You are here
Home > Facebook သတင္းစံု > “ေက်ာက္မဲၿမိဳ႕ကဇြဲေကာင္းတဲ ႔ေက်ာင္းသူေလး ယခုနွစ္ ၁၀ တန္းစာေမးပြဲေအာင္သြားပါၿပီ။”

“ေက်ာက္မဲၿမိဳ႕ကဇြဲေကာင္းတဲ ႔ေက်ာင္းသူေလး ယခုနွစ္ ၁၀ တန္းစာေမးပြဲေအာင္သြားပါၿပီ။”

Zawgyi

ေက်ာက္မဲၿမိဳ႕ကဇြဲေကာင္းခဲ႔တဲ႔ေက်ာင္းသူေလး ယခုနွစ္ ၁၀ တန္းစာေမးပြဲေအာင္သြားပါၿပီ

အဲဒီေက်ာင္းသူေလးကေတာ့ မအင္ၾကင္းခိုင္လို႔ေခၚၿပီး အရပ္က ၃ ေပေလာက္ဘဲရွိတဲ႔သမီးငယ္ေလးပါ ဆယ္တန္းစာေမးပြဲကို

ေလးႏွစ္ေျမာက္ေျဖဆိုၿပီးမွယခုႏွစ္မွာ ခုံနံပါတ္ရမ-၁၀၇၉ ျဖင့္ ေအာင္ျမင္ခဲ႔သူေလးပါ

 

ယခုလိုဆယ္တန္းစာေမးပြဲေအာင္သြားတာနဲ႔ပါတ္သက္လို႔သူမ၏မိခင္ေဒၚညြန္႔ညြန္႔မ်ဳိးက

“” သမီးေလးဒီႏွစ္ဆယ္တန္းေအာင္တယ္ဆိုတဲ႔အေၾကာင္းသူ႔ဆရာမေတြဖုန္းဆက္လာေတာ့

ဖုန္းကိုင္ထားတဲ႔လက္ေတြေတာင္တုန္ေနၿပီးအရမ္းကိုဝမ္းသာသြားတာ

သမီးေလးဆယ္တန္းေအာင္သြားတာထီေပါက္သလိုကိုဝမ္းသာတယ္ သမီးကဆယ္တန္းကိုမေအာင္မခ်င္းေျဖမွာလို႔ေျပာခဲ႔ဘူးတယ္

အခုေတာ့စတုတၲႏွစ္ေျမာက္မွာေအာင္ခဲ႔ပါတယ္ “”

 

ဟုေျပာသည္ ။ဆက္လက္၍၎က

“” သမီးကတကၠသုိလ္ဆက္တက္မွာပါ အေဝးသင္မဟုတ္ဘဲေက်ာင္းတက္မွာပါ ယခုေလာေလာဆယ္ေတာ့

ကြန္ပ်ဴတာသင္တန္းတက္ေနပါတယ္ “”

ဟုေျပာသည္ ။

ယခုအခါသမီးေလးမအင္ၾကင္းခိုင္မွာအသက္ ၂၀ ႏွစ္ျပည့္ေတာ့မွာျဖစ္ၿပီး ဆယ္တန္းေအာင္ျမင္ဖို႔အရမ္းႀကိဳးစားခဲ႔ရသူျဖစ္ပါသည္ ။

အရပ္ပုလြန္းသူေလးျဖစ္တာေၾကာင့္ေက်ာင္းတက္တဲ႔အခ်ိန္မွာစာေရးတာကအစ ခက္ခက္ခဲခဲႀကိဳးစားခဲ႔ရသူေလးပါ

တစ္နွစ္ၿပီးတစ္နွစ္သူ႔ရဲ႕သူငယ္ခ်င္းေတြ တစ္ေယာက္ၿပီးတစ္ေယာက္ေအာင္ျမင္သြားခဲ႔ေပမဲ႔လဲ

သူမဟာစိတ္ဓါတ္မက်ဘဲစာေမးပြဲဆက္ေျဖခဲ႔ရာမွာ ယခုစတုတၳႏွစ္ေျမာက္မွာေတာ့ သူမရဲ႕ရည္မွန္းခ်က္ေတြျပည့္ဝခဲ႔ပါၿပီ

ဒီႏွစ္ဆယ္တန္းမေအာင္လို႔စိတ္ညစ္ေနၾကတဲ႔ေက်ာင္းသူ/ေက်ာင္းသားေလးေတြ သမီးေလး မအင္ၾကင္းခိုင္လိုဘဲ

