာတ်ကားကြီးမှ ရိုက်ကွင်းပုံရိပ်တစ်ချို့က ပရိသတ်တွေကြားမှာ အတော်လေးရေပန်းစားနေတာ ဖြစ်ပါတယ်။ သဘာဝကျပြီး ပီပြင်ပြောင်မြောက်လွန်းတဲ့ နေတိုးနဲ့ အူဝဲတို့နှစ်ယောက်ရဲ့ သရုပ်ဆောင်ချက်တွေက ပရိသတ်တွေရဲ့ရင်ကိုထိမှန်စေခဲ့တာပဲ ဖြစ်ပါတယ်။ နေတိုးတို့နှစ်ယောက်က အလွမ်း၊ အဆွေး၊ ပျော်ရွှင်မှုစတဲ့ရသတွေကို တစ်ပြိုင်နက်တည်း ပေါ်လွင်အောင် သရုပ်ဆောင်ထားကြတာ ဖြစ်ပါတယ်။

ဒီဇာတ်ကားထဲမှာတော့ နေတိုးက “ပြာလွင်” ဆိုတဲ့ အမျိုးသားနေရာကနေ သရုပ်ဆောင်ထားပြီး အူဝဲကတော့ “လရိပ်ညို” ဆိုတဲ့ အမျိုးသမီးလေးအဖြစ် သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ ပရိသတ်တွေကတော့ မမြင်တာကြာပြီဖြစ်တဲ့ နေတိုးနဲ့ အူဝဲတို့နှစ်ယောက်ရဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ပိတ်ကားထက်မှာ ကြည့်ရှုနိုင်ဖို့ ရင်ခုန်စောင့်စားနေတာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေကြားမှာ စိတ်ဝင်စားမှုမြင့်တက်နေတဲ့ နေတိုးနဲ့ အူဝဲတို့နှစ်ယောက်ရဲ့ရိုက်ကွင်းပေါ်က ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Pathy Pathy Eaindra Kyaw Zin’s Crazy;credit – myanmarload
Share From Lovely Myanmar