Zawgyi
Credit-momolay
Unicode
အဆိုတော်ရွှေထူးနဲ့ မင်းသမီးချောလေး ရွှေမှုံရတီတို့နှစ်ဦးကတော့တစ်ဦးကိုတစ်ဦး နက်နက်ရှိုင်းရှိုင်း ချစ်မိသွားခဲ့ကြတာမို့
ပျော်ရွှင်ကြည်နူးစရာကောင်းတဲ့ အိမ်ထောင်ရေးတစ်ခုကို အတူပုံဖော်နေကြတာပါ။
လတ်တလောမှာတော့ ရွှေထူးက အိမ်ထောင်သက်တမ်း ၇လပြည့်လေးမှာ အရမ်းစိတ်ကောက်တတ်တဲ့ ချစ်ဇနီးချောလေးကို
အရင်ကထက် ပိုပြီး အလိုလိုက်မယ်ဆိုပြီး ကတိပေးတဲ့အကြောင်းကို လူမှုကွန်ယက်မှာ တင်ထားတာ တွေ့ရပါတယ်။
အရမ်းစိတ်ကောက်တတ်တဲ့ ဇနီးချောလေး ရွှေမှုံနဲ့ ဇနီးလေးပျော်အောင် အမြဲစဉ်းစားနေတဲ့ ချစ်တတ်လွန်းသူကြီး
ရွှေထူးတို့ရဲ့အိမ်ထောင်ရေးကတော့ အရမ်းကို ကြည်နူးဖို့ကောင်းလှပါတယ်နော်။
မိုမိုလေးချစ်ပရိသတ်တွေအတွက် စိတ်ကောက်တတ်လွန်းတဲ့ ဇနီးသည်ကို အိမ်ထောင်သက်တမ်း ၇ လပြည့်မှာ အရင်ကထက်ပိုပြီး
ကောက်သမျှကို ဖြောင့်ပေးနိုင်အောင်ဆက်ကြိုးစားဦးမယ်ဆိုတဲ့ ရွှေထူးရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။
ရွှေထူးကတော့ “မသိဘူးကောက်မယ်ဆိုတဲ့ ဇနီးချောလေးရေ … အရမ်းချစ်တယ် … ဘာလိုလိုနဲ့အိမ်ထောင်သက် ၇ လရှိသွားပြီ …
အရင်ထက်ပိုပြီး ကောက်သမျှကို ဖြောင့်ပေးနိုင်အောင်ဆက်ကြိုးစားပာဦးမယ်ဗျာ ” ဆိုပြီး ချစ်ဇနီးလေးကို အရမ်းချစ်ကြောင်း
ပေါ်လွင်နေတဲ့ Ro ဆန်ဆန် စာသားလေးနဲ့ အိမ်ထောင်သက်တမ်း ၇ လပြည့်မှာ ထုတ်ပြောလာတာပါ။
စိတ်ကောက်နေတဲ့ ရွှေမှုံလေးကို အမြဲလိုက်ချော့နေရတဲ့ ချစ်တတ်လွန်းသူကြီး ရွှေထူး..။
ရွှေထူးရဲ့စာလေးကိုတော့ ရွှေမှုံလေးက “ချစ်တယ်ယောကျာ်းရေ ဆက်ကောက်မှာနော်” ဆိုပြီး စိတ်ကောက်တာတော့
မလျှော့နိုင်တဲ့အကြောင်း ချစ်စဖွယ်လေး ရေးသားထားပါသေးတယ်။
ရွှေမှုံရတီလေးကတော့ ပြီးခဲ့တဲ့ အောက်တိုဘာလ ၃၀ရက်နေ့က ချစ်သူနဲ့ လက်ထပ်လက်မှတ်ထိုးခဲ့ပြီး နိုဝင်ဘာလ
၁၁ရက်နေ့ညမှာ မင်္ဂလာပွဲ ကျင်းပခဲ့တာပါ။အနုပညာမှာ ပါရမီပါပြီး ထူးချွန်တဲ့ရွှေနှစ်ရွှေကတော့ မတူညီတဲ့ နယ်ပယ်တွေမှာ
ကိုယ်စီအောင်မြင်မှုတွေကို ပိုင်ဆိုင်ထားကြတာပဲ ဖြစ်ပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း ရွှေထူးနဲ့
ရွှေမှုံရတီတို့ဇနီးမောင်နှံနှစ်ဦး အိမ်ထောင်သက်တမ်း ၇ လမှစပြီး နောင်လာမယ့် ရတုအဆက်ဆက်အထိ
သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ကြပါဦးနော်။
Credit-momolay