“သာသနာ့ေဘာင္မွာ ေပ်ာ္သေလာက္ ေနသြားမယ္ဆိုတဲ့ စူးရွထက္။”

Zawgyi

လာကီေရးရာမွာ ျပႆနာေတြ ရွင္းေနရတဲ့ စူးရွထက္က သာသနာ့ေဘာင္ထဲ ဝင္ေရာက္ျပီး သီလရွင္ဝတ္နဲ႔ ရွိေနပါတယ္။ ဆရာေလး

ေဆကဝတီအျဖစ္နဲ႔ ဘဝကို ေအးေအးခ်မ္းခ်မ္း ျဖတ္သန္းလိုသူ စူးရွထက္က ေပ်ာ္သေလာက္ဝတ္မယ္လို႔လည္း သိရပါတယ္။ အစၥဏီနဲ႔

ရံုးခ်ိန္းအမႈတြဲေတြ ရွိေနေပမဲ့ ရုတ္တရက္ သီလရွင္ဝတ္ျဖစ္တဲ့ အေၾကာင္းကိုေတာ့ စူးရွထက္က ခုလို ေျပာျပသြားပါတယ္။

“ဆရာေလးရဲ႕ ဒကာမနဲ႔ ဒကာၾကီးက တစ္ေယာက္က တရားစခန္းဝင္တယ္။ တစ္ေယာက္က ဘုန္းၾကီးဝတ္တယ္ဆိုေတာ့ ဆရာေလးက

ခုမွ အားလို႔ ဝတ္ျဖစ္တာပါ။ ေပ်ာ္သေလာက္ဝတ္မယ္။ စိတ္ကူးကေတာ့ အျမဲတမ္း ရွိတယ္။ ဒါေပမဲ့ ဆရာေလး မိသားစုကို ဆရာေလး

ငဲ့ရမယ္။ အခု အဆင္ေျပတဲ့ အခ်ိန္ေလးမွ ဝတ္တာပါ။” လို႔ ဆိုပါတယ္။သီလရွင္ဝတ္ရတဲ့ ခံစားခ်က္ကိုလည္း စူးရွထက္က ခုလို

ေျပာျပသြားပါတယ္။

“ရင္ထဲမွာ ခံစားရတာေတြကို ေျပာခ်င္ေပမဲ့ မေျပာတတ္ဘူးေပါ့ေနာ္။ ပီတိက ရင္ထဲမွာ ကန္႔လန္႔ၾကီး။ ဘယ္လိုမွန္းမသိဘူး။ ဆရာေလး

မေျပာတတ္ဘူး။ အရမ္းေပ်ာ္တယ္ ဆရာေလး လုပ္ႏိုင္ခဲ့လို႔။ ဆရာေလးက အရင္တည္းက တရားပြဲ ရွိရင္ ကိုယ္တတ္ႏိုင္တဲ့

အလွဴလုပ္တယ္။ တရားနာတယ္။ ဒီဟာေတြ လိုက္နာရမယ္ဆိုတာ ဆရာေလး ပိုျပီး အသိတရား ရပါတယ္။” ဆိုျပီး

ေျပာျပသြားပါတယ္။သီလရွင္ဝတ္နဲ႔ ေပ်ာ္သေလာက္ေနျပီး ဝ႗္ေၾကြးေတြဆပ္မယ့္ အေၾကာင္း ခုလို ရင္ဖြင့္သြားပါတယ္။

“ေပ်ာ္သေလာက္ဝတ္မယ္။ ေအးေအးခ်မ္းခ်မ္းေလး ေနခ်င္တယ္။ ငယ္ငယ္တည္းက ရုန္းကန္ရတယ္။ အတိုက္အခိုက္ေတြလည္း

ရွိတယ္ဆိုေတာ့ ဆရာေလး ဒါပါလို႔ လုပ္မျပဘူး။ ဒါေပမဲ့ လူေတာ္ေတာ္မ်ားမ်ားက ေတာ္ေတာ္ေလး အထင္ေသးၾကတယ္။ ဒါေပမဲ့

ျပန္ေတြးၾကည့္ရင္ ဘယ္အရာမွ မျမင္ရဘူး။ ဝ႗္ေၾကြး ရွိတယ္ေပါ့ေနာ္။ ရွိရင္လည္း ေက်ပါေစလို႔ ဆုေတာင္းတယ္။” လို႔

