ဆယ်တန်းအောင်ခဲ့တဲ့ ကျောင်းသား၊ကျောင်သူလေးတွေကို ချစ်စဖွယ်ဂုဏ်ပြုစကားဆိုလိုက်တဲ့ ရွှေကစ်လေးရဲ့ TikTok Video

အကယ်ဒမီသရုပ်ဆောင် မင်းသမီး အကယ်ဒမီ ဝတ်မှုံရွှေရည် ကတော့ပရိသတ်တွေ သည်းသည်းလှုပ် ချစ်ခင်အားပေးရတဲ့ နိုင်ငံကျော် သရုပ်ဆောင်မင်းသမီးတစ်ဦးပဲ ဖြစ်ပါတယ်။ ကိုရီးယားမလေးလို ရုပ်သွင်ကိုပိုင်ဆိုင်ထားပြီး အရွယ်နဲ့မလိုက်အောင်နုဖတ်ကာ ချစ်စရာကောင်း သူမကတော့ ခိုင်မာတဲ့ပရိသတ်ထုကြီးကို ပိုင်ဆိုင်ထားသူလေးလည်း ဖြစ်ပါတယ်။

ချစ်စရာကောင်းပြီး ဖြူစင်တဲ့အပြုံးလေးတွေကြောင့် ပရိသတ်တွေ လူကြီးလူငယ်မရွေး အားပေးနှစ်သက်ကြတာပဲ ဖြစ်ပါတယ်။ ရွှေကစ်ဟာ မြန်မာ့သရုပ်ဆောင်အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုကို ၂၀၁၃ခုနစ်မှာပိုင်ဆိုင်ခဲ့ပြီး ထပ်မံ မြန်မာ့သရုပ်ဆောင်အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆုကိုလည်း ၂၀၁၄ မှာထပ်မံပိုင်ဆိုင်ထားတဲ့ထူးချွန်တဲ့ အနုပညာသမားတစ်ဦးဆိုလည်းမမှားပါဘူးနော်။

လတ်တလောမှာတော့တက္ကသိုလ်ဝင်စာမေးပွဲ(၂၀၁၈ – ၂၀၁၉ ) ခုနစ်အောင်စာရင်းကို မနေ့က ၈.၆.၂၀၁၉ မှာ ကျောင်းသားကျောင်းသူတွေ သိရှိခဲ့ကြတာပဲဖစ်ပါတယ်။ ကျောင်းသားကျောင်းသူတွေရဲ့ ဘဝတစ်ခုရဲ့ တစ်ဆစ်ချိုးလို့ဆိုရမယ့် အထိမ်းအမှတ်တစ်ခုဆိုလည်းမမှားပါဘူးနော်။ အောင်မြင်တဲ့သူတွေရှိသလိုကျရှုံးတဲ့သူများလည်းရှိခဲ့ ကြပြီး ဝမ်းနည်းဝမ်းသာ ဖြစ်မှုတွေ ခံစားခဲ့ ကြရတာက ကျောင်းသားကျောင်သူတွေသာမက မိဘတွေလည်း အပါအဝင်ပဲ ဖြစ်ပါတယ်။

အောင်မြင်ခဲ့တဲ့ကျောင်းသားကျောင်းသူတွေကို ရွှေကစ်လေးက TikTok Video လေးနဲ့ချစ်စဖွယ်ဂုဏ်ပြုစကားဆိုလိုက်တာပဲ ဖြစ်ပါတယ်။” Hello ဆယ်တန်းစာမေးပွဲအောင်တဲ့ကလေးတွေအားလုံးအတွက်ဝမ်းသာပါတယ်။ Congratulation ” ဆိုပြီး ချစ်စဖွယ်အမူအရာလေးနဲ့ ပြောခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးရော ချစ်စရာကောင်းတဲ့ ရွှေကစ်ရဲ့ ဗီဒီယိုလေးကိုကြည့်ပြီး သဘောကျရင်မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။

Video ကြည့်ရန်

Source : Wutt Hmone Shwe Yi