Zawgyi
Unicode
ပရိသတ်ကြီးရေ…အကယ်ဒမီခန့်စည်သူကတော့ ဟာသဇာတ်ကားလေးတွေ နဲ့
ပရိသတ်တွေရဲ့အမောကိုပြေအောင်လုပ်ဆောင်ပေးနိုင်စွမ်းရှိတဲ့ မင်းသားကြီးတစ်လက်ပါနော်။
ခန့်စည်သူကတော့ အနုပညာလောကထဲမှာကျင်လည်ခဲ့တဲ့ သက်တမ်းက အချိန်အတိုင်းအတာတစ်ခုထိကြာမြင့်နေပြီဖြစ်လို့
သူ့ရဲ့သရုပ်ဆောင်ချက်အိုင်တင်တွေကတော့ ပိုပိုပြီးကောင်းလာသလို ပရိသတ်တွေအကြိုက်နဲ့လည်း ထပ်တူညီပါတယ်နော်။
ခန့်စည်သူကတော့ လက်ရှိမှာလည်း အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေသလို မေတ္တာသင်္ဂဟအဖွဲ့
ရန်ကုန်၊မန္တလေး ဆိုပြီး အလင်းပြကောင်းကင်ပရဟိတအဖွဲ့ကိုလည်း ဖွဲ့စည်းထားပါသေးတယ်နော်။
ခန့်စည်သူကတော့ စိတ်စေတနာကောင်းပြီး တစ်ပါးသူအပေါ်ကူညီရိုင်းပင်းတတ်သူဖြစ်လို့ တတ်နိုင်သလောက်ကိုအချိန်မရွေး
နေရာမရွေး အမြဲတမ်းကူညီနေတာဖြစ်ပါတယ်။
ခန့်စည်သူက ယနေ့ကျရောက်တဲ့မွေးနေ့အတွက် “ကျောက်ပန်းတောင်းဘိုးဘွားရိပ်သာဖြစ်မြောက်ရေးအဖွဲ့အတွက်လိုအပ်နေသော
စက်ရေတွင်းကိုမေတ္တာသင်္ဂဟအဖွဲ့ကိုယ်စားလှူဒါန်း၍ ရေကန်ကို ယနေ့ကျရောက်သော မွေးနေ့အထိမ်းအမှတ်အဖြစ်
(၂၅)သိန်းလှူဒါန်းခဲ့ပါတယ်။
လှူဒါန်းမှုအစုစုတို့အား (၇)ရက်သား၊သမီးအပေါင်းတို့ကို မျှဝေပါတယ်။ သာဓုခေါ်ဆိုနိုင်ကြပါစေခင်ဗျာ။” ဆိုပြီး
သူ့ရဲ့မွေးနေ့အလှူပုံရိပ်လေးကို မျှဝေလိုက်ပါတယ်နော်။