ဆိုပါတယ္။ေျပာခ်င္လြန္းလို႔ ပရိသတ္ၾကီးကေရာ ဆရာေလးအတြက္ သာဓုေခၚမွာလား။

Unicode

လာကီရေးရာမှာ ပြဿနာတွေ ရှင်းနေရတဲ့ စူးရှထက်က သာသနာ့ဘောင်ထဲ ဝင်ရောက်ပြီး သီလရှင်ဝတ်နဲ့ ရှိနေပါတယ်။

ဆရာလေး ဆေကဝတီအဖြစ်နဲ့ ဘဝကို အေးအေးချမ်းချမ်း ဖြတ်သန်းလိုသူ စူးရှထက်က ပျော်သလောက်ဝတ်မယ်လို့လည်း

သိရပါတယ်။ အစ္စဏီနဲ့ ရုံးချိန်းအမှုတွဲတွေ ရှိနေပေမဲ့ ရုတ်တရက် သီလရှင်ဝတ်ဖြစ်တဲ့ အကြောင်းကိုတော့ စူးရှထက်က ခုလို

ပြောပြသွားပါတယ်။

“ဆရာလေးရဲ့ ဒကာမနဲ့ ဒကာကြီးက တစ်ယောက်က တရားစခန်းဝင်တယ်။ တစ်ယောက်က ဘုန်းကြီးဝတ်တယ်ဆိုတော့

ဆရာလေးက ခုမှ အားလို့ ဝတ်ဖြစ်တာပါ။ ပျော်သလောက်ဝတ်မယ်။ စိတ်ကူးကတော့ အမြဲတမ်း ရှိတယ်။ ဒါပေမဲ့ ဆရာလေး

မိသားစုကို ဆရာလေး ငဲ့ရမယ်။ အခု အဆင်ပြေတဲ့ အချိန်လေးမှ ဝတ်တာပါ။” လို့ ဆိုပါတယ်။သီလရှင်ဝတ်ရတဲ့ ခံစားချက်ကိုလည်း

စူးရှထက်က ခုလို ပြောပြသွားပါတယ်။

“ရင်ထဲမှာ ခံစားရတာတွေကို ပြောချင်ပေမဲ့ မပြောတတ်ဘူးပေါ့နော်။ ပီတိက ရင်ထဲမှာ ကန့်လန့်ကြီး။ ဘယ်လိုမှန်းမသိဘူး။

ဆရာလေး မပြောတတ်ဘူး။ အရမ်းပျော်တယ် ဆရာလေး လုပ်နိုင်ခဲ့လို့။ ဆရာလေးက အရင်တည်းက တရားပွဲ ရှိရင်

ကိုယ်တတ်နိုင်တဲ့ အလှူလုပ်တယ်။ တရားနာတယ်။ ဒီဟာတွေ လိုက်နာရမယ်ဆိုတာ ဆရာလေး ပိုပြီး အသိတရား ရပါတယ်။” ဆိုပြီး

ပြောပြသွားပါတယ်။သီလရှင်ဝတ်နဲ့ ပျော်သလောက်နေပြီး ဝဋ္ဋ်ကြွေးတွေဆပ်မယ့် အကြောင်း ခုလို ရင်ဖွင့်သွားပါတယ်။

“ပျော်သလောက်ဝတ်မယ်။ အေးအေးချမ်းချမ်းလေး နေချင်တယ်။ ငယ်ငယ်တည်းက ရုန်းကန်ရတယ်။ အတိုက်အခိုက်တွေလည်း

ရှိတယ်ဆိုတော့ ဆရာလေး ဒါပါလို့ လုပ်မပြဘူး။ ဒါပေမဲ့ လူတော်တော်များများက တော်တော်လေး အထင်သေးကြတယ်။ ဒါပေမဲ့

ပြန်တွေးကြည့်ရင် ဘယ်အရာမှ မမြင်ရဘူး။ ဝဋ္ဋ်ကြွေး ရှိတယ်ပေါ့နော်။ ရှိရင်လည်း ကျေပါစေလို့ ဆုတောင်းတယ်။” လို့

ဆိုပါတယ်။ပြောချင်လွန်းလို့ ပရိသတ်ကြီးကရော ဆရာလေးအတွက် သာဓုခေါ်မှာလား။

Leave a Reply

Your email address will not be published.