အသက် ၁၁၄ နှစ်ရှိပြီဖြစ်တဲ့ ဖိုးဖိုးရဲ့ လျှို့ဝှက်အစားအစာများ

အသက်ရှည်ကျန်းမာခြင်းဆိုတာက တော့ တကယ့်ကို လောကကြီးပေးထားတဲ့ လက်ဆောင်မွန်လက်ဆောင်ကောင်းကြီးတစ်ခုပါပဲ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းဖြစ်တဲ့ WHO(World Health Organization) ရဲ့အဆိုအရ လူတွေဟာ ပျမ်းမျှအသက်၇၅နှစ်မှာပဲ သေဆုံးကုန်ကြတယ်လို့ဆိုထားပါတယ်။အသက်၁၀၀တန်းရောက်နေတဲ့လူတွေကတော့တော်တော်ရှားပါးတဲ့ လူတွေပါ။ အဲ့ဒီလိုအရွယ်ရောက်နေတဲ့ လူတွေဆီမှာလဲ ကိုယ်ပိုင်လေ့လာကျင့်သုံးနေတဲ့ နေထိုင်မှုပုံစံတွေသီးသန့်ရှိကြပါတယ်။ အဲ့ဒီလို သက်တော်ရှည် ဘဘတစ်ယောက်ကရဲ့အသက်ရှည်စေတဲ့နည်းလမ်းတစ်ခုဖြစ်တဲ့ အစားစာ(၅)ခုကိုပြောပြထားပါတယ်။ သူပြောပြထားတဲ့အစားစာ(၅)မျိုးကို ပြောချင်လွန်းလို့ပရိသတ်ကြီးသိအောင်ပြောပြပေးလိုက်ပါတယ်။

၅.သစ်ကြံပိုးခေါက်

သစ်ကြံပိုးခေါက် အရာရှိတဲ့ အစားစာတစ်ခုတင်မဟုတ်ပဲ ဆေးဘက်ဝင်တဲ့အာနိသင်တွေအများကြီး ပါဝင်နေတယ်လို့လဲသိရပါတယ်။ နှလုံးရောဂါ၊ ကင်ဆာ၊ နဲ့အခြား ဘက်တီရီးယားနဲ့မှိုတွေကနေတစ်ဆင့် ဖြစ်နိုင်တဲ့ရောဂါတွေကိုကာကွယ်ပေးပါတယ်။ HIV ဗိုင်းရပ်စ်ကိုတောင် တိုက်ခိုက်ပေးနိုင်တယ်ဆိုပြီးတော့တောင်ပြောစမှတ်ပြုကြပါတယ်။

၎.ချောကလက်

ချောကလက်ကိုစားသုံးခြင်းကလည်း ကျွန်ုပ်တို့ ကျန်းမာရေးကို အထောက်အကူဖြစ်စေပါတယ်။ ချောကလက်ပါက ကောင်းကျိုးပေးတဲ့အချက်လက်တွေများစွာရှိပါတယ်။ အဲ့တာတွေကဘာတွေလည်းဆိုတော့ ကိုလက်စထရော ဓာတ်ကိုပုံမှန်ဖြစ်အောင်ထိန်းပေးထားခြင်း နဲ့ စိတ်ဖိစီးမှုများလာတဲ့အခါလျော့ကျစေနိုင်တာတွေဖြစ်ပါတယ်။

၃.ကြက်သွန်ဖြူ

ကြက်သွန်ဖြူက အယ်လ်ဇိုင်းမားရောဂါတွေနဲ့ ဦးနှောက်အာရုံကြောဆိုင်ရာ ရောဂါတွေကို ကာကွယ်ပေးတယ်လို့သိရပါတယ်။ အဲ့တာတွေအပြင် ကျန်းမာရေး အပြောင်းအလဲအတွက်တော်တော်အသုံးဝင်တယ်လို့ကိုဆိုထားပါတယ်။ တကယ်လို့ခင်ဗျားဟာ ကြက်သွန်ဖြူမကြိုက်တဲ့သူဖြစ်ခဲ့ရင်တောင်ဒီစာကိုဖတ်ပြီး မီးဖိုချောင်ထဲကိုသွားပြီး ကြက်သွန်ဖြူကိုရှာပါလိမ့်မယ်။

၎. ပျားရည်

ပျားရည်က ပျားထွက်ပစ္စည်းတစ်ခုဖြစ်ပြီး ဆေးဝါးအထောက်အပံ့ပစ္စည်းတစ်ခုအနေနဲ့ အသုံးပြလာတာနှစ်၅၀၀လောက်ရှိပါပြီ။ ပျားရည်က သဘာဝနည်းလမ်းနဲ့ကုသမှုပြုလုပ်ခြင်းတွေမှာအတော်အထောက်အကူဖြစ်စေတဲ့ဓာတ်တွေဖြစ်တဲ့ ပိုးသတ်ခြင်း ၊ ဘတ်တီးရီးယားများတိုက်ဖျက်ခြင်းစတဲ့ဂုဏ်သတ္တိတွေပါဝင်ပါတယ်.။ တချို့လူတွေဆိုရင်အလှပရေးရာတွေမှာတောင်မှ အသုံးပြုနေကြပါပြီ။

၅.သံလွင်ဆီ

သံလွင်ဆီကလည်း ကျွန်ုပ်တို့ကျန်းမာရေးအတွက်ကောင်းမွန်တဲ့ သဘာဝထွက်ကုန်တစ်ခုအဖြစ်ရှိနေပါတယ်။ သံလွင်ဆီမှာပါဝင်တဲ့ သဘာဓာတ်အပေါင်းစုတွေက ကျွန်ုပ်တို့ ခန္ဒာကိုယ် ကျန်းမာသန်စွမ်းမှုနဲ့ဦးနှောက်ဖွံ့ဖြိုးအတွက်အသုံးဝင်တယ်လို့ပြောထားပါတယ်။ နောက်ပြီးတော့ကင်ဆာဖြစ်နိုင်ချေကိုလည်းလျောချနိုင်တဲ့စွမ်းအင်ရှိပါတယ်။

Share From Lovely Myanmar