အသည္းေကာင္းေကာင္း ဇြဲေကာင္းေကာင္းနဲ႔ဆက္ႀကိဳးစားၾကဖို႔တိုက္တြန္းအားေပးလိုက္ပါတယ္

မဂၤလာထြန္း ( ေက်ာက္မဲ )
Unicode ျဖင့္ဖတ္ရန္
ကျောက်မဲမြို့ကဇွဲကောင်းခဲ့တဲ့ကျောင်းသူလေး ယခုနှစ် ၁၀ တန်းစာမေးပွဲအောင်သွားပါပြီ

အဲဒီကျောင်းသူလေးကတော့ မအင်ကြင်းခိုင်လို့ခေါ်ပြီး အရပ်က ၃ ပေလောက်ဘဲရှိတဲ့သမီးငယ်လေးပါဆယ်တန်းစာမေးပွဲကို

လေးနှစ်မြောက်ဖြေဆိုပြီးမှယခုနှစ်မှာ ခုံနံပါတ်ရမ-၁၀၇၉ ဖြင့် အောင်မြင်ခဲ့သူလေးပါ

 

ယခုလိုဆယ်တန်းစာမေးပွဲအောင်သွားတာနဲ့ပါတ်သက်လို့သူမ၏မိခင်ဒေါ်ညွန့်ညွန့်မျိုးက

“” သမီးလေးဒီနှစ်ဆယ်တန်းအောင်တယ်ဆိုတဲ့အကြောင်းသူ့ဆရာမတွေဖုန်းဆက်လာတော့

ဖုန်းကိုင်ထားတဲ့လက်တွေတောင်တုန်နေပြီးအရမ်းကိုဝမ်းသာသွားတာ

သမီးလေးဆယ်တန်းအောင်သွားတာထီပေါက်သလိုကိုဝမ်းသာတယ် သမီးကဆယ်တန်းကိုမအောင်မချင်းဖြေမှာလို့ပြောခဲ့ဘူးတယ်

အခုတော့စတုတ္တနှစ်မြောက်မှာအောင်ခဲ့ပါတယ် “” ဟုပြောသည် ။ဆက်လက်၍၎င်းက

“” သမီးကတက္ကသိုလ်ဆက်တက်မှာပါ အဝေးသင်မဟုတ်ဘဲကျောင်းတက်မှာပါ ယခုလောလောဆယ်တော့

ကွန်ပျူတာသင်တန်းတက်နေပါတယ် “”

 

ဟုပြောသည် ။ ယခုအခါသမီးလေးမအင်ကြင်းခိုင်မှာအသက် ၂၀ နှစ်ပြည့်တော့မှာဖြစ်ပြီး

ဆယ်တန်းအောင်မြင်ဖို့အရမ်းကြိုးစားခဲ့ရသူဖြစ်ပါသည် ။

အရပ်ပုလွန်းသူလေးဖြစ်တာကြောင့်ကျောင်းတက်တဲ့အချိန်မှာစာရေးတာကအစ ခက်ခက်ခဲခဲကြိုးစားခဲ့ရသူလေးပါ

တစ်နှစ်ပြီးတစ်နှစ်သူ့ရဲ့သူငယ်ချင်းတွေ တစ်ယောက်ပြီးတစ်ယောက်အောင်မြင်သွားခဲ့ပေမဲ့လဲ

သူမဟာစိတ်ဓါတ်မကျဘဲစာမေးပွဲဆက်ဖြေခဲ့ရာမှာ ယခုစတုတၳနှစ်မြောက်မှာတော့ သူမရဲ့ရည်မှန်းချက်တွေပြည့်ဝခဲ့ပါပြီ

ဒီနှစ်ဆယ်တန်းမအောင်လို့စိတ်ညစ်နေကြတဲ့ကျောင်းသူ/ကျောင်းသားလေးတွေ သမီးလေး မအင်ကြင်းခိုင်လိုဘဲ

အသည်းကောင်းကောင်း ဇွဲကောင်းကောင်းနဲ့ဆက်ကြိုးစားကြဖို့တိုက်တွန်းအားပေးလိုက်ပါတယ်

မင်္ဂလာထွန်း ( ကျောက်မဲ )

Leave a Reply

Top
//potsaglu.net/4/3018672