“ေက်ာက္ပန္းေတာင္းၿမိဳ႕နယ္ ဘိုးဘြားရိပ္သာျဖစ္ေျမာက္ေရး ေမြးေန႔အထိမ္းအမွတ္အျဖစ္ (၂၅)သိန္းလွဴဒါန္းခဲ့ပါတယ္လို႔ ဆိုလာတဲ့ ခန႔္စည္သူ”

သူကေတာ့ ေအာင္ျမင္ေနတဲ့ ဝါရင့္အႏုပညာရွင္ေတြထဲက တစ္ေယာက္အပါအဝင္ပဲျဖစ္ပါတယ္။ ဒီေန႔ကေတာ့ ခန႔္စည္သူရဲ႕ ေမြးေန႔ေလး ျဖစ္ၿပီးေတာ့ ေကာင္းမႈကုသိုလ္ေတြ ျပဳလုပ္ေနတာပဲျဖစ္ပါတယ္။အဲဒီအထဲကမွ ေက်ာက္ပန္းေတာင္းၿမိဳ႕နယ္ ဘိုးဘြားရိပ္သာျဖစ္ေျမာက္ေရး ေမြးေန႔အထိမ္းအမွတ္အျဖစ္ (၂၅)သိန္းလွဴဒါန္းခဲ့ပါတယ္ဆိုတာကို သူရဲ႕ လူမႈကြန္ရက္စာမ်က္ႏွာမွာေဖာ္ျပထားတာျဖစ္ပါတယ္။

“ေက်ာက္ပန္းေတာင္းၿမိဳ႕နယ္ ဘိုးဘြားရိပ္သာျဖစ္ေျမာက္ေရးအဖြဲ႕အတြက္လိုအပ္ေနေသာစက္ေရတြင္းကိုေမတၱာသဂၤဟအဖြဲ႕ကိုယ္စားလွဴဒါန္း၍ ေရကန္ကို ယေန႔က်ေရာက္ေသာ ေမြးေန႔အထိမ္းအမွတ္အျဖစ္ (၂၅)သိန္းလွဴဒါန္းခဲ့ပါတယ္။လွဴဒါန္းမႈအစုစုတို႔အား (၇)ရက္သား၊သမီးအေပါင္းတို႔ကို မွ်ေဝပါတယ္။သာဓုေခၚဆိုႏိုင္ၾကပါေစခင္ဗ်ာ” ဆိုၿပီးေတာ့ သူလႉခဲ့တဲ့ အလွဴအတြက္ (၇)ရက္သား၊သမီးအေပါင္းတို႔ အတြက္သာဓုေခၚဆိုႏိုင္ေအာင္ မွ်ေဝေပးထားတာျဖစ္ပါတယ္။

ေမတၱာသဂၤဟအဖြဲ႕ေလးကိုေတာ့ ခန႔္စည္သူအပါအဝင္ အႏုပညာရွင္ ညီအကို ေမာင္ႏွမေတြနဲ႔အတူ တည္ေထာင္ထားတာျဖစ္ပါတယ္။ အဲအဖြဲ႕ေလက ေရရွားပါးေသာေဒသေတြမွာ ေရတြင္းေရကန္ေတြကို လိုက္ၿပီးေတာ့ တည္ေဆာက္ေပးၿပီးေတာ့ ပတ္ဝန္းက်င္အတြက္ အရိပ္ရအပင္ေတြကိုလည္း စိုက္ပ်ိဳးေပးတဲ့ အဖြဲ႕ေလးလည္းျဖစ္ပါတယ္။ဆယ္လီကမာၻပရိသတ္ႀကီးေရ ခန္႕စည္သူရဲ႕ ေမြးေန႕အလွဴအတြက္ မွတ္ခ်က္ေလးေရးေပးခဲ့ပါဦး။

ခ်စ္သဲေမ CeleGabar / Source : Kyaw Soe Win

ယူနီကုတ္ျဖင့္ဖတ္ရန္

ကျောက်ပန်းတောင်းမြို့နယ် ဘိုးဘွားရိပ်သာဖြစ်မြောက်ရေး မွေးနေ့အထိမ်းအမှတ်အဖြစ် (၂၅)သိန်းလှူဒါန်းခဲ့ပါတယ်လို့ ဆိုလာတဲ့ ခန့်စည်သူ

သူကတော့ အောင်မြင်နေတဲ့ ဝါရင့်အနုပညာရှင်တွေထဲက တစ်ယောက်အပါအဝင်ပဲဖြစ်ပါတယ်။ ဒီနေ့ကတော့ ခန့်စည်သူရဲ့ မွေးနေ့လေး ဖြစ်ပြီးတော့ ကောင်းမှုကုသိုလ်တွေ ပြုလုပ်နေတာပဲဖြစ်ပါတယ်။အဲဒီအထဲကမှ ကျောက်ပန်းတောင်းမြို့နယ် ဘိုးဘွားရိပ်သာဖြစ်မြောက်ရေး မွေးနေ့အထိမ်းအမှတ်အဖြစ် (၂၅)သိန်းလှူဒါန်းခဲ့ပါတယ်ဆိုတာကို သူရဲ့ လူမှုကွန်ရက်စာမျက်နှာမှာဖော်ပြထားတာဖြစ်ပါတယ်။

“ကျောက်ပန်းတောင်းမြို့နယ် ဘိုးဘွားရိပ်သာဖြစ်မြောက်ရေးအဖွဲ့အတွက်လိုအပ်နေသောစက်ရေတွင်းကိုမေတ္တာသင်္ဂဟအဖွဲ့ကိုယ်စားလှူဒါန်း၍ ရေကန်ကို ယနေ့ကျရောက်သော မွေးနေ့အထိမ်းအမှတ်အဖြစ် (၂၅)သိန်းလှူဒါန်းခဲ့ပါတယ်။လှူဒါန်းမှုအစုစုတို့အား (၇)ရက်သား၊သမီးအပေါင်းတို့ကို မျှဝေပါတယ်။သာဓုခေါ်ဆိုနိုင်ကြပါစေခင်ဗျာ” ဆိုပြီးတော့ သူလှူခဲ့တဲ့ အလှူအတွက် (၇)ရက်သား၊သမီးအပေါင်းတို့ အတွက်သာဓုခေါ်ဆိုနိုင်အောင် မျှဝေပေးထားတာဖြစ်ပါတယ်။

မေတ္တာသင်္ဂဟအဖွဲ့လေးကိုတော့ ခန့်စည်သူအပါအဝင် အနုပညာရှင် ညီအကို မောင်နှမတွေနဲ့အတူ တည်ထောင်ထားတာဖြစ်ပါတယ်။ အဲအဖွဲ့လေက ရေရှားပါးသောဒေသတွေမှာ ရေတွင်းရေကန်တွေကို လိုက်ပြီးတော့ တည်ဆောက်ပေးပြီးတော့ ပတ်ဝန်းကျင်အတွက် အရိပ်ရအပင်တွေကိုလည်း စိုက်ပျိုးပေးတဲ့ အဖွဲ့လေးလည်းဖြစ်ပါတယ်။ဆယ်လီကမ္ဘာပရိသတ်ကြီးရေ ခန့်စည်သူရဲ့ မွေးနေ့အလှူအတွက် မှတ်ချက်လေးရေးပေးခဲ့ပါဦး။
ချစ်သဲမေ CeleGabar / Source : Kyaw Soe Win