
ပရိသတ်ကြီးရေ အကယ်ဒမီမို့မို့မြင့်အောင်ကတော့ တစ်ခေတ်တစ်ခါတည်းက အနုပညာအလုပ်တွေကိုလုပ်ကိုင်ခဲ့ပြီး ပရိသတ်တွေရဲ့ချစ်ခြင်းမေတ္တာတွေများစွာကို ရရှိခဲ့ပါတယ်နော်။မို့မို့မြင့်အောင်ကတော့ အပြစ်ပြောစရာမရှိအောင် အရမ်းလှတဲ့သူတစ်ယောက်ဖြစ်ပြီး အေးချမ်းတဲ့မျက်နှာပိုင်ရှင်လေးဖြစ်လို့ ပရိသတ်တွေရဲ့ချီးကျူးမှုတွေကိုလည်း ရရှိခဲ့ပါတယ်။အခုဆိုရင်တော့ မို့မို့မြင့်အောင်က သူမရဲ့ မင်းသမီးဘဝဇာတ်ကြောင်းလေးကို အောက်ပါအတိုင်းပြောပြထားပါတယ်နော်။
“[မင်းသမီးမဖြစ်သေးခင်]၁၆-၁၇ နှစ် အရွယ်က ပိုစတာပုံလေးတင်ပေးလိုက်ပါတယ် အဲ့ဒီပိုစတာလေး အကြောင်းပြောပြမယ်နော် သိပြီးသူတွေကသိကြမှာပါ နှောင်း ကလေးတွေ သိအောင်ပြောပြပါ့မယ်။မဂ္ဂဇင် cover တွေရိုက် fashion show တွေတက် တဲ့အချိန်ဘဲရှိပါသေးတယ်။ရုပ်ရှင်လဲမရိုက်ရသေးဘူး သီချင်းလဲမဆိုသေးဘူး ဒါပေမဲ့မင်းသားကြီး မြင့်အောင်သမီး မို့မို့မြင့်အောင်ပရိသတ်ကလှတယ်လို့အသိအမှတ်ပြုခံရပါတယ်။တစ်ရက်မှာ JAPANESEPHOTOGRAPHER တစ်ယောက် နဲ့စကားပြန်တစ်ယောက်ရောက်လာပြီးအလှဓါတ်ပုံရိုက်ခြင်လို့ခွင့်လာတောင်းတယ်။
၂နှစ်လောက်နေတော့မြန်မာပြည်ထဲကို ဘန်ကောက်နယ်စပ်ကတဆင့်ဝငိလာပါလေရော။ကိုယ့်ပုံတောင်သူများလာပေးမှစတွေ့ဘူးတော့တာဘဲ။အဲ့ဒီအချိန်တုံးက မြန်မာပြည်မှာပထမဦးဆုံး နိုင်ငံခြားကcolourseparationထုတ်တဲ့ပိုစတာပါဘဲ။ နယ်စပ်မှာ အရောင်းရဆုံးပိုစတာပေါ့။အောင်မြင်တော့လဲမြန်မာပြည်ရဲ့စာပေစစ်ဆေးရေးက ခေါ်တောင်းအစစ်ခံရတယ်။ တော်သေးတာပေါ့ ကိုယ်က ဘာငွေကြေးမှ ဘာလက်ဆောင်မှ လက်မခံခဲ့တော့ရှင်းတာပေါ့လေ။ပိုစတာ မျက်နှာကဘာမာယာမှမရှိသေးတဲ့ innocent မျက်နှာပေးပါ”ဆိုပြီးရေးသားထားပါတယ်နော်။
credit – myanmarload