You are here
Home > CELE > နိုင်ငံခြားသားတွေကြားမှာ ရဲရင့်ထက်မြက်တဲ့အမျိုးသမီးတစ်ဦးအဖြစ် ခေါင်းမော့ရင်ကော့စွာ ပြောဆိုဆက်ဆံနေတဲ့ ဇင်သဲနိုင်

နိုင်ငံခြားသားတွေကြားမှာ ရဲရင့်ထက်မြက်တဲ့အမျိုးသမီးတစ်ဦးအဖြစ် ခေါင်းမော့ရင်ကော့စွာ ပြောဆိုဆက်ဆံနေတဲ့ ဇင်သဲနိုင်

သရုပ်ဆောင် မင်းသားချော ပိုင်ဇေရဲထွန်းက လက်ရှိမှာ အိမ်ထောင်ကျပြီး အနုပညာအလုပ်တွေကို ရပ်နားထားပေမယ့် ပရိသတ်တွေရဲ့အားပေးမှုကို ဆက်လက်ရရှိထားတဲ့ အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။ ဒါ့အပြင် ပိုင်ဇေရဲထွန်းရဲ့ ဇနီးချောလေး ဇင်သဲနိုင်ကလည်း မင်းသမီးတစ်ယောက်လို ချောမောလှပလွန်းတဲ့အပြင် ထက်မြက်တဲ့အရည်အချင်းတွေကိုလည်း ပိုင်ဆိုင်ထားတာကြောင့် ပရိသတ်တွေက သူမကိုပါ ချစ်ခင်အားပေးနေကြတာ ဖြစ်ပါတယ်။

“Art & J Myanmar” ဆိုတဲ့ ကျောက်မျက်ရတနာဆိုင်ကို ဖွင့်လှစ်တည်ထောင်ထားတဲ့ ပိုင်ဇေရဲထွန်းရဲ့ဇနီးချောလေး ဇင်သဲနိုင်က အရည်အချင်းရှိတဲ့ စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးတစ်ဦးပဲ ဖြစ်ပါတယ်။ အခုလည်း ဇင်သဲနိုင်က ဥရောပနိုင်ငံတွေကို ခရီးထွက်ပြီး ” Women Leaders 2019 ” ပွဲကို တက်ရောက်နေရတာ ဖြစ်ပါတယ်။ ဇင်သဲနိုင်ရဲ့ဘေးမှာတော့ ခင်ပွန်းဖြစ်တဲ့ ပိုင်ဇေရဲထွန်းက အနောက်ကလိုက်ပြီး လိုအပ်သမျှဖြည့်ဆည်းပေးနေတာ ဖြစ်ပါတယ်။

 

အခုလည်း ဇင်သဲနိုင်က ” ချစ်တဲ့မြန်မာနိုင်ငံကို သတင်းကောင်းလေးသယ်ဆောင်လာနိုင်ဖို့မျှော်လင့်ပါတယ်။ မတူညီတဲ့စီးပွားရေးနယ်ပယ်မှာ အောင်မြင်စွာရပ်တည်နေကြသော ချစ်ရတဲ့ Myanmar Women Leaders 2019 Program ရဲ့ ညီအမများ ” ဆိုပြီး လတ်တလော လှုပ်ရှားမှုပုံလေးတွေကို တင်ပေးထားပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် နိုင်ငံခြားသားတွေကြားမှာ ရဲရင့်ထက်မြက်စွာ ပြောဆိုဆက်ဆံနေတဲ့ ပိုင်ဇေရဲထွန်းရဲ့ဇနီးချောလေး ဇင်သဲနိုင်ရဲ့ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Zin Thae Naing;credit – myanmarload

Top
//intorterraon.com/4/3